အစိုးရ၊ တပ်မတော်တို့နှင့် ဆွေးနွေးလိုသော မြောက်ပိုင်း ၃ ဖွဲ့ကို ကြိုဆိုကြောင်း ငြိမ်းချမ်းရေးကော်မရှင် ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အစိုးရ၊ တပ်မတော်တို့နှင့် ဆွေးနွေးလိုသော မြောက်ပိုင်း ၃ ဖွဲ့ကို ကြိုဆိုကြောင်း ငြိမ်းချမ်းရေးကော်မရှင် ထုတ်ပြန်


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ပြည်တွင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်၍ အစိုးရ၊ တပ်မတော်တို့နှင့် ဆွေနွေးကာ နိုင်ငံရေး နည်းလမ်းဖြင့် ပြည်တွင်းငြိမ်းချမ်း ရေးဖြစ်စဉ်တွင် ပါဝင်မည်ဟု ထုတ်ပြန်ကြေညာလိုက်သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ၃ ဖွဲ့အား ကြိုဆိုကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်က ဒီဇင်ဘာလ ၁၂ ရက် တွင် သဘောထား ကြေညာချက်တစ စောင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
အဆိုပါထုတ်ပြန်ကြေညာချက်တွင် ကော်မရှင်အနေဖြင့် အဆိုပါ မြန် မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းပလောင် လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့် တပ်မတော်(AA)တို့နှင့် တစ်ဖွဲ့ချင်း စီအလိုက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူစာချုပ် (Bilateral Ceasefire Agreement) ချုပ်ဆိုနိုင် ရန် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA)တွင် မပါဝင်သေးသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ် ကြောင်း ဖော်ပြပါရှိသည်။
.
မြန်မာအမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ် မြောက်ရေး တပ်မတော်(TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အ နေဖြင့် ငြိမ်းချမ်းရေး အမြန်ရရှိရန်၊ ကောင်းမွန်သည့် ငြိမ်းချမ်းရေး အခင်း အကျင်းကို ရရှိရန်အတွက် စစ်ပွဲများ ရပ်တန့်ပြီး နိုင်ငံရေးနည်းဖြင့် ဖြေရှင်း နိုင်ရန် ကြိုးပမ်းမည်ဟု ယင်းအဖွဲ့ ၃ ခုမှ ဒီဇင်ဘာလ ၁၂ က ထုတ် ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
.
တိုင်းရင်းသားလက်နက်ကိုင် အ ဖွဲ့ ၃ ခု၏ ထုတ်ပြန်ကြေညာစာတွင် စစ်ရေးနည်းလမ်းဖြင့် နိုင်ငံရေး ပြဿနာကို အကျေအလည် ဖြေရှင်းရန် မဖြစ်နိုင်ခဲ့ကြောင်းကို မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇ဝ ကျော် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများက သက်သေပြခဲ့ပြီးဖြစ်သဖြင့် ငြိမ်းချမ်းရေး အား ဆောလျင်စွာဖော်ဆောင်နိုင်ရန်နှင့် ကောင်းမွန်သော ငြိမ်းချမ်းရေး အခင်းအကျင်းကို ဖန်တီးနိုင် ရန်အတွက် စစ်ရေးဆိုင်ရာဆောင် ရွက်မှုများကို ဦးစွာရပ်တန့်ကာ စစ် ရေးနည်းလမ်းမှအပ နိုင်ငံရေး နည်း လမ်းအရ ဆောင်ရွက်ရန်ဆန္ဒရှိပြီး မြန်မာ့တပ်မတော်ဘက်မှလည်း စစ် ပွဲများ ချုပ်ငြိမ်းစေရန်ဆောင်ရွက် မည်ဟု မျှော်လင့်ပါသည်ဟု ဖော်ပြ ပါရှိသည်။
.
လက်ရှိဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခနှင့် နိုင်ငံရေးပြဿနာများကို အဆိုပါအဖွဲ့ ၃ ခုက နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ တွေ့ဆုံဆွေး နွေးမှုများမှတစ်ဆင့် ဖြေရှင်းနိုင်ရန် ဆန္ဒရှိနေပြီး ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် ပါဝင်လာနိုင်ရန်အတွက် FPNCC ၏ တိုက်တွန်းမှုဖြင့် တ ရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းစီစဉ်ပေး မှုများအရ ငြိမ်းချမ်းရေးကော်မရှင် (PC)နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်း မှုများ ဆက်လက်ဆောင်ရွက်လျက် ရှိသည်ဟု ယင်းထုတ်ပြန်စာတွင် ဖော်ပြထားသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats