တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်အတွင်းရှိ ဇီဇဝါလမ်းအား ရပ်ကွက်နေ ပြည်သူများမှ ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းခင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်အတွင်းရှိ ဇီဇဝါလမ်းအား ရပ်ကွက်နေ ပြည်သူများမှ ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းခင်း


ဇွဲလေး၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်ရှိ ဇီဇဝါလမ်း မှာ ဆိုးရွားစွာ ပျက်စီးနေမှုကြောင့် ရပ်ကွက်နေ ပြည်သူများမှ ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် ငွေကျပ်သိန်း ၄ဝ အကုန်အကျခံကာ ကတ္တရာခင်း ပြု ပြင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ဒီ ဇင်ဘာလ ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
.
 
.
''လမ်းက လုံးဝကို ယိုယွင်းပျက်စီး နေတာ ကြာပါပြီ။ သက်ဆိုင်ရာက လည်း လာရောက်ပြုပြင်ပေးခြင်း မရှိ ခဲ့လို့ အလှူရှင်တစ်ဦးရဲ့ မတည်ငွေ တွေ၊ ရပ်ကွက်နေ ပြည်သူတွေရဲ့ ထည့်ဝင်ငွေနဲ့ ကတ္တရာခင်းခြင်း လုပ် ငန်း ပြုပြင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါ တယ်။ ဒီလမ်းအပြင် ရပ်ကွက်အတွင်း မှာ ပျက်စီးနေတဲ့ လမ်းတွေလည်းအ များကြီး ပြုပြင်ဖို့ လိုအပ်နေတာ ကြောင့် သက်ဆိုင်ရာကနေ လာ ရောက်ပြုပြင်ပေးဖို့ ရပ်ကွက်နေ ပြည် သူတွေက မျှော်လင့်နေပါတယ်''ဟု ချမ်းသာရပ်ကွက်နေ ဦးသာလစ်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ လမ်းအား နိုဝင်ဘာလ ၂၇ ရက်မှ စတင်၍ ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်တွင် အပြီးသတ် ပြုပြင်ဆောင် ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းလမ်းအား ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပထမဆုံး အကြိမ်ပြုပြင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော ၁ဝ နှစ်ခန့်က စည်ပင်သာယာရေးဌာ နမှ လာရောက်ပြုပြင်ပေးခဲ့ပြီးသည့် နောက်ပိုင်း ထပ်မံပြုပြင်ပေးခြင်း မရှိ ခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက် ရှိ ဇီဇဝါလမ်းအပြင် အခြားသော မြို့ ပေါ်ရပ်ကွက်များရှိ လမ်းများမှာလည်း ပျက်စီးမှုများ ရှိနေသဖြင့် သက်ဆိုင် ရာမှ ပြုပြင်ပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့သည် ရှမ်းပြည် နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ ပြည်နယ် ၏ မြို့တော် ဖြစ်သော်လည်း မြို့ တွင်းလမ်း အများစုမှာ ပျက်စီးယို ယွင်းမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး အ ဓိကလမ်းမကြီး ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်းလမ်းမကြီးနှင့် ပြည်နယ် အစိုးရ၊ ပြည်နယ်လွှတ်တော်ရုံးတည် ရှိရာရာ နေရာဝန်းကျင်မှ လမ်းများမှ အပ ကျန်လမ်းအများစုမှာ ပျက်စီး နေခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats