ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ရွှေဥယျာဉ်လက်ဘက်ရည်ဆိုင်အနီး ဗိုလ်ချုပ်လမ်းမပေါ်နှင့်
မယ်ခေါင်ရပ်ကွက် တို့၌ မူးယစ်ဆေးဝါး ရောင်းချသူနှင့် သုံးစွဲသူ အမျိုးသား နှစ်ဦးနှင့်
အမျိုးသမီး တစ်ဦးတို့ကို ဒီဇင်ဘာ ၇ ရက် ညနေ ၅ နာရီကျော်က အမှုဖွင့် အရေးယူဆောင် ရွက်ထားကြောင်း
မူးယစ်တပ်ဖွဲ့စုမှ သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ
တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၇ ရက်နေ့လည် ၁ နာရီအချိန်ခန့်တွင်
သက်သေများနှင့် အတူ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ရွှေဥယျာဉ်လက်ဘက်ဆိုင်အနီး
ဗိုလ်ချုပ်လမ်းမပေါ်တွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် အာခါဈေးဘက်မှ ရွှေဥယျာဉ်လက်ဘက်ရည်ဆိုင်ဘက်သို့
တူးတူး မောင်းနှင်ပြီး နောက်တွင် မနာပိုရှီး လိုက်ပါလာ သည့် Wavi-i(110) အမျိုးအစား ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေခဲ့ရာ
WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂၀၀၀ ပြား၊ အလေးချိန် ၂၀၀ ဂရမ်ခန့်၊ ဒေသတန်ဖိုး
ကျပ်သိန်း ၂၀၊ oppo လက်ကိုင်ဖုန်း တစ်လုံးနှင့် ထိုင်းဘတ်ငွေရောရာ ၅၀၀၀ ဘတ်တို့အား
တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်စဉ်
သက်သေများရှေ့ ထွက်ဆိုချက်အရ ၄င်းသည် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက် အမှတ်(မခ-ခ/၁၇၈)၊
အခန်းအမှတ်(၇)တွင် သူငယ်ချင်းဖြစ်သူ ရဲမင်းထွန်းနှင့်အတူ အခန်းငှားနေထိုင်ကြောင်း သိရှိရသဖြင့်
၎င်းတို့ငှါးရမ်းနေထိုင်သည့် အခန်းအား ၀င်ရောက်ရှာဖွေရာ တူးတူးနှင့် အတူ အခန်းငှားနေထိုင်သည့်
ရဲမင်းထွန်းအား အခန်းအတွင်း အသင့်တွေ့ရှိပြီး ဆက်လက်ရှာဖွေရာ WY စာတမ်းပါ လိမ္မော်ရောင်
စိတ်ကြွဆေးပြား ၁၃ ပြား၊ အလေးချိန် ၁ ဒသမ ၃ ဂရမ်ခန့်၊ ဒေသတန်ဖိုး ၁၃၀၀၀ ကျပ်ခန့်၊ စိတ်ကြွဆေးပြား
သုံးစွဲရာတွင် အသုံးပြုသည့် ခဲ့ပြားစ တစ်ခုနှင့် oppo လက်ကိုင်ဖုန်း တစ်လုံးတို့အား
ထပ်မံ တွေ့ရှိ သိမ်းဆည်းရမိသည်။
.
သို့ဖြစ်၍
စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ တူးတူး၊ နာပိုရှီးနှင့် ရဲမင်းထွန်း တို့အား
တာချီလိတ် မြို့မရဲစခန်း တွင် အမှုဖွင့် အရေးယူဆောင် ရွက်ထားကြောင်း သိရသည်။
.
.
.
#KBZTai
#Shan