မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားကို ၂ဝ၁၉ ခုနှစ်၊ နှစ်သစ်ကူးနေ့တွင် အချိန်တိုးမြှင့်ဖွင့်လှစ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, December 31, 2018

မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားကို ၂ဝ၁၉ ခုနှစ်၊ နှစ်သစ်ကူးနေ့တွင် အချိန်တိုးမြှင့်ဖွင့်လှစ်



မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားကို ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့မှ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးကာလတွင် နံနက် ၂ နာရီအချိန်ထိ တိုးမြှင့်ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရသည်။
.
.
''ပုံမှန် တံတားပိတ်ချိန်က မြန်မာစံတော်ချိန်ည ၈ နာရီခွဲပါ၊ နှစ်သစ်ကူးကာလ ဒီနှစ် ၂ ရက်ကိုတော့ နံနက် ၂ နာရီအချိန်ထိ တိုးမြှင့် ဖွင့်လှစ်သွားမှာပါ၊ နှစ်နိုင်ငံ ပြည်သူများ အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးအဖွဲ့ရဲ့ ခွင့်ပြုချက်ဖြင့် တံတားပိတ်ချိန်ကို တိုးမြှင့်ပေးခြင်းဖြစ်ပါတယ်''ဟု ခရိုင်စီမံခန့်ခွဲမှု ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
၂ဝ၁၉ ခုနှစ် နှစ်သစ်အခါသမယတွင် တိုးတက်ကျယ်ပြန့်လာသည့် စီးပွားရေး အနေအထားများနှင့် အများပြည်သူ ခရီးသွားလာလည်ပတ်ကြရာ၌ အထောက်အကူ ဖြစ်စေရန်အတွက် တာချီလိတ်ရှိ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား ဖွင့်ချိန်/ပိတ်ချိန်အား ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ထိ မြန်မာစံတော်ချိန် နံနက် ၆ နာရီမှ နောက်နေ့ နံနက် ၂ နာရီထိ တိုးမြှင့်ပေးခြင်းဖြစ်သည်။
.
''လုံခြုံရေးအပိုင်းကတော့ တံတားမှာ ကျွန်တော်တို့စီက ရဲတပ်ဖွဲ့က ည ၈ နာရီခွဲအထိတော့ လုံခြုံရေးယူရတယ်ပေါ့၊ နှစ်သစ်မှာ တံတားပိတ်ချိန်ကို တိုးမြှင့်လိုက် တော့ ရဲတပ်ဖွဲ့အပြင်၊ ကျန်တဲ့အဖွဲ့ဝင်ဖြစ်တဲ့ လဝက၊ အကောက်ခွန် ဌာနတွေလည်းရှိကြမှာပါ''ဟု တာချီလိတ်မြို့မခေတ္တ စခန်းမှူး ရဲအုပ် ကိုကိုဦးက ပြောသည်။
.
ယင်းသို့ တံတားပိတ်ချိန် တိုးမြှင့်ပေးခြင်းမှ နှစ်သစ်ကူးပွဲတော်ကို နှစ်နိုင်ငံပြည်သူများ အတူတကွ ပူးတွဲလျှက် ပျော်ရွှင်စွာ ဆင်နွဲနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ တောင်ကြီးမြို့၏ စာအမှတ်၊ ၁၆၆ဝ၆/၆-၃၆၂/အစရ(ရှမ်း)ဖြင့် ခွင့်ပြုချက်အရ တံတားပိတ်ချိန်ကို တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
.

Recent Tube