မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင်
ကိုယ့်အား ကိုယ်ကိုးဖြင့် ရေအားလျှပ်စစ်မီး ပေး နေသည့် လုပ်ငန်းအား ယခုထက် ပို မိုကောင်းမွန်သည့်
လျှပ်စစ်အား ရရှိ ရေးအတွက် အစိုးရထံ အပ်နှံလုပ်ကိုင် သွားလိုကြောင်း မိုင်းတုံမြို့
ကိုယ့်အား ကိုယ်ကိုး ရေအားလျှပ်စစ် မီးပေးရေး ကော်မတီထံမှ သိရသည်။
.
.
အဆိုပါ ကိစ္စရပ်အား မိုင်းတုံမြို့၊ ပိဋကတ်တိုက်ကျောင်းတွင် နိုဝင်ဘာ
လ ၂၈ ရက်က ပြုလုပ်သည့် အစည်း အဝေးတွင် တက်ရောက်လာသော မီး သုံးစွဲသူ ဒေသခံ ၂၅ဝ ဦးကျော်က
သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ် ကြောင်း ကော်မတီအဖွဲ့ဝင် ဖြစ်သူ နောင်ပါရင်ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးစိုင်းမတ်က ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။
''ကော်မတီအနေနဲ့ လုပ်ငန်းပိုင်း ဆိုင်ရာမှာ အကြီးစား ပြင်ဆင်မှုတွေ
လုပ်ဆောင်နေပေမယ့် ရေရှည်မှာ မ တတ်နိုင်တော့တဲ့ အခြေအနေကို မြို့ နယ်အုပ်ချုပ်ရေးပိုင်းကို
တင်ပြထား တာ ရှိပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက လိုအပ်တဲ့ငွေထုတ် ပေးရင်
ဘယ်လိုတာဝန်ယူနိုင်မလဲဆို တာမှာ တာဝန်ခံနိုင်မယ့် အခြေအနေ မရှိတာကို တင်ပြတော့ အစိုးရထံအပ်
နှံဖို့ လမ်းညွှန်ချက်ပေးခဲ့တာကို လူထု သဘောထား ဆန္ဒခံယူမှု ပြုလုပ်ခဲ့ကြ တာ ဖြစ်ပါတယ်။
လူထုကို လက်ရှိ အခြေအနေအားလုံး ရှင်းပြခဲ့လို့ တက် ရောက်ခဲ့တဲ့သူတွေကိုလည်း လိုက်လံ
ရှင်းပြပေးခဲ့ပြီး ကန့်ကွက်သူ မရှိ ကြောင်း သိရပါတယ်။ ကန့်ကွက်တဲ့ သူရှိရင်လဲ လွတ်လပ်ပွင့်လင်းစွာတင်
ပြနိုင်ကြောင်းကို လူထုထံ သတင်းစ ကား ဖြန့်ဝေထားပါတယ်''ဟု ဦးစိုင်း မတ်က ပြောသည်။
.
မိုင်းတုံတွင် မီတာခ တစ်ယူနစ်ကို ၁ဝဝ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိရာ
တစ်လလျှင် ငွေကျပ်သိန်း ၂ဝ ခန့် ရရှိသော်လည်း ဆည်ပြို၍ ပြန် လည် တည်ဆောက်ရန် ကုန်ကျမည့်
ငွေကျပ်သိန်း ၇၇ဝ ကို ကောက်ခံငွေ များမှ သုံးစွဲရန် တတ်နိုင်စွမ်း မရှိ ကြောင်းလည်း
သိရသည်။
.
ထို့အပြင် မီးအားပေးစက် သက် တမ်းများမှာလည်း ၁ဝ နှစ်ခန့် ရှိလာ
ပြီ ဖြစ်သဖြင့် စွမ်းအားများ ကျဆင်း လာနေကာ မမျှော်မှန်းနိုင်သည့် သ ဘာဝဘေးအန္တရာယ်
တစ်ခုခုကြောင့် ဖြစ်စေ၊ အခြားအန္တရာယ်များကြောင့် ဖြစ်စေ ပျက်စီးပါက မြို့အနေနှင့် မည်
သို့မျှ တတ်နိုင်စွမ်း မရှိသဖြင့် ယခုလို အစိုးရထံ တင်ပြရခြင်း ဖြစ်ကြောင်း ဦးစိုင်းမတ်က
ဆက်လက် ပြောကြား ခဲ့သည်။
.
''အစိုးရ အနေနဲ့ကတော့ အ ကောင်းဆုံး လုပ်ဆောင် ပေးနိုင်ဖို့ လမ်းညွှန်ပါတယ်။
လူထုသဘောတူ ပြီးရင်တော့ တစ်ဦးချင်း သဘောတူ ကြောင်း လက်မှတ်ရေးထိုးစာတွေနဲ့ အမှုတွဲ
တည်ဆောက်ပြီး မြို့နယ်အ ဆင့်အနေနဲ့ တင်ပြသွားဖို့ ရှိပါတယ်။ အစိုးရက လက်ခံပြီဆိုရင်
ကော်မတီ အဖွဲ့တွေနဲ့ လက်ရှိအနေအထား၊ အ ခြေအနေကို စစ်ဆေးပြီး အချက်အ လက် အသေးစိတ်နဲ့
ထပ်မံတင်ပြ သွားမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဆိုရင်တော့ ၂၄ နာရီ မီးပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်
ပေးနိုင်စွမ်းရှိမှာ ဖြစ်လို့ လူထုအတွက် ပိုမိုကောင်းမွန် တဲ့ အစီအစဉ် ဖြစ်ပါတယ်''ဟု
မိုင်း တုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးမြင့်
ဦးက ပြောသည်။
.
မိုင်းတုံမြို့ ကိုယ့်အားကိုယ်ကိုး ရေအားလျှပ်စစ်ကို မိုင်းတုံမြို့၊
ဝမ်နား ကျေးရွာအနီး စီးဆင်းနေသည့် နား ညုတောင်ကျချောင်းပေါ်တွင် ၂ဝဝ၉ ခုနှစ်၊ ဖေဖော်ဝါရီလက
စတင်တည် ဆောက်ခဲ့ကာ ဒီဇင်ဘာလ ၁၇ ရက် တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး အမြင့် ၈ ပေ၊ အလျားပေ ၇ဝ ရှိသည့် ဆည် ဖြင့် မြေကြီးရေသွယ်မြောင်း
အရှည် ၁၁၂၅ဝ ပေကို တပ်ဆင်အင်အား ၂ဝဝ ကီလိုဝပ်နှင့် တာဘိုင်စက် ၂၇၅ ကီလိုဝပ်ဖြင့် မီးကြိုးအရှည်
၅ မိုင် သွယ်တန်းကာ ထရန်စဖော်မာ ၃ လုံး၊ မီတာအလုံး ၄၇ဝ ဖြင့် လျှပ် စစ်ဖြန့်ဖြူးပေးနေခြင်း
ဖြစ်ပြီး လူထုမှ အဓိက အားပြုနေရကြောင်း သိရ သည်။
.
အဆိုပါ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှာ တောင်ကျချောင်းပေါ်တွင် တည်ဆောက်ထားသည့်
ဆည်နှင့်ရေ သွယ်မြောင်းဖြစ်သဖြင့် မိုးရွာသွန်းမှု များ ဖြစ်ပွားပါက ပြိုကျပျက်စီးတတ်
သည့် အနေအထားရှိသဖြင့် လက်ရှိ ကော်မတီအထိ ကော်မတီ ၃ ဆက်မျှ အားသွန်ခွန်စိုက် လူအား၊
ငွေအားဖြင့် ပြုပြင်ဆောင်ရွက်ခဲ့သော်လည်း ယခု ဆည်အသစ် တည်ဆောက်ရန် ငွေ ကြေးတတ်နိုင်ခြင်း
မရှိတော့သဖြင့် အစိုးရထံ အပ်နှံရန် လူထုမှ သဘော တူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan