ကျောက်မဲတွင် အိမ်စီးယာဉ်ပေါ်မှ ပိတောက်သစ်ခွဲသားများ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, December 29, 2018

ကျောက်မဲတွင် အိမ်စီးယာဉ်ပေါ်မှ ပိတောက်သစ်ခွဲသားများ ဖမ်းဆီးရမိ



မင်းဇော်မင်း
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခိုမုံးကျေးရွာတွင် ဒီဇင်ဘာလ ၂၈ ရက် ညနေ ၅ နာရီကျော်ခန့်က တရားမ၀င် သစ်များ တင်ဆောင်လာသည့် အိမ်စီး မော်တော်ယာဉ် တစ်စီးကို ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။
.

ကျောက်မဲမြို့နယ်၊  ခိုမုန်းကျေးရွာအနီးရှိ ကိုမောင်မောင်ဆီပန့်ဆိုင်ရှေ့၊ ပြည်ထောင်စုလမ်းမကြီးဘေးတွင် မန္တလေး-လားရှိုး လမ်းအတိုင်း မောင်းနှင်လာသော အိမ်စီး မော်တော်ယာဉ် တစ်စီးအား သတင်းအရ ပူးပေါင်းအဖွဲ့မှ ဒီဇင်ဘာလ ၂၈ ရက်၊ ညနေ ၅နာရီ ၁၅ မိနစ်ခန့်က ရပ်တန့် စစ်ဆေးစဉ် အဆိုပါယာဉ်ပေါ်မှ ၁ ဒသမ ၅၉၈ တန်ရှိ ပိတောက်သစ်ခွဲသား ၂၆ ချောင်းကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း တရားမ၀င်သစ်များအား တင်ဆောင်လာသူမှာ တောင်သာမြို့နယ်၊ လှည်းပွဲကုန်းကျေးရွာနေ ပြည့်ဖြိုးအောင် ဆိုသူဖြစ်ပြီး သစ်များကို မန္တလေးစွယ်တော်ဝင်းနေ ဦးငယ်လေးမှ ပိုင်ဆိုင်ခြင်း ဖြစ်ပြီး ပြည့်ဖြိုးအောင်မှ အခကြေးငွေဖြင့် တင်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

အဆိုပါ တရားမ၀င် သစ်များ သယ်ဆောင်သူ ယာဉ်မောင်းနှင့် သစ်ပိုင်ရှင်တို့ကို ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၄၅၆/၂၀၁၈၊ သစ်တောဥပဒေပုဒ်မ- ၄၂(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။

No comments:

Post a Comment

Recent Tube