ကွန်ဟိန်းတွင် ဓါတ်တိုင်အား ၀င်တိုက်သည့် ယာဉ်ပေါ်မှ ပီနံအိတ် ၂၃ အိတ်ဖြင့် ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ပြုလုပ်ရာ၌ အသုံးပြုသည့် ကဖင်းများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကွန်ဟိန်းတွင် ဓါတ်တိုင်အား ၀င်တိုက်သည့် ယာဉ်ပေါ်မှ ပီနံအိတ် ၂၃ အိတ်ဖြင့် ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ပြုလုပ်ရာ၌ အသုံးပြုသည့် ကဖင်းများ ဖမ်းဆီးရမိ


ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကွန်ဟိန်းတံတား အနီးတွင် နစ်ဆန်း ၆ ဘီး မော်တော်ယာဉ် တစ်စီးသည် လမ်းဘေးရှိ ဓါတ်တိုင်အား ၀င်ရောက် တိုက်မိသဖြင့် ကွန်ဟိန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ၀င်းသိန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များမှ ဒီဇင်ဘာလ ၂၈ ရက်၊ ညနေပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးရာ ယာဉ်မောင်း ဖြစ်သူအား မတွေ့ရှိရဘဲ ယာဉ်ပေါ်၌ ပြောင်းအိတ်များ အောက်တွင် သိုဝှက်သယ်ဆောင်လာသည့် ပီနံအိတ် ၂၃ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ပြုလုပ်ရာတွင် အသုံးပြုသော ကဖင်းများနှင့် မူးယစ်ဆေး ချက်လုပ်ရာတွင် အသုံးပြုသည်ဟု ယူဆရသော စက်ပစ္စည်း အစိတ်အပိုင်းများကို တွေ့ရှိ၍ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
(ဓါတ်ပုံ - ရဲတပ်ဖွဲ့)

“ ဘိန်းဖြူ မဟုတ်ပါဘူး၊ ဆေးပြားတို့ ဘာတို့ ချက်တဲ့ ပြုတ်တဲ့ နေရာမှာ လုပ်တဲ့ ကဖင်းတွပါ။ ကျွန်တော်တို့က ဆုံးဖြတ်လို့တော့ မရသေးဘူးဗျ။” ဟု ကွန်ဟိန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ ကဖင်းများနှင့် မူးယစ်ဆေး ချက်လုပ်ရာတွင် အသုံးပြုသည်ဟု ယူဆရသော စက်ပစ္စည်း အစိတ်အပိုင်းများကို တင်ဆောင်လာသည့် မော်တော်ယာဉ်၏ ပိုင်ရှင်မှာ ကွန်ဟိန်းမြို့၊ ရပ်ကွက်(၃)၊ လွိုင်ကုံလမ်းနေသူ ဒေါ်ပါစံ ဆိုသူဖြစ်ကာ ယာဉ်မောင်းဖြစ်သူ စိုင်းပီး (ဒေါ်ပါစံ၏ သား)မှာ ထွက်ပြေး တိမ်းရှောင် နေလျက်ရှိပြီး ၄င်းအား ဖမ်းဆီးရမိရေးအတွက် ရပ်တပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
(ဓါတ်ပုံ - ရဲတပ်ဖွဲ့)

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ကဖင်းများမှာ စုစုပေါင်း အလေးချိန် ၅၉၈ ဒသမ ၄၉၄၉ ကီလို ရှိပြီး ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၄၇၈ ဒသမ ၇၉၅၆ ဖြစ်ပြီး မူးယစ်ဆေး ချက်လုပ်ရာတွင် အသုံးပြုသည်ဟု ယူဆရသော စက်ပစ္စည်း အစိတ်အပိုင်းများ၏ တန်ဖိုးငွေ ကျပ်သိန်း ၁၀၀ ခန့် ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Journal Download

Photo of three cats