မိုးမိတ်မြို့နယ်၊ တောတွင်းနေအိမ်များ၌ နယ်စုံမှလာရောက်၍ မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူများကို ဖမ်း ဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးမိတ်မြို့နယ်၊ တောတွင်းနေအိမ်များ၌ နယ်စုံမှလာရောက်၍ မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူများကို ဖမ်း ဆီးရမိ



နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ရွှေသဲဝကျေးရွာအနီး တောတွင်းရှိ နေအိမ်များတွင် အနယ်နယ် အရပ်ရပ်မှ လာရောက်သည့်  မူးယစ်ဆေးဝါးများ သုံးစွဲရောင်းချသူ ၉ ဦးတို့ကို ဒီဇင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက  ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
.
.
မိုးမိတ်ခရိုင်ရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးဟောက်ကျေးရွာအုပ်စု၊ ရွှေသဲဝ ကျေးရွာအနီး တောအတွင်းရှိ အားတီရှင်းဆိုသူ၏ ဈေးဆိုင်တဲအား မူးယစ်သတင်းအရ ဝင်ရောက်ရှာဖွေရာ မူးယစ် ဆေးဝါးများနှင့်အတူ လူ ၆ ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
“မိုးမိတ်ရဲတပ်ဖွဲ့တွေရယ်၊ မိုးဟောက်အုပ်ချုပ်ရေးမှူး၊ ဘော်ဒေးဈေးကျေးရွာက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး တော့ ဝင်ရောက်ရှာဖွေရာကနေ ဖမ်းဆီးရမိတာဖြစ်ပါတယ်။ တစ်ရက်တည်းမှာ ၂ မှု ဖမ်းဆီးရမိတာပါ” ဟု ဖမ်းဆီးရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။
.
အဆိုပါဈေးဆိုင်တဲအား ဝင်ရောက်ရှာဖွေရာမှ ဘိန်းဖြူမှုန့်များထည့်ထားသော ရောင်စုံဆပ်ပြာခွက် ၆၂၇ ခွက် ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဈေးဆိုင်တဲအနောက်ဘက် ၁၅ ပေခန့်အကွာရှိတဲအား ထပ်မံရှာဖွေရာမှ တဲအတွင်း လူ ၃ ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေး ၈၀၀၀ ပြား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
လက်ရှိဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသုံးစွဲရောင်းချရန် လက်ဝယ်တွေ့ရှိသူ မိုးကုတ်မြို့၊ ထိုင်စင်ရပ်ကွက် နေ အားတီရှင်း(၃၃)နှစ်၊ မိုးကုတ်မြို့၊ လယ်ဦးရပ်ကွက်နေ မယန်းလွင်ဖန်(၃၁)နှစ်၊ လားရှိုးမြို့၊ ရပ်ကွက် ၁၂ နေ သန့်ဇင်ထူး(၂၉)နှစ်၊ တန့်ယန်းမြို့၊ ပန်ယောင်ရပ်နေ အိုက်ဝှာ(၃၃)နှစ်၊ မန်တုံမြို့၊ ဟိုခိုရပ်နေ ယန်ဝူး(၃၀)နှစ်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်နေ အားမိုး(၃၆)နှစ်၊ မိုးမိတ်မြို့၊ ဘော်ဒေးကျေးရွာနေ လင်းလင်း(၁၉)နှစ်၊ မိုးမိတ်မြို့၊ ဘော်ဒေးကျေးရွာနေ နေလင်း(၁၈)နှစ်၊ ရွှေဘိုမြို့၊ ပလိုင်းရွာနေ နေလင်းသူ(၃၃)နှစ်တို့ ၉ ဦးအား မိုးမိတ်မြို့မ ရဲစခန်းက မယ(ပ)၈၇/၂၀၁၈၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရအမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats