ဆေးတက္ကသိုလ်သို့ ဝင်ခွင့်မရသည့် အမှတ်ပေါင်း ၅ဝဝ ကျော်ဖြင့် အောင်မြင်သူများအား ဆေးတက္ကသိုလ်ဝင်ခွင့် ရရှိရေးအတွက် နိုင်ငံတော်သမ္မတထံ တင်ပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆေးတက္ကသိုလ်သို့ ဝင်ခွင့်မရသည့် အမှတ်ပေါင်း ၅ဝဝ ကျော်ဖြင့် အောင်မြင်သူများအား ဆေးတက္ကသိုလ်ဝင်ခွင့် ရရှိရေးအတွက် နိုင်ငံတော်သမ္မတထံ တင်ပြ


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
၂ဝ၁၇-၁၈ ပညာသင်နှစ်တွင်အ မှတ်ပေါင်း ၅ဝဝ ကျော်ဖြင့် တက္ကသိုလ် ဝင်တန်း စာမေးပွဲအား ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျေင်းသူ ကျောင်းသားများ ဆေးတက္ကသိုလ် ဝင်ခွင့်ရရှိရေးအတွက် မိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေး ရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော် ဆောင်မှု ကော်မတီဝင် ဦးအောင် ကျော်ဦးမှ နိုင်ငံတော် သမ္မတထံတင် ပြခဲ့ကြောင်း သိရှိရသည်။
.
 
.
''အရေးကြီး အဆိုကို တင်ဖို့ ပညာရေးမြှင့်တင်မှု ကော်မတီကို ပြောထားပါတယ်။ တင်ဖြစ်ရင် ဝင်ပြီး ထောက်ခံဆွေးနွေးပါမယ်။ မိုင်းတုံမှာ လည်း အမှတ် ၅ဝဝ ကျော်နဲ့အောင် တဲ့ ကျောင်းသားတစ်ယောက် ရှိ တယ်။ ဂုဏ်ထူးလေးဘာသာ ရတယ်။ ဆေးတက္ကသိုလ် တက်ခွင့်မရရင်တိုင်း ပြည်အတွက် ပညာတတ်တွေ နစ်နာ စေမှာဖြစ်လို့ အခုလို စာပို့ တင်ပြတဲ့ အပြင် လွှတ်တော်မှာလဲ ဆွေးနွေးဖို့ လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်''ဟု ဦးအောင်ကျော်ဦးက ပြောသည်။
.
နိုင်ငံတော် သမ္မတထံ ပေးပို့သည့် တင်ပြစာတွင် မြန်မာနိုင်ငံအ တွင်း၌ ဆေးတက္ကသိုလ် ၅ ခုသာရှိပြီး ဆေးတက္ကသိုလ် ဝင်ခွင့်အား အမှတ် အမြင့်ဆုံးမှ တန်းစီ၍ ရွေးချယ်ရာ ကျား/မ ၁၂ဝဝ ဦးသာ ဝင်ခွင့်ရှိသည့် အတွက် ကျန်သော ကျောင်းသူ/သား များ ဆေးတက္ကသိုလ် တက်ရောက် သင်ကြားခွင့် မရသော အခြေအနေ သို့ ရောက်နေကြောင်း၊ ကျောင်းသူ/ သားများအနေဖြင့် ထူးချွန်စွာ ဖြေ ဆို အောင်မြင်ခဲ့ကြသော်လည်း မြန် မာနိုင်ငံ၏ အဆင့်အမြင့်ဆုံးဟု သတ် မှတ် ထားသည့် ဆေးတက္က သိုလ်ဝင်ခွင့်အား ဘာသာစုံ ၆ ဘာ သာ ဂုဏ်ထူး ၄၈ဝ မှတ်ဖြင့် အောင် မြင်သော်လည်း ဆေးတက္ကသိုလ်သို့ တက်ရောက်သင် ကြားနိုင်ရန် မ သေချာသော အခြေအနေဖြစ် နေ သဖြင့် မိမိတို့အစိုးရ၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာအား ရိုက်ခတ် လျက်ရှိ ကြောင်း၊ ထို့ကြောင့် ကျောင်းသား မိဘနှင့် ကျောင်းသား/ကျောင်းသူ များအတွက် ဂုဏ်ထူး ၆ ဘာသာ ဖြင့် အောင်မြင်အောင် ကြိုးစားခဲ့ကြ သော်လည်း ဆေးတက္ကသိုလ် ဝင်ခွင့် မသေချာ မရေရာပါသဖြင့် ကျောင်း သားကျောင်းသူများ၊ မိဘများ၏ ခံ စားမှုကို ကိုယ်ချင်းစာစိတ်ဖြင့် ခံစား ကြည့်ပါက သိနိုင်မည်ဖြစ်သလို နောက်နောင်တွင်လည်း ကျောင်းသား ကျောင်းသူများ၏ ကြိုးစားချင်စိတ် အား ရိုက်ချိုးသကဲ့သို့ ဖြစ်နေမည်ကို စဉ်းစားသင့်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများမှာ အဆင့်မြင့်ပညာ များကို သင်ကြားနိုင်ရန် ကြိုးစားအား ထုတ်မှု ကျေပွန်ခဲ့ပြီဖြစ်ပြီး နိုင်ငံတော် အစိုးရဘက်မှသာ သင်ကြားခွင့်ရရှိ အောင် ဆောင်ရွက်ပေးရန် တာဝန်ရှိ ကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်အစိုးရ အနေဖြင့် ဆေးတက္ကသိုလ် အသစ် ဖွင့်လှစ်ပေးရန် သို့မဟုတ် တန်းခွဲ များ တိုးချဲ့၍ လက်ခံပေးရန် သို့မ ဟုတ် အခြားအဆင့်မြှင့် တက္ကသိုလ် များသို့ ဝင်ရောက်နိုင်အောင် ဆောင် ရွက်ပေးခြင်းဖြင့် ကုစားပေးရန် ပြည် သူလူထု ကိုယ်စား တိုက်တွန်းနှိုးဆော် တင်ပြအပ်ပါကြောင်း ဖော်ပြပါရှိ သည်။
.
အဆိုပါ စာကို မိတ္တူအဖြစ် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည် ထောင်စု ကျန်းမာရေးနှင့် အားကစား ဝန်ကြီး၊ ပြည်ထောင်စု ပညာရေးဝန် ကြီး၊ ပြည်သူ့လွှတ်တော် ကျန်းမာ ရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဌ၊ ပြည်သူ့လွှတ် တော်ပညာရေါ် မြှင့်တင်မှုကော်မတီ ဥက္ကဌတို့ထံသို့ ပေးပို့ထားကြောင်းသိ ရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats