မူဆယ်မြို့နယ်၊ ကျင်စန်းကျော့ကျေးရွာတွင် နမ့်ခမ်းမြိုမပြည်သူ့စစ်အဖွဲ့အား လက်နက်ကိုင်တစ်ဖွဲ့မှ လာရောက်ပစ်ခတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်မြို့နယ်၊ ကျင်စန်းကျော့ကျေးရွာတွင် နမ့်ခမ်းမြိုမပြည်သူ့စစ်အဖွဲ့အား လက်နက်ကိုင်တစ်ဖွဲ့မှ လာရောက်ပစ်ခတ်

မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ မြောက်ဘက် ၉ မိုင်ခန့်အကွာရှိ ကျင်စန်းကျော့ ကျေးရွာတွင် ဒီဇင်ဘာလ ၂ ရက်၊ ညပိုင်းက လက်နက်ကိုင်တစ်ဖွဲ့မှ လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နမ့်ခမ်းမြို့မပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း မူဆယ်အခြေစိုက် ကရုဏာ လူမှုကူညီရေးအသင်းမှ သိရသည်။
.
.
“ည ၉ နာရီလောက်မှာ သတင်းရလို့  အသင်းကားနဲ့ သွားခဲ့ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို မူဆယ်ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်။ ဒဏ်ရာရသူတစ်ယောက်က ပေါင်မှာ အရိုးမထိဘဲ နှစ်ချက်မှန်တယ်လို့ သိရပြီး နောက်တစ်ယောက် ကတော့ ကားမှန်ကတဆင့် နဖူးကို ရှပ်မှန်တာဖြစ်လို့ ဆေးရုံမတက်ရပါဘူး။ သေဆုံးသူတွေကို ဒီနေ့ သင်္ဂြိုဟ်မှာဖြစ်ပါတယ်” ဟု မူဆယ်ကရုဏာ လူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းက ပြောသည်။
.
ကျင်စန်းကျော့ကျေးရွာမှာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်မျဉ်းအနီးမှာ ကပ်လျက်တည်ရှိနေပြီး ဟိုနောင်ကင်းစခန်း ဖွင့်လှစ်ထားရှိကာ နှစ်နိုင်ငံကုန်စည်ပို့ဆောင်ရေးယာဉ်များ သွားလာနေသည့်နေရာဖြစ်ကြောင်းနှင့် အဆိုပါနေရာတွင် ပြည်သူ့စစ်(ဌာနေ)အဖွဲ့အစည်းများမှ ကားရပ်နားကွင်း၊ ကုန်လှောင်ရုံများဖွင့်လှစ်ကာ လုံခြုံရေးအရ တပ်ဖွဲ့ရံ့ပုံငွေကောက်ခံနေသည့် နေရာဖြစ်ပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံနှင့် ကွာဝေးကာ ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် ပိုမိုနီးကပ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats