ဟိုပုံးမြို့တွင် အသေးစားမီးလောင်မှုတစ်ခု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, December 20, 2018

ဟိုပုံးမြို့တွင် အသေးစားမီးလောင်မှုတစ်ခု ဖြစ်ပွား



ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ အနောက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဒီဇင်ဘာလ ၂၀ ရက်၊ မွန်းလွဲပိုင်းက ဝါယာရှော့ခ်မှတဆင့် အသေးစား မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
ဟိုပုံးမြို့၊ အနောက်ရပ်ကွက်၊ နယ်မြေ (၂)၊ အောင်သပြေလမ်းရှိ အိမ်ရှင် ဒေါ်ယမင်းသူ (ခ) ဘုံဆုံ (ဘ) ဦးလှမောင်ထွေး၏ နေအိမ်တွင် ဒီဇင်ဘာလ ၂၀ ရက်၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က အိမ်အတွင်း တပ်ဆင်ထားသော ရေခဲသေတ္တာမှ အပူလွန်ကဲကာ ဝါယာရှော့ခ်ဖြစ်၍ မီးတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မီးလောင်မှုဖြစ်ပွားရာသို့ ဟိုပုံးမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ် တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်တွင် မီးအား ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
.
မီးလောင်မှုကြောင့် ရေခဲသေတ္တာတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အခြား နေအိမ်အတွင်းရှိ ပရိဘောဂပစ္စည်းများ၊ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ ပျက်စီးမှုမရှိဘဲ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၅၀၀၀ ခန့်ရှိကြောင်း သိရသည်။
.
သို့ဖြစ်၍ မီးပေါ့ဆစွာသုံးစွဲသူ အိမ်ရှင် ဒေါ်ယမင်းသူ (ခ) ဘုတ်ဆုံအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ဟိုပုံးမြို့မရဲစခန်းတွင် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Recent Tube