ရှမ်းပြည်နယ်ရှိ မြေဧက ၁၉ဝဝဝဝ ခန့်ပေါ်တွင် တွင်းထွက်ပစ္စည်းများ စမ်းသပ်ရှာဖွေခွင့်ပြုရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အစိုးရထံ သဘောထား မှတ်ချက် တောင်းခံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်ရှိ မြေဧက ၁၉ဝဝဝဝ ခန့်ပေါ်တွင် တွင်းထွက်ပစ္စည်းများ စမ်းသပ်ရှာဖွေခွင့်ပြုရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အစိုးရထံ သဘောထား မှတ်ချက် တောင်းခံ


စိုင်းရာဇာ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်းရှိ မြေဧက ၁၉ဝဝဝဝ ခန့်ပေါ်တွင် ရွှေနှင့်အခြား ဆက်စပ်သတ္တုတွင်းထွက် ပစ္စည်းစမ်း သပ်ရှာဖွေခွင့်ပြုရန် သယံဇာတနှင့်သ ဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ပြည်နယ်အစိုးရထံ သ ဘောထားမှတ်ချက် တောင်းခံထား ကြောင်း သိရသည်။
.
.
ရွှေနှင့် အခြားဆက်စပ် သတ္တု တွင်းထွက် ပစ္စည်းများ စမ်းသပ်ရှာဖွေ ရန် လုပ်ကွက်များကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လုပ်ကွက်စိစစ်ရေး အဖွဲ့ မှ စိစစ်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် မြေစာရင်းပုံစံ ရေးကူးခွင့် ပြုပေးရန်နှင့် သဘောထားမှတ်ချက် ပေးရန် နိုဝင်ဘာလ ၂၃ ရက် ရက်စွဲ ဖြင့် အကြောင်းကြားစာ ထုတ်ပြန် ထားကြောင်း သိရသည်။
.
''ကျွန်တော်တို့ နိုင်ငံက ထုတ် လိုက်တဲ့ သယံဇာတတွေက ကမ္ဘာမှာ အခြားနိုင်ငံတွေနဲ့ ယှဉ်ပြီးတော့ရောင်း လို့ရလာမှာပေါ့။ အဲဒီအခါကျရင် သ ယံဇာတကဏ္ဍက ပိုမိုကျယ်ပြန့်လာ မယ်။ အခု ထူးခြားချက် အနေနဲ့က တော့ ရွာကလူတွေ တစ်နိုင်တစ်ပိုင် လက်လုပ်လက်စားလေးတွေ ချပေး နေတာပေါ့။ အရင်က ဒါတွေ အစီအ စဉ် မရှိတော့ ရွာကလူတွေက တူး ဖော်လုပ်ကိုင်ရင် တရားမဝင်လို့ အ ရေးယူ ဆောင်ရွက်ခံရမယ်။ အခုဆို ရင် တရားဝင် တစ်နိုင်တစ်ပိုင် လုပ် ကွက်သေးသေးလေးတွေ စပြီးလုပ်ခွင့် ပေးနေတယ်။ အဲဒါကိုလည်း ရွာက လူတွေလည်း တော်တော်လေး ဝမ်း သာကြပါတယ်။ အသေးစိတ် အနေနဲ့ သိချင်တယ်ဆိုရင်တော့ ဌာနရဲ့ ဝက် ဆိုက်မှာ ဝင်ရောက်ကြည့်ရှုလေ့လာ လို့ ရပါတယ်။ ပြည်သူတွေ အနေနဲ့ လည်း ကျွန်တော်တို့ ဌာနအပါအဝင် တခြားဌာနတွေ ဘယ်လို လုပ်ကိုင် ဆောင်ရွက်နေတယ် ဆိုတာကို ဌာန ရဲ့ ဝက်ဆိုဒ်အသီးသီးမှာ ဝင်ရောက် ကြည့်ရှုလေ့လာလို့ ရပါတယ်။ အဲဒီ မှာ အချိန်နှင့် တစ်ပြေးညီ တင်ပေးနေ ပါတယ်''ဟု ရှမ်းပြည်နယ် အစိုးရအ ဖွဲ့၊ ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ကုမ္ပဏီ ၁၄ ခုမှ ရှမ်းပြည်နယ် အတွင်းရှိ မြေဧက ၁၉ဝဝဝဝ ခန့်ပေါ် မှာ လုပ်ကွက် ၁၉ ခုဖြင့် ရွှေ၊ကျောက် မီးသွေး အပါအဝင် အခြားသတ္တုများ စမ်းသပ်တိုင်းတာရန်နှင့် ဖြစ်တန်စွမ်း လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ် ကြောင်း သိရသည်။
.
အဆိုပါ လုပ်ကွက် ၁၉ ခုမှာ ရှမ်း အရှေ့ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှ ရွှေနှင့် ဆက်စပ်သတ္တုစမ်းသပ် ရှာဖွေ ရန် ၁၇၃၅၅၃ ဒသမ ၇၂ ဧက လုပ် ကွက် ၁ ခု၊ မြန်မာယုယီ ကုမ္ပဏီက ရွှေနှင့် ဆက်စပ်သတ္တု ရှာဖွေရန် မြေ ဧက ၉၁ဝဝ လုပ်ကွက် ၁ ခု အပြင် အခြား ကုမ္ပဏီ ၁၂ ခုမှလည်း လုပ် ကွက်များ လျှောက်ထားခြင်း ဖြစ် ကြောင်း သိရသည်။
.
''လုပ်ကွက်တွေ ချပေးမယ်ဆိုရင် တော့ ဒေသခံလွှတ်တော် ကိုယ်စား လှယ်တွေနဲ့ ပူးပေါင်းပြီး အရင်ကွင်း ဆင်း စစ်ဆေး ကြည့်ရှုသင့်တယ်။နောက် ဒေသခံ ပြည်သူလူထုတွေရဲ့ ဆန္ဒသဘောထား တောင်းယူရမယ်။ ရှမ်းအရှေ့မှာတော့ အရင်အစိုးရလက် ထက်မှာတော့ ပြဿနာတွေ ရှိခဲ့တယ်။ အဲဒါတွေကို အခုထိတောင်မဖြေရှင်း နိုင်သေးဘူး။ အသုံးပြုမယ့် နေရာ တွေကို အစိုးရက ကော်မတီတွေ ဖွဲ့ ပြီး စစ်ဆေးရမယ်။ မြေဧကကို တိတိ ကျကျ လုပ်ကိုင်ဖို့ လိုတယ်။ နောက် စိုက်ပျိုးနေတဲ့ နေရာတွေနဲ့ လွတ်တဲ့ နေရာဆိုရင် ပိုကောင်းမယ်''ဟု ရှမ်း ပြည်နိုင်ငံရေးအဖွဲ့မှ ဦးတင်မောင်တိုး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ် အပါအဝင် ပြည် နယ်နှင့်တိုင်း ၄ ခုတွင် သယံဇာတစမ်း သပ် တိုင်းတာရန်နှင့် ဖြစ်တန်စွမ်း လေ့လာမှုများကို ခွင့်ပြုရန် သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ဝန်ကြီးဌာနမှ နိုဝင်ဘာလ ၂၃ ရက် ရက်စွဲဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များသို့ သဘောထား မှတ်ချက် တောင်းခံထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats