ဇွဲလေး၊ ကမ္ဘောဇတိုင်း
.
၂ဝ၁၇- ၂ဝ၁၈ ခုနှစ်၌ တက္ကသိုလ် ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့သူ ကျောင်းသား/ကျောင်းသူများအနက်
မှ ဝင်ခွင့်ခေါ်ယူခဲ့သော တက္ကသိုလ်များတွင် ရမှတ်နှင့်လူဦးရေ ကန့်သတ် မှု စသည့် အကြောင်းများကြောင့်
လျှောက်ထားသည့်ကျောင်းသို့ တက် ရောက်ခွင့်မရသူများအနေဖြင့်အဆင့် မြင့်ပညာ ဦးစီးဌာနသို့
ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။
.
.
ဆေးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်
နှင့် နိုင်ငံခြား ဘာသာတက္ကသိုလ်အစရှိသည့် ကိုယ်ပိုင်ဝင်ခွင့် ခေါ်ယူသော တက္ကသိုလ်များနှင့်
အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ ခရိုင်အလိုက်တက္က သိုလ်များ၏ ပထမနှစ်တက္ကသိုလ် သင်တန်းများအား
လာမည့် ဒီဇင် ဘာလအတွင်း ဖွင့်လှစ်မည် ဖြစ်ရာ ကျောင်းဝင်ခွင့် လျှောက်ထားမှု အ ခက်အခဲ
ဖြစ်နေသော ကျောင်းသား များလည်း ရှိနေကြောင်း သိရသည်။
''ဆေးကျောင်းဝင်ခွင့် ကတော့ ဘာမှမထူးပါဘူး အရင်နှစ်တွေက အတိုင်းပဲ
သတ်မှတ်တဲ့အမှတ်အပေါ် မှာ ရွေးရတာပါပဲ။ ဒီနှစ်မှာတော့ တ ခြားတက္ကသိုလ် ၁၁ ခုကလည်း ဝင်
ခွင့်တွေခေါ်တော့ သူတို့နဲ့ ညှိပြီး ဆေးတက္ကသိုလ်ဝင်ခွင့် စာရင်းကို ထုတ်ပြန်တာ နောက်ကျတာပါ''ဟု
တောင်ကြီးဆေးတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
နည်းပညာ တက္ကသိုလ်နှင့် အချို့ တက္ကသိုလ်များတွင် ကျောင်းဝင်ခွင့်
ရရှိသော်လည်း ကျောင်းအပ် လက်ခံသည့်အခါ လာရောက် အပ်နှံခြင်းမရှိသော ကျောင်းသား ဦးရေမှာ
ဝင်ခွင့်ရ ကျောင်းသား အ ရေအတွက်၏ ၃ ပုံ ၁ ပုံခန့် ရှိနေသ ဖြင့် အကြောင်း အမျိုးမျိုးကြောင့်
ကျောင်းဝင်ခွင့် ပယ်ချခံရသူများအား ပြန်လည်စိစစ်ရွေးချယ်ကာ ဝင်ခွင့် လက်ခံမှုများ ရှိကြောင်း
သိရသည်။
.
.
.
#KBZTai #Shan