အောင်ပန်း-ဟဲဟိုး ကားလမ်းတွင် ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် လူ ၄ ဦးဒဏ်ရာ ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်း-ဟဲဟိုး ကားလမ်းတွင် ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် လူ ၄ ဦးဒဏ်ရာ ရရှိ


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊  အောင်ပန်း-ဟဲဟိုး ကားလမ်းပေါ်တွင် ဒီဇင်ဘာလ ၁၅ ရက်၊ နံက်ပိုင်းက စိန်ဝင်းနှင့်ညီများ ဘုရားဖူးကားတိမ်းမှောက်သဖြင့် ယာဉ်မောင်းနှင့်အတူ ယာဉ်ပေါ်ပါသူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟဲဟိုးနယ်မြေရဲစခန်းမှ သိရှိရသည်။
.
.
မိတ္ထီလာ-သာစည်-ကလော-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၅၇/၄ နှင့် ၅ အကြားတွင် ယနေ့ ဒီဇင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းမြို့၊ ချောင်းခွအုပ်စုနေ ယာဉ်မောင်းတင်နိုင်ဝင်း မောင်းနှင်လာပြီး ဘုရားဖူး ၃၄ ဦး၊ လမ်းညွှန် ၁ ဦး၊ ထမင်းချက် ၂ ဦး၊ ယာဉ်နောက်လိုက် ၄ ဦး၊ စုစုပေါင်း ၄၁ ဦး လိုက်ပါ စီးနင်းလာသည့် စိန်ဝင်းနှင့်ရောင်းရင်းများ ဘုရားဖူးယာဉ်သည် ကလောဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာစဉ် သီခေါင်တောင်ကွေ့ဆင်းအရောက်တွင်ဘရိတ်မမိဘဲ လမ်း၏ဝဲဘက် တောင်စောင်းအား ဝင်ရောက်တိုက်မိကာ ယာဘက် တောင်စောင်းသို့ တိမ်းမှောက်သွားသဖြင့် ယာဉ်ပေါ်ပါ ခရီးသည်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်နေ မဇင်မျိုးထွန်း (၂၆ နှစ်)၊ ပျဉ်းမနားမြို့နေ မစောပြည့်ချမ်းသာ (၂၇ နှစ်)၊ မန္တလေးမြို့နေ မမြတ်စုကျော် (၂၇ နှစ်)၊ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်နေ မယမင်းဦး (၂၂ နှစ်)နှင့် ယာဉ်မောင်းတို့မှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ပြီး မြတ်မွန်စေတနာ လူမှုကူညီရေးအသင်းမှ ဟဲဟိုးဆေးရုံသို့  တင်ပို့ပေးခဲ့ကြောင်း သိရသည်။
.
အလားတူ ဒီဇင်ဘာလ ၁၄ ရက်  ည ၁၀ နာရီ မိနစ် ၂၀ ခန့်က အောင်ပန်းမြို့၊ ကညနရုံးအနီတွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူမှာ ဦးခေါင်းထိဒဏ်ရာများရရှိခဲ့ပြီး မော်တော်ယာဉ်မှာ မောင်းနှင် ထွက်ပြေးမှုတစ်ခုနှင့် ယင်းညပိုင်းတွင်ပင်  အောင်ပန်းမြို့၌  ပြင်ဆင်ဆဲ ပိတ်ထားသည့်လမ်းမှ ကျောက်ပုံအား ဆိုင်ကယ်ဖြင့် ဝင်တိုက်မှုတစ်ခု ဖြစ်ပွားသဖြင့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
“လမ်းက ကောင်းလာတာ၊ ပြင်ဆင်ဆဲကျောက်မှုန့်တွေကြောင့် ရှေ့ကိုသေသေချာချာမမြင်ရတဲ့အခြေအနေမှာ မဆင်မခြင် မောင်းတော့ အကွေ့မှာ အရှိန်မထိန်းနိုင်တာတွေကြောင့် ယာဉ်မတော်တဆမှုတွေ များပြားလာနေတာဖြစ်လို့ ဒီလမ်းခရီးကို သတိပြုမောင်းနှင်ဖို့ လူထုကို အသိပေးလိုပါတယ်ဟု အောင်ပန်းနာရေးကူညီမှုအသင်းမှ နာယကဖြစ်သူ ဦးစိုးနိုင်(ပန်းချယ်ရီ)က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အောင်ပန်းနှင့် ဟဲဟိုးကြား သီခေါင်တောင်အကွေ့အထိ လမ်းပြင်ဆင်နေဆဲဖြစ်သည့်အတွက် တစ်ဖက်ပိတ်လမ်းများတွင် ကျောက်မှုန့်များကြောင့် ဖုန်ထကာ မြင်ကွင်းမရှင်းသဖြင့်လည်းကောင်း၊ ယာဉ်မောင်းများမှ လမ်းကောင်းသည် ဟုဆိုကာ အရှိန်မြင့် မဆင်မခြင်မောင်းနှင်မှုများ မပြုလုပ်ကြရန် သက်ဆိုင်ရာယာဉ်ထိန်းရဲတပ်ဖွဲ့များမှလည်း အသိပညာပေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats