အတော်ဆုံးဟု ထင်နေခြင်းသည် အဓိက ပြဿနာဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အတော်ဆုံးဟု ထင်နေခြင်းသည် အဓိက ပြဿနာဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ပြော


ကမ္ဘောဇတိုင်း
.
မိမိကိုယ်ကို အတော်ဆုံးဟု ထင်နေခြင်းသည် အဓိက ပြဿနာဖြစ် ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ် ဥက္ကဌ ဦးဇော်ဇော်က ဒီဇင်ဘာ ၁ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့ သု ဝဏ္ဏမြက်ခင်းတုဘောလုံးကွင်း၌ ပြု လုပ်ခဲ့သည့် ပြည်နယ်နှင့်တိုင်းဒေသ ကြီး အသက် ၁၂ နှစ်အောက် ဘော လုံးပြိုင်ပွဲတွင် ပြောဆိုခဲ့သည်။
.
 
.
''ကျွန်တော်တို့ရဲ့ အဓိက ပြဿ နာက ဘယ်အရာမဆို ကျွန်တော်တို့ လုပ်တတ်တယ်။ ကိုယ်လုပ်တတ်တာ ကိုလည်း ကိုယ့်ကိုကိုယ် အတော်ဆုံး လို့ ထင်တယ်။ ဒီထက်ပိုပြီးလည်း မကြိုးစားဘူး။ အချင်းချင်းလည်း မညီ ညွတ်ဘူး။ နောက်တစ်ခုက ကမ္ဘာမှာ ဘာဖြစ်နေလဲဆိုတာလည်း မသိဘူး။ ပြိုင်ပွဲတွေ ဝင်တိုင်း၊ ဝင်တိုင်းမှာ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဘောလုံး အားကစားလည်း ထူးချွန် အောင် ကြိုးစားပါ။ စာလည်းကြိုးစားပါ။ စည်းကမ်းရှိရှိနဲ့ မိမိဘဝ ဖွံ့ဖြိုးကြိုး စားစေချင်ပါတယ်''ဟု ဦးဇော်ဇော်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
ဘောလုံးကစားခြင်းသည် ခြေ ထောက်ဖြင့် ကန်တတ်ရုံ သာမက ခန္ဓာကိုယ် ကြံ့ခိုင်ပြီး အသိဉာဏ်မြင့်မားကာ အသင်းလိုက် ပူးပေါင်းကစား တတ်ရန် လိုအပ်ကြောင်းကိုလည်း ဦးဇော်ဇော်က ပြောဆိုခဲ့သည်။
.
အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသ ကြီး အသက် ၁၂ နှစ်အောက် ဘော လုံးပြိုင်ပွဲကို စာသင်ကျောင်းများမှ ကျောင်းသားများအား ပထမအဆင့် မြို့နယ်အလိုက် ရွေးချယ်၍ တိုင်းနှင့် ပြည်နယ်အဆင့် ထပ်မံရွေးချယ်ပြီး နောက် ကျင်းပခဲ့ခြင်း ဖြစ်သည်။
.
ပြိုင်ပွဲတွင် အသင်းပေါင်း ၁၇ သင်း ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ် ပြီး အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၁ ရက်မှ ၈ ရက်အထိ တစ်ရက်လျှင် ၄ ပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ကွာ တားဖိုင်နယ် အဆင့် ပွဲစဉ်များကို ဒီ ဇင်ဘာ ၁ဝ ရက်နေ့တွင် အထက်ပါ အချိန်များအတိုင်း ကျင်းပသွားမည် ဖြစ်သည်။ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဒီဇင်ဘာ ၁၂ ရက်နှင့် ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၄ ရက်တွင် ကျင်းပသွား မည် ဖြစ်သည်။
.
ယင်းပြိုင်ပွဲတွင် ပထမဆု ရရှိ သည့် အသင်းကို ဆုကြေးငွေ ကျပ် ၁၅ သိန်း၊ ဒုတိယဆု ရရှိသည့် အ သင်းကို ဆုကြေးငွေ ကျပ် ၁ဝ သိန်း၊ ပူးတွဲ တတိယဆု ရရှိသည့် အသင်း များကို ဆုကြေးငွေ ကျပ် ၅ သိန်းစီ နှင့် အကောင်းဆုံး ကစားသမားဆု နှင့် ဂိုးသွင်းအများဆုံးဆု ရရှိသူများကို ဆုကြေးငွေ ကျပ်တစ်သိန်းစီ ချီးမြှင့် သွားမည် ဖြစ်သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats