ကလောမြို့နယ်၊ လပ်ကီးဆဲဗင်းဓာတ်ဆီဆိုင်အနောက်ဘက်၊ ရထားသံလမ်းကူးနေရာ မြောင်းအတွင်း အမျိုးသား အလောင်း တစ်လောင်း တွေ့ရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, December 21, 2018

ကလောမြို့နယ်၊ လပ်ကီးဆဲဗင်းဓာတ်ဆီဆိုင်အနောက်ဘက်၊ ရထားသံလမ်းကူးနေရာ မြောင်းအတွင်း အမျိုးသား အလောင်း တစ်လောင်း တွေ့ရှိ



စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာ၊ လပ်ကီးဆဲဗင်းဓာတ်ဆီ ဆိုင်အနောက်ဘက် ရထားသံလမ်းကူးတံတား၏ ရေမြောင်းအတွင်း ရဲစခန်း၏အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာ တွင် ဒီဇင်ဘာလ ၂၀ ရက်၊ ညနေ ၃ နာရီခန့်က အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိသဖြင့် တာဝန်ရှိသူများမှ စစ်ဆေးကာ အောင်ပန်းနာရေးကူညီမှုအသင်းမှ ကလောဆေးရုံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
.
 
.
သေဆုံးသူမှာ တီရှပ်အင်္ကျီ လိမ္မော်ရောင်၊  ဘောင်းဘီတိုပန်းရောင်ဝတ်ဆင်လျက် သေဆုံးနေပြီး အသက် (၃၅) နှစ်ခန့် ဟု ခန့်မှန်းရကာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရဘဲ ပက်လက်အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ အဆိုပါအမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်စေရေးနှင့် သေဆုံးသူ မည်သူမည်ဝါ ဖြစ်သည်ကို သိရှိနိုင်ရေးအတွက် ကလောမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၉/၂၀၁၈) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Recent Tube