မိုင်းကိုင်မြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ ထိတွေ့မှုများကြောင့် ရွာသား ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းကိုင်မြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ ထိတွေ့မှုများကြောင့် ရွာသား ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်


နောင် (မြစ်မခ)
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၊ တုံလော့ကျေးရွာအုပ်စုအတွင်း၌ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ ထိတွေ့မှု ဖြစ်ပွားရာမှ ဒေသခံရွာသား ၃၀၀ ကျော်မှာ မက်ချီနုတ် ဘုန်းကြီးကျောင်းတွင် ဒီဇင်ဘာ ၂ ရက်မှ  စတင်၍ ခိုလှုံနေကြကြောင်း တိုက်ပွဲရှောင်များကို ကူညီပေးနေသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ  ပရဟိတ အသင်းများထံမှ သိရှိရသည်။ 


တုံလော့ကျေးရွာအုပ်စု၊ မက်ချီနုတ်ကျေးရွာအနီးတွင် ဒီဇင်ဘာ ၁ ရက်၊ ညနေပိုင်းက လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့  ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် မက်ချီနုတ်ကျေးရွာမှ ရွာသားများမှာ မက်ချီနုတ် ဘုန်းကြီးကျောင်းသို့ တိမ်းရှောင်နေကြရခြင်း ဖြစ်ကြောင်း သိရသည်။
“တအာင်း(ပလောင်)ရွာအနားမှာ ဖြစ်တာလို့ သိရပါတယ်။ မနေ့ (ဒီဇင်ဘာ ၂ ရက်)မှာ ရွာကလူ အားလုံးနီးပါး ဘုန်းကြီးကျောင်းကို ပြောင်းရွှေ့ပေးလိုက်တာပါ။ ဘာမှကို မရှိသေးတာပါ။ ဒီနေ့တော့ ကျွန်တော်တို့နဲ့ နယ်စည်း မခြားအဖွဲ့တွေ စားနပ်ရိက္ခာတွေ သွားလှူဖို့ ရှိပါတယ်။’’ဟု သွားရောက် ကူညီပေးသော နမ့်လမ်ဒေသမှ Dear Ranger လူမှုကူညီရေးအသင်းမှ ကိုဇော်ညီက ပြောသည်။
အဆိုပါ ကျေးရွာသည် ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းကြား နမ့်လန်ဒေသနှင့် ၁၅ မိုင်ဝန်းကျင်သာ ဝေးခြင်းကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ပရဟိတအသင်းများက သွားရောက် ကူညီပေးကြခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က ဘယ်နေရာမှာဖြစ်ဖြစ် ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးနေတာဖြစ်တဲ့အတွက် သွားရောက်ကူညီပေးတာပါ။’’ဟု နယ်စည်းမခြားပရဟိအသင်း(သီပေါ)မှ ကိုမျိုးကပြောသည်။
မက်ချီနုတ်ကျေးရွာဘုန်းကြီးကျောင်း၌ လက်ရှိတွင် အိမ်ထောင်စု ၇၁ စု၊ လူဦးရေ ၃၀၀ ကျော် ခိုလှုံနေကြရပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် ကျင်စန်းကျော့ကျေးရွာ၌လည်း ဒီဇင်ဘာ ၂ ရက်၊ ညပိုင်းတွင် လက်နက်ကိုင် တစ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပြည်သူ့စစ်များမှ သေဆုံးသူများ၊ ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats