ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ကျိုင်းတုံမြို့နယ် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး
ကော်မ တီမှ ၂ဝ၁၈ ခုနှစ် တစ်နှစ်တာအတွင်း မြို့နယ်အတွင်းရှိ ပရဟိတ လူမှုရေး အသင်းအဖွဲ့များနှင့်
လိုအပ်သည့် နေရာများအတွက် မော်တော်ယာဉ် တစ်စီးနှင့် အလှူငွေ ကျပ်သိန်း ၂ဝဝ ကျော် လှူဒါန်းခဲ့ကြောင်း
သိရသည်။
.
.
ကျိုင်းတုံမြို့နယ် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ မှ ကျိုင်းတုံမြို့၊
ဟွေဖျန်း မီးသင်္ဂြိုဟ် စက် အသစ် တည်ဆောက်ရေးအ တွက် ငွေကျပ်သိန်း ၁ဝဝ၊ တိုင်းနေ ရှမ်းတိုင်းရင်းသားများ
သုဿာန်ရှိ မီးသင်္ဂြိုဟ်စက် တည်ဆောက် ရန်အ တွက် ကျပ်သိန်း ၅ဝ၊ မိဘသွေးအ လှူရှင် ပရဟိတအသင်း
အတွက်ွှသပသအေံငူကထ မော်တော်ယာဉ် ၁ စီး နှင့် ကုတင် ၂ဝဝ ဆံ့ အထွေထွေ ရောဂါကု ဆေးရုံကြီး၌
နံနက်စာအာ ဟာရ သုခ ငွေပဒေသာပင် ကျပ်သိန်း ၂ဝ၊ စုပေါင်းမဟာ ဘုံကထိန်အတွက် ငွေကျပ် ၂၅
သိန်း၊ မထသ ဥက္ကဌ ဖလား အလွတ်တန်း ဘောလုံးပြိုင်ပွဲ တို့အတွက် ငွေကျပ် ၂၅ သိန်းတို့အား
လှူဒါန်းခဲ့ကြောင်း သိရသည်။
''မထသက ကော်မတီနဲ့ ယာဉ် လိုင်းဂိတ် လုပ်သားတွေရဲ့ ညှိနှိုင်းသ ဘောတူ
ဆုံးဖြတ်ချက်နဲ့ ဒီနှစ်ထဲမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ တာ ဖြစ်ပါတယ်။ ကိုယ့်မြို့ရဲ့
လိုအပ် ချက်ကို အုတ်တစ်ချပ် သဲတစ်ပွင့်အ နေနဲ့ ပါဝင်အားဖြည့်တဲ့ သဘောပါပဲ'' ဟု ကျိုင်းတုံမြို့နယ်
မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မ တီ ဥက္ကဌ ဦးဟန်သင်းက ကမ္ဘောဇ တိုင်းသို့
ပြောသည်။
.
ယင်းကဲ့သို့ လှူဒါန်းမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ် ပရဟိတမိ
ဘသွေးလှူရှင်များ အသင်းဥက္ကဌ ဦး စန်းမြင့်က ''ကျွန်တော်တို့ နာရေးကူ ညီမှု လုပ်ငန်းမှာ
သုံးနေတဲ့ မော်တော် ယာဉ် တစ်စီးပဲရှိတော့ လုပ်ငန်းမတွင် ကျယ်ပါဘူး။ သွေးလှူရှင်တွေကို
ကြို ပို့လုပ်ပေးဖို့ အခက်အခဲဖြစ်နေတာကို အခုလို ကျိုင်းတုံ မထသ အနေနဲ့ မော်တော်ယာဉ်
တစ်စီး လှူဒါန်းပေး လို့ ဝမ်းလည်းသာသလို ကျေးဇူး လည်း တင်ပါတယ်''ဟုပြောသည်။
.
ကျိုင်းတုံမြို့နယ် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး
ကော်မ တီ၏ ကြီးကြပ်မှုအောက်တွင် ကျိုင်း တုံမြို့မှ တောင်ကြီး၊ တာချီလိတ်၊ မိုင်းယောင်း၊
မိုင်းယု၊ မိုင်းပျဉ်း၊ မိုင်း ခတ်၊ မိုင်းယန်း၊ မိုင်းလားမြို့များသို့ အသွားအပြန်
ပြေးဆွဲနေသည့် မော် တော်ယာဉ်လိုင်း စုစုပေါင်း ၃ဝ ခန့် ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan