ကျိုင်းတုံပင်စိမ်းသီးများ ဈေးကွက် ဝယ်လိုအားကောင်း၍ ဒေသစုံသို့ တင်ပို့လျက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံပင်စိမ်းသီးများ ဈေးကွက် ဝယ်လိုအားကောင်း၍ ဒေသစုံသို့ တင်ပို့လျက်ရှိ


ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ တောင်ပေါ် ကျေးရွာများတွင် အလေ့ကျ ပေါက်သည့် ပင်စိမ်းသီးများအား ဒေသထွက် စားကုန်အဖြစ် လူကြိုက်များ၍ ဝယ်လက်ကောင်းသောကြောင့် ပင် စိမ်းသီးကောက် ယူရောင်းချသူများအ ဆင်ပြေလျက်ရှိကြောင်း သိရသည်။
.
.
ပင်စိမ်းသီးပင်သည် တောင်ပေါ်ဒေသ အမြင့်ပေ ၃ဝဝဝ ပတ်ဝန်းကျင် ၌ အလေ့ကျပေါက်သည့် အပင်တစ် မျိုးဖြစ်ပြီး မိုးရာသီ သြဂုတ်လမှ စ တင်၍ ဒီဇင်ဘာ လဆန်းပိုင်းအထိ အသီး သီးလေ့ရှိပြီး အရသာမှာ အ နည်းငယ် ဖန်ကာ ချိုချဉ်အရသာရှိ ကြောင်း သိရသည်။
.
တောင်ပေါ်တိုင်းရင်းသား မိသား စုများမှ ပင်စိမ်းသီးအား ရပ်ရွာဓလေ့ ဖြင့် အလေ့ကျ ပေါက်သည့် အပင် များအောက်တွင်ြေ<ွကနေသည့်အသီး များအား ကောက်ယူခြင်း၊ အပင်ပေါ် ၌ ခူးဆွတ်ခြင်းတို့ဖြင့် ဈေးကွက်အ တွင်းသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း သိရသည်။
.
''အရင်တုန်းကဆိုရင် ဆာလာအိတ် တစ်လုံးအပြည့်ကို ၂ဝဝဝ က နေ ၃ဝဝဝ ကျပ်အထိပဲ ရောင်းရတော့ တောင်ပေါ်တောထဲအထိ သွားခူး/သွားကောက်ပြီး မရောင်းချင်ကြပါ ဘူး။ လက်ဆောင် ပေးဖို့လောက်ပဲ စိတ်ဝင်စားကြပါတယ်။ အခုတော့ ဈေး ကောင်းရနေလို့ စိတ်ဝင်စားလာ ကြပါတယ်''ဟု ကျိုင်းတုံမြို့နယ်၊ ပန် ကြူကျေးရွာအုပ်စုနေ ဦးအားဂျူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံဒေသထွက် ပင်စိမ်းသီး များအား တောင်ကြီး၊ ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် စသည့်ဒေသများ သို့ လက်ကားတင်ပို့ ရောင်းချသည့် ဒိုင်များတွင် ဆာလာအိတ် တစ်အိတ် လျှင် အလုံးသေး ၇၅ဝဝ ကျပ်နှင့် အ လုံးကြီး ကျပ် ၁ဝဝဝဝ ဖြင့် ဝယ်ယူ ပေးလျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats