လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ပစ်ခတ်မှုကြောင့် သေဆုံး/ဒဏ်ရာရရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သွားရောက် ကြည့်ရှုထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ပစ်ခတ်မှုကြောင့် သေဆုံး/ဒဏ်ရာရရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သွားရောက် ကြည့်ရှုထောက်ပံ့


မောင်မောင်သန်း (တောင်ကြီး)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ ဝမ့်နားကျေးရွာတွင် ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲက ရေရရှိရေး ကွင်းဆင်း ဆောင်ရွက်ရာမှ ပြန်လာသည့် ကျေးရွာအုပ်ချုပ် ရေးမှူး၊ ကျေးရွာအုပ်စု ရပ်/ကျေးစာရေးနှင့် ဒေသခံ ၂ ဦးတို့အား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီး ခေါ်ဆောင်သွားစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ပစ်ခတ်မှုဖြစ်ပွား၍ ကျေးရွာအုပ်ချုပ်ရေးမှူး (သူကြီး) အပါအဝင် ၅ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများသည် စဝ်စံထွန်း ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိရာ ဒီဇင်ဘာလ ၁၂ ရက်၊ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးစကား ပြောကြားခဲ့ပြီး ဒဏ်ရာရရှိသူ ၃ ဦး ကို တစ်ဦးလျှင် ကျပ် ၁ သိန်းစီဖြင့် လည်းကောင်း၊ သေဆုံးသူ ၅ ဦးကို တစ်ဦးလျှင် ကျပ် ၃ သိန်းစီဖြင့်လည်းကောင်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများမှာ သေဆုံးသူများမှာ နမ့်ဟူးရွာသူကြီး ဦးခွန်ထွန်းဦး (၃၃)နှစ်၊ နမ့်ဟူးရွာသားများဖြစ်သည့် ဦးခွန်တမူး (၅၈)နှစ်၊ ဦးမောင်ဝင်း (၄၀)နှစ်၊ ဦးမောင်ခဲ (၃၂)နှစ်၊ ခွန်တဆန်း (၃၅)နှစ် တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ နမ့်ဟူးကျေးရွာအုပ်စု ရပ်/ကျေးစာရေး ဦးဇော်အောင် (၃၇)နှစ်၊ နမ့်ဟူးရွာသား ဦးခွန်မြင့်အောင်နှင့် ဦးခွန်သူရ တို့ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats