၂၁၁၃ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော်ကို တောင်ကြီးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

၂၁၁၃ ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော်ကို တောင်ကြီးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ


မောင်မောင်သန်း (တောင်ကြီး)၊ ကမ္ဘောဇတိုင်း
.
ရှမ်းနှစ် ၂၁၁၃ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
.
 
.
နှစ်သစ်ကူးပွဲတော်တွင် ရှမ်းတိုင်းရင်းသူ/ တိုင်းရင်းသားများက ပဒေသာပင်များကို ကျိုင်းတုံဘုန်းကြီးကျောင်းမှ မြကန်သာအဝိုင်းပတ်လမ်းအတိုင်း ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်လျှောက် လှည့်လည်ကြပြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းတိုက်သို့ အလှူပဒေသာပင်များ လာရောက်အပ်နှံ ကြသည်။
.
ထို့အပြင် နှစ်သစ်ကူးပွဲတော် ညပိုင်းတွင် အနုပညာပြိုင်ပွဲများ၊ ကိန္နရီ ကိန္နရာ၊ တိုးနယား၊ အိုးစည် ဗုံမောင်း၊ ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း၊ နှစ်သစ်ကူးကြိုဆိုခြင်း နှင့် ဒီဇင်ဘာ ၈ ရက် နှစ်သစ်ကူးနေ့တွင် ဧည့်ပရိတ်သတ်များနှင့်အတူတကွ တရားနာယူကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သက်ကြီးရွယ်အိုများအား ကန်တော့ခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပခြင်း၊ ရိုးရာယဉ်ကျေးမှု အကပဒေသာများ၊ ရှမ်းသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats