လားရှိုးမြို့တွင် အိမ်ထောင်ရှင် အလှမယ် ပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့တွင် အိမ်ထောင်ရှင် အလှမယ် ပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပမည်


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လား ရှိုးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပမည့် အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ အတွက် လျှောက်လွှာများရောင်းချ ပေးနေပြီး ဒီဇင်ဘာ ၁၄ ရက် နောက် ဆုံးထား၍ လျှောက်လွှာများ ပြန် လည် ပေးပို့ရမည်ဖြစ်ကြောင်းသိရှိရ သည်။  
.
.
အဆိုပါ အိမ်ထောင်ရှင် အလှမယ် ရွေးချယ်ပွဲအတွက် မြို့မိမြို့ဖများ၊ လူ မှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း ကျင်းပမည့် လားရှိုးခရိုင်အတွင်း ရှိ အိမ်ထောင်ရှင် အမျိုးသမီးများ  ကိုယ်စားပြု အိမ်ထောင်ရှင်အလှမယ် ရွေးချယ်ပွဲ (MRS GRACEFUL MYANMAR 2018-LASHIO REGION NORTHERN SHAN  STATE) ကို ဒီဇင်ဘာ ၂ ရက်က လားရှိုးမြို့ရှိ ဆင်နှစ်ကောင် ဟိုတယ် တွင် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
'' ဒီပြိုင်ပွဲ ကျင်းပပေးတာက Crown ရတာ၊ မရတာထက်ကို ပွဲ စဉ်ကာလတစ်လျှောက်လုံး Camp ကာလမှာ သူတို့တွေကို ဘာမက် ဆေ့ခ်ျတွေ ကောင်းကောင်းပေးနိုင် မလဲ၊ ကျန်းမာရေးနဲ့ပဲ ဖြစ်ဖြစ်၊ အထွေထွေဗဟုသုတနဲ့ပဲ ဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ်၊ နောက်ဆုံး တစ် ယောက်နဲ့ တစ်ယောက် ကွန်ရက် လေးတွေဖြစ်ပြီးတော့ စီးပွားရေးတစ် ထောင့် တစ်နေရာကနေပြီးတော့ အကြံဥာဏ်ကောင်းလေးတွေ၊ လူမှု ကွန်ရက်တွေ ကျယ်ပြန့်လာနိုင်တယ်။ အဲဒါတွေကြောင့်မို့ နယ်တွေမှာလိုက် ပြီးကျင်းပပေးတာဖြစ်ပါတယ်''ဟု Mrs Graceful  Myanmar Orga-nization မှ CEO & Founder ဖြစ်သူ မခိုင်သွယ်ကပြောသည်။
.
MRS GRACEFUL MYANMAR ပြိုင်ပွဲများကို ပြည်နယ် ၇ ခုတွင် ကျင်းပပေးသွားမည်ဖြစ်ကာ ၂ဝ၁၉ ခုနှစ်တွင် ကျင်းပမည့် နိုင်ငံ တကာပြိုင်ပွဲများသို့ ၁ဝ ဦးစေလွှတ် နိုင်ရန်လည်းရည်ရွယ်ထားပြီး ကျောက်မဲနှင့် မုံရွာမြို့တို့တွင် ကျင်း ပခဲ့ပြီးဖြစ်ကာ လားရှိုးမြို့မှာ တတိ ယမြောက်ပွဲဖြစ်ကြောင်း သိရသည်။
.
''သူတို့တွေကို စိတ်ပိုင်းဆိုင်ရာ Charactor? Personality ဘယ် လောက်ရှိလဲ၊ ရုပ်ရည်၊ အရပ်အ မောင်းလေးတွေ ကြည့်ပြီးတော့ ရွေး ချယ်ပါတယ်။ လားရှိုးခရိုင်အနီး အ နားက အိမ်ထောင်ရှင်အမျိုးသမီး တွေကို ဖိတ်ခေါ်ပါတယ်။ ကျွန်မ လုပ်တဲ့ပွဲက ဆုမရခဲ့ရင်တောင် ဒီ Camp ကာလမှာရလိုက်မယ့် Knowledge တွေဟာ ဘဝမှာ မှတ် တိုင် အနေနဲ့ကျန်ရှိနေမယ်ဆိုတာပြောချင်ပါတယ်''ဟု မခိုင်သွယ်က ပြောသည်။
.
အဆိုပါပြိုင်ပွဲဝင်ရောက်ရန် အတွက် VIP လက်မှတ်တစ်စောင် ပါဝင်သည့် လျှောက်လွှာများကို ဆင် နှစ်ကောင်  ဟိုတယ်နှင့် နယူးပဲလေ့စ်ဟိုတယ်တို့တွင် ဒီဇင်ဘာ ၃ ရက်မှစတင်၍တစ်သောင်း ကျပ် နှုန်းဖြင့် ဝယ်ယူနိုင်ပြီး ဒီဇင်ဘာ ၁၄ ရက် နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည်။
.
ဒီဇင်ဘာ ၁၅ ရက်တွင် သာသ နာ့ဗိမာန်ကြီးတွင် လူတွေ့စစ်ဆေး၍ ပြိုင်ပွဲဝင်များ Camp သွင်းလေ့ကျင့် ပေးမည်ဖြစ်ကာ ပြိုင်ပွဲကို ဒီဇင် ဘာ၂၁ ရက်တွင် လားရှိုးမြို့တော်ခန်း မ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
.
ပြိုင်ပွဲတွင် ယဉ်ကျေးမှုအဖွဲ့ များနှင့် ပြိုင်ပွဲဝင်အိမ်ထောင်ရှင် မများအတွက် အိမ်မှုကိစ္စနှင့် ပတ်သက်သောအချက်အပြုတ် သင်တန်းများပါ သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats