ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလဲကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဒီဇင်ဘာလ
၁ ရက်၊ ညပိုင်းက ဖယောင်းတိုင်မီးမှ တဆင့် မီးကူးစက်ကာ မီးလောင်ကျွမ်း ပျက်ဆီးခဲ့ရကြောင်း
သိရသည်။
.
အဆိုပါ ဘုန်းတော်ကြီးကျောင်း
မီးလောင်ကျွမ်းမှုအား နယ်မြေခံ တပ်မတော်သားများ၊ ဒေသခံများမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြသော်လည်း
ဘုန်းတော်ကြီးကျောင်းမှာ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုးမှာ
ငွေကျပ် ၉၄၅ သိန်းကျော် ဖြစ်ကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် ကျောင်းနေ သံဃာများ
တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
.