တရုတ်သို့ ဆန်တင်ပို့မှု ယာယီရပ်နားထားရန် ဆန်ကုန်သည်များ တိုက်တွန်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, December 20, 2018

တရုတ်သို့ ဆန်တင်ပို့မှု ယာယီရပ်နားထားရန် ဆန်ကုန်သည်များ တိုက်တွန်း



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှတဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် တရုတ်နိုင်ငံဘက် မှဖမ်းဆီးမှုများရှိနေပြီး လုံခြုံရေး တင်းကြပ်နေသည့်အတွက် မူဆယ် နယ်စပ်ကုန်သွယ်ရေးမှ တရုတ်နိုင်ငံ သို့ ဆန်တင်ပို့မှုအား ယခုလအတွင်း ယာယီရပ်နားထားသင့်ကြောင်း ရှမ်း ပြည်နယ်အတွင်းရှိ ဆန်ကုန်သည် များမှ တိုက်တွန်းပြောဆိုထားကြောင်း သိရသည်။
.
.
''ပြီးခဲ့တဲ့လ ၈ ရက်နေ့ကတည်း က တရုတ်-မြန်မာနယ်စပ်တွေကို ဗဟို (ဘေဂျင်း) စစ်ဆေးရေးအဖွဲ့တွေ လာရောက်စစ်ဆေးမယ်လို့ သတင်းရထားတယ်။ အခုစစ်ဆေးပါပြီ။ အဲ ဒါကြောင့် ရေရှည်အကျိုးအတွက် မှောင်ခို လမ်းကြောင်းတွေက တင်ပို့ နေ တဲ့ ဆန်၊ ပြောင်း၊သကြားတွေ ကို ယာယီ ရပ်ဆိုင်းထားပေးဖို့ ဆန် ကုန်သည်တွေက တိုက်တွန်း ပြောဆို ထားကြတာပါ။ အဲဒီလို အဖမ်းအ ဆီးတွေကြောင့် ကျွန်တော်တို့ မူ ဆယ်ဈေးကွက်မှာ အရောင်းအဝယ် ကျဆင်းနေတာ ကြာပါပြီ။ ဒါပေမဲ့ တစ်နိုင်တစ်ပိုင် တင်ပို့နေမှုကတော့ အခုထိ ရှိနေတုန်းပါပဲ''ဟု မူဆယ် မြို့မှ ဦးစိုင်းထွန်းကိုကိုဦးက ကမ္ဘောဇ တိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ မူဆယ်နယ်စပ်ကုန်သွယ် ရေးမှတဆင့် မြန်မာဆန်များကို ဝယ်ယူနေသည့် တရုတ်ဆန်ကုန် သည်များသည် တရုတ်ဗဟိုစစ်ဆေး ရေးအဖွဲ့၏ ဖမ်းဆီးမှုတွင်ပါဝင်သွား ပါက အြေ<ွကးစနစ်ဖြင့်ရောင်းချထား သည့် ပြည်တွင်းဆန်ကုန်သည်များ အတွက် အခက်အခဲများနှင့် ဆုံးရှုံး နစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည့် အတွက် ယင်းကဲ့သို့ တိုက်တွန်းပြော ကြားထားခြင်းဖြစ်ပြီး ယခင်ကလည်း အဟောင်းပေး အသစ်ယူစနစ်ဖြင့် ရောင်းချထားသည့် တရုတ်ဆန်ကုန် သည်များ ဖမ်းဆီးခံရသည့်အတွက် ပြည်တွင်း ဆန်ကုန်သည်များ ရရှိရန် ကျန်သည့် ဆန်ဖိုးငွေများ ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။
.
''ဒီက တင်ပို့တဲ့သူတွေ အဖမ်းခံ ရလို့ ဆန်တွေ ပါသွားတာက ကိစ္စ မ ရှိသေးဘူး။ ဟိုဘက်မှာ ကျွန်တော်တို့ ဆီက ဆန်အြေ<ွကးယူတဲ့ လူတွေ အ ဖမ်းခံရပြီဆိုရင် အကြွေးကဘယ်လို မှ မရတော့ဘူး။ တော်တော်လေးကို ထိခိုက်တာပါ။ ဒါကြောင့် အဲဒီလိုဖြစ် စဉ်မျိုးတွေ ထပ်ဖြစ်လာမှာ စိုးလို့ ခဏရပ်ထားဖို့ ပြောနေကြတာပါ။ တရုတ်ကုန်သည် တစ်ယောက် ဝယ် တဲ့ပမာဏက ယွမ်သိန်းဂဏန်းနီးပါး ရှိတယ်လေ''ဟု မူဆယ်မြို့ရှိ ဆန် ကုန်သည်တစ်ဦးက ပြောကြားခဲ့ သည်။
.
၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်က မြန်မာနိုင်ငံမှ ဆန်ဝယ်ယူ နေသည့် တရုတ်ဆန်ကုန်သည် လင် မယား အဖမ်းခံရမှုဖြစ်ပွားခဲ့ပြီး မြန်မာ ဆန်ကုန်သည်များ ရရှိရန်ကျန်သည့် ဆန်ဖိုးငွေ ကျပ်သိန်းပေါင်းသောင်း ချီ ဆုံးရှုံးမှုဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Recent Tube