မြန်မာနိုင်ငံမှ ဆင် ၄ ကောင်ကို ဂျပန်နိုင်ငံသို့ ပို့ဆောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာနိုင်ငံမှ ဆင် ၄ ကောင်ကို ဂျပန်နိုင်ငံသို့ ပို့ဆောင်


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံအစိုးရနှင့် ဂျပန် နိုင်ငံအစိုးရတို့ အကြား တိရစ္ဆာန် ဖလှယ်ရေးအစီအစဉ်အရ မြန်မာနိုင်ငံ မှ လက်ဆောင်အဖြစ်ပေးပို့ခဲ့သည့် ဆင် ၄ ကောင်မှာ ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးကျွန်းရှိ မာရုရာမတိရစ္ဆာန် ရုံသို့ ဒီဇင်ဘာ ၄ ရက်က ရောက်ရှိခဲ့ ကြောင်း သိရသည်။
.
.
အဆိုပါ ဆင်များကို နိုဝင်ဘာ လ ၃ဝ ရက်က မြန်မာနိုင်ငံမှ လေ ယာဉ်ဖြင့် သယ်ဆောင်လာခြင်းဖြစ် ပြီး ဆင်များမှာ အသက် ၅ နှစ်၊ ၁၅ နှစ်နှင့် ၂၇ နှစ်ရှိ ဆင်မများနှင့် အသက် ၁ဝ နှစ်ရှိ ဆင်ထီးတစ်ကောင် ဖြစ်ကာ အသက် ၂၇ နှစ်နှစ်နှင့် အသက် ၅ နှစ်ရှိ ဆင်မများမှာ သားအမိဖြစ်ကြောင်း သိရသည်။
.
ဟော့ကိုင်းဒိုးရှိ မာရုရာမ တိရစ္ဆာန်ရုံတွင် ယခင်က ဟနခို အမည်ရှိ အိန္ဒိယဆင်မကြီး တစ် ကောင်ရှိပြီး အသက်အရွယ်ကြီးရင့် မှုကြောင့် ၂ဝ၁၇ ခုနှစ်က သေဆုံး သွားသဖြင့် ယခု ဆင် ၄ ကောင် မရောက်မီအထိ တိရစ္ဆာန်ရုံတွင် ဆင်မရှိဘဲ ဒေသခံများကတိရစ္ဆာန် ရုံတွင် ဆင်မွေးမြူရန် တောင်းဆို ကြသဖြင့် ဒေသဆိုင်ရာအစိုးရက ဆင်ရှာဖွေခဲ့ရာ အာရှဆင်များရှိရာ ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံများမှ သင့်တော်သည့် ဆင်များကို ရှာဖွေခဲ့ ကြပြီး မြန်မာ-ဂျပန် သံတမန်နှစ် ၆ဝ ပြည့် အထိမ်းအမှတ်အဖြစ် မြန် မာနိုင်ငံမှ ဆင် ၄ ကောင်လက် ဆောင်ပေးရန် သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဆင်းများထားရန်အတွက် မာရုရာမ တိရစ္ဆာန်ရုံအတွင်း ၅ဝဝဝ မီတာ စတုရန်းအကျယ်အဝန်းရှိ  ဆင်အိမ်ကို ၂ဝ၁၆ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ပြီး ဂျပန်ယန်း သန်း ၂ ထောင် အကုန်အကျခံ၍ အဆင့် မြင့်နည်းပညာများဖြင့် တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံမှာ အပူပိုင်းဒေသ ဖြစ်သည့်အတွက် ဆင်များဂျပန်နိုင်ငံ ရာသီဥတုခံနိုင်ရန် ရေပူ၊ ရေအေး စက်များ၊ ဆင်ရေကူးရန် ရေကန် ကြီးတစ်ကန်နှင့် လမ်းလျှောက် ဆော့ကစားရန် ကွင်းပြင်ကျယ်တို့ကို တည်ဆောက်ပေးထားပြီးအဆောက် အအုံ တစ်ခုလုံးကို အပူချိန်ထိန်း ညှိစက်များ တပ်ဆင်ထားကာ တစ် နှစ်ပတ်လုံး အပူချိန် ၂ဝ ဒီဂရီ စင် တီဂရိတ် ထိန်းညှိပေးထားကြောင်း သိရသည်။
.
ယင်း ဆင် ၄ ကောင် အစာအ တွက် တစ်နှစ်လျှင် ယန်းငွေ သန်း ၂ဝ သတ်မှတ်ထားကြောင်း သိရသည်။
.
“ဆင်တွေက နှစ်နိုင်ငံချစ်ကြည် ရေးအပြင် ခရီးသွားမြှင့်တင်ရေး၊ သံတမန်တွေဖြစ်လာမှာ ဖြစ်ပါတယ်။ မြန်မာပြည်ခရီး သွားလုပ်ငန်း အတွက် တစ်ကယ့်ကိုအထောက် အပံ့ကောင်းတွေ ဖြစ်လာမှာ သေချာပါတယ်''ဟု တိုကျိုမြို့ရောက် မြန်မာနိုင်ငံသား ဦးရဲထွန်းက ဆိုသည်။
.
လက်ရှိတွင် အဆိုပါဆင်များအား မီဒီယာများကိုသာ ကြည့်ရှုခွင့် ပြု ထားပြီ လာမည့် ၂ဝ၁၉ ခုနှစ်၊ ဖေ ဖော်ဝါရီလတွင် အများပြည်သူများ လေ့လာကြည့်ရှုခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats