ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံတွင် မိုးစပါးများ ဈေးကောင်းရ၍ တောင်သူများ အဆင်ပြေလျက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံတွင် မိုးစပါးများ ဈေးကောင်းရ၍ တောင်သူများ အဆင်ပြေလျက်ရှိ


ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် နွေစပါး စိုက်ပျိုးရန်အတွက် ပျိုးထောင်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပြီး မိုးစပါး ရောင်းချမှု ဈေးကောင်းရသဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
.
.
''ဒီနှစ် မိုးစပါး ပေါ်ချိန်မှာ ရာသီဥတုနဲ့ ပိုးမွှားအန္တရာယ် ဖျက်ဆီးမှုကင်းပြီး ထိုက်သင့်တဲ့ ဈေးနှုန်းလေးလည်း ရကြတော့ စပါးစိုက်တောင်သူ တွေ အဆင်ပြေပါတယ်''ဟု ကျိုင်းတုံ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်မှ စိုက်ပျိုးထွက် ရှိသည့် စပါးများကို ပြည်ပသို့ တရားဝင် တင်ပို့ရောင်းချခွင့် ပိတ်ပင်ထားပြီး ဆန်အဖြစ် ကြိတ်ခွဲ၍ ပို့ကုန်အ ဖြစ် ပို့ကုန်သွင်းကုန် လိုင်စင်ဖြင့် တရားဝင် တင်ပို့ခွင့် ပြုထားသည်ဟု ကျိုင်းတုံမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
.
ပြည်ပသို့ တရားဝင် စပါးတင်ပို့ ရောင်းချခွင့် မရသည့် ကိစ္စနှင့်ပတ် သက်၍ ကျိုင်းတုံမြို့နယ်ရှိ ဆန်စပါး လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမုန်းကိုက ''ကျွန်တော်တို့ အသင်းအနေနဲ့ ဒေသထွက်စပါးကို တရားဝင်တင်ပို့ ရောင်းချခွင့် ရမယ်ဆိုရင်တော့ ကုန် သည်လုပ်ငန်းရှင်နဲ့ စပါးစိုက်တောင် သူတွေ ပိုပြီးအဆင်ပြေမှာ ဖြစ်ပါတယ်''ဟု ၄င်း၏အမြင်ကို ပြော သည်။
.
ကျိုင်းတုံမြို့တွင် လက်ရှိစပါး ပေါက်ဈေးမှာ ၄ဝ ကီလိုဂရမ် တစ် အိတ်လျှင် ၁၆ဝဝဝ ကျပ်နှုန်း ရှိနေ သောကြောင့် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်းမှ တရားဝင် ထုတ်ပြန်ကြေညာထားသည့် စပါး တင်း ၁ဝဝ လျှင် အနိမ့်ဆုံးတန်ဖိုးကျပ် ၅ သိန်းထက် ပိုမိုရရှိနေပြီး ဝယ်လို အားကောင်းသည့် ဈေးကွက်ဖြစ်၍ စပါးစိုက်တောင်သူများ အဆင်ပြေနေကြောင်း သိရသည်။
.
ထို့အပြင် ပြည်ပသို့ တရားဝင် စပါးတင်ပို့ခွင့် ရရှိပါက စပါးဈေးသည် ယခုထက် ပိုမိုကောင်းမွန်နိုင်သည်ဟု တောင်သူများထံမှ သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats