နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်
တစ်ရက်အတွင်း နေရာ နှစ်နေရာ၌ အမည်မသိ အမျိုးသား အလောင်း နှစ်လောင်းအား တွေ့ရှိခဲ့ကြောင်း
လားရှိုးမြို့မရဲစခန်းမှ သိရှိရသည်။
.
.
လားရှိုးမြို့၊ ရပ်ကွက်(၅) ဒေသခေါ် ကချင်ကုန်း တွင် အမျိုးသား အလောင်းတစ်လောင်းနှင့် မန်းပွဲကျေးရွာအုပ်စု၊ ခိုလိပ်ရွာ-ဖောင်ဆိပ် လမ်းတွင်
အမျိုးသား အလောင်းတစ်လောင်း၊ စုစုပေါင်း အမျိုးသားအလောင်း နှစ်လောင်း အား ဒီဇင်ဘာလ
၁၀ ရက်၊ တစ်ရက်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“မန်းပွဲအတွင်းမှာ သေဆုံးနေသော အမျိုးသားအလောင်းကတော့ အခြေနေမဲ့လို့
သိရပါတယ်။ လားရှိုး ပြည်သူ့ ဆေးရုံကြီးကို ပို့ပေးခဲ့တာပါ”ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ
စိုင်းဝသုန်က ပြောသည်။
.
ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီကျော်အချိန်ခန့်တွင် လားရှိုးမြို့
ရပ်ကွက် (၅) ကချင်ကုန်းမှ သေဆုံးသူ အလောင်းအား သယ်ဆောင်ပြီးချိန် နေ့ခင်း ၁၂ နာရီအချိန်ခန့်တွင်လည်း
မန်းပွဲကျေးရွာသို့ ဆက်လက် သွားရောက်ကာ အလောင်းအား သယ်ဆောင်ခဲ့ရကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။
.
“ရပ်ကွက် (၅) မှာကတော့ ချုံထဲမှာ သေဆုံးနေတာပါ။ မန်းပွဲကတော့ အခြေအနေမဲ့
သွားလာနေတာလို့ သိရပါတယ်။ စစ်ဆေးဆောင်ရွက်နေပါတယ်။ လားရှိုးမြို့နယ်ထဲမှာ တစ်ရက်တည်း
နှစ်လောင်းတွေ့တာပါ။”ဟု လားရှိုးမြို့မ ရဲစခန်းမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါ ရပ်ကွက်(၅)တွင်
တွေ့ရှိသော အမျိုးသား အလောင်းအား လားရှိုးမြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၅၃/၂၀၁၈)
ဖြင့် အမှုဖွင့်ထားပြီး၊ မန်းပွဲကျေးရွာအုပ်စု၊ ခိုလိပ်ကျေးရွာ ဖောင်ဆိပ် လမ်းတွင် သေဆုံးနေသူ
အမျိုးသား အလောင်းအား လားရှိုးမြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၅၄/၂၀၁၈)ဖြင့်
အမှုဖွင့်ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan