အေးသာယာ-တောင်ကြီးအတက်လမ်းတွင် မော်တော်ဆိုင်ကယ်တစ်စီး မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အေးသာယာ-တောင်ကြီးအတက်လမ်းတွင် မော်တော်ဆိုင်ကယ်တစ်စီး မီးလောင်မှုဖြစ်ပွား


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-အေးသာယာ အတက်လမ်းတွင် ဒီဇင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်း မော်တော်ဆိုင်ကယ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
“မနက် ၈ နာရီခွဲလောက်က ​​​အေးသာယာ-​တောင်​ကြီးအတက်လမ်း စပျစ်​ခြံအနီးမှာ ဆိုင်​ကယ်​တစ်​စီး ဝါယာ​ရှော့ဖြစ်​ပြီး မီး​လောင်​မှုဖြစ်​ပွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့သိရှိရပါတယ်”ဟု အဆိုပါ ဆိုင်ကယ်မီးလောင်ရာ နေရာသို့ ရောက်ရှိခဲ့သည့် ဌာနဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါမော်တော်ဆိုင်ကယ် မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ဆိုင်ကယ်မှာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats