ပန်းချီ ဇော်ရှိန်း (အေးသာယာ)
.
.
ကမ္ဘာကြီးသည် မည်သည့်အရောင်မှ စွန်းထင်းမနေဘူးဆိုလျှင် ဘယ်လောက်များကောင်းမလဲ။
ဆင်ခြင်စဉ်းစား မိသည်မှာလည်း အကြိမ်ကြိမ်အခါခါ ကြာပေါ့။ အတွေးအမြင်သည် အမြဲတမ်း အနုတ်ပြခဲ့ပါသည်။
အဘယ်ကြောင့် ဆိုသော် ဗုံးသံများ၊ သေနတ်သံများ၊ သွေးညီနံ့များ၊ ယမ်းနံ့များ၊ ငိုသံများ၊
နိုင်လိုမင်းထက် သီအို ရီများ၊ ထူထဲသော အတ္တများနှင့် အဆိုးမြင်မျက် စောင်းများကြောင့်
ကမ္ဘာကြီးဖျားနာနေခဲ့သည် မှာ ကြာခဲ့ပြီဖြစ်၏။ အကယ်၍ နေနှင့်လ အောက်တွင် ပန်းခင်းများနှင့်
ပန်းများသာ ဖူးပွင့်နေမည် ဆိုပါလျှင် မေတ္တာဓာတ်ပါသည့် ပန်းရနံ့များ၏။ အထူးပြုလုပ် ချက်များကြောင့်
ကမ္ဘာကြီးသည် ဂန္တဝင် ပန်းချီကား တစ်ချပ်လို ငြိမ်းချမ်းစွာ လှ ပနေမည်မှာ သေချာပါသည်။
အလိုမတူဘဲ ဟန်ဆောင်ပြုံးပြနေရသော ပတ်ဝန်းကျင်၊ အ ပြုံးတုတွေနဲ့ တစ်စတစ်စ ပန်းချီအိုကြီးဝေးလာခဲ့သည်မှာလည်း
ကြာပေါ့။
မြန်မာလူမျိုး အများစုဟာ ပန်းပွင့်ပန်းပင် ကလေးများကို ချစ်မြတ်နိုးတတ်ကြပြီး
ပန်းပင် စိုက်ပျိုးတာကို ဝါသနာ ထုံတဲ့ လူမျိုးဖြစ်တဲ့ အလျောက် နိုင်ငံအနှံ့အပြား နေရာတိုင်းလိုလိုမှာ ပန်းပင် မျိုးစုံစိုက်ပျိုးထားတာကို မြင်နိုင် ပါတယ်။
ဒါ့အပြင် သားငှက်တိရစ္ဆာန်လေးတွေကိုလည်း ကြင်နာတတ်တဲ့ စိတ်ရှိတာကြောင့် ငှက်ကလေး တွေနေဖို့
အသိုက် (အိမ်)တွေ ပြုလုပ်ပေးထားတာ၊ ငှက်ကလေးတွေ စားဖို့ပြောင်း၊ ဆန်၊ စ ပါးနှင့် ထမင်းစေ့လေးတွေကို
အမြင့်ပြုလုပ်ထား တဲ့ ငှက်စာကျွေးတဲ့ စင်မြင့်လေးမှာ ထမင်းစေ့ များ ပြန့်ကျဲပေးထားတာ
စပါးတွဲလေးတွေလည်း ချိတ်ဆွဲထားတာကိုလည်း နေရာ အတော်များ များမှာ တွေ့မြင်နိုင်ပါတယ်။
ကျွန်တော်လည်း ပဲ ပန်းပင်စိုက်တာကို ဝါသနာပါတဲ့ သူတစ်ဦး ဖြစ်တဲ့အတွက် အိမ်ရှေ့မြေကွက်လပ်
ကလေး ထဲမှာ ပန်းပင်မျိုးစုံကို စိုက်ပျိုးထားပြီး ပန်းပေါင်း စုံတဲ့ ပန်းခြံကလေးတစ်ခု
ပြုလုပ်ဖန်ဆင်းထား ပါတယ်။ မိမိစိုက်ပျိုးထားသော ပန်းအလှများ ကို တစိမ့်စိမ့် ကြည့်ရင်း၊
အမည်မဖော်နိုင်သော ဝေဒနာ တစ်မျိုး ရင်ထဲမှာ အရွယ်ရင့်သော်လည်းပဲ တလှပ်လှပ်ရယ်၊ ဘာရယ်
မသိနှုတ်များက ထွက်သွားသလို နောက်ဘဝမှာ မရွှေ့ပြောင်းရတဲ့ ပန်းပင်သစ်ပင် ဖြစ်ရပါလို၏
တဲ့။
.
ယနေ့ မြန်မာနိုင်ငံတွင် အိမ်ဆောက်ပန်း အိုးစိုက်ပန်း၊ စားပွဲတင်ပန်း၊
ဘုရားတင်ပန်း၊ ပန်းခင်း၊ ပန်းခြံနှင့် မြေယာ အလှဖွဲ့စည်းထား သော ပန်းဥယျာဉ်များ ဒေသအနှံ့
ထွန်းကား လျက်ရှိကြောင်း တွေ့ရမြင်ရ ကြားရပေသည်။ ဤသည် အလုပ်ကို ဥယျာဉ်မှူးများ၏ ဥယျာဉ်
မှူးလုပ်ငန်း (The Gardener's Gardening) လို့ မှည့်ခေါ်ပါသည်။ ကျွန်တော်အပါအဝင် ပန်းသစ်ပင်ဝါသနာရှင်
အားလုံးတို့သည် အကြောင်း အမျိုးမျိုးကြောင့် ပန်းသစ်ပင်တို့ကို အပင်ပန်းခံ ရှာဖွေ စိုက်ပျိုးကြပြီးသော
အခါမှသာ ဤဥ ယျာဉ်မှူးဆိုသော (Gendering Technicque) အလုပ်သည် သက်မွေးပညာတစ်ရပ်ပါလား။
အပျော်တမ်းပါလား။ အစဉ်အလာအရ ၊ လုပ်ထုံး လုပ်နည်းရှိသည့် အတတ်ပါလားဟူ၍ နှလုံး သွင်းကာ၊
ဥယျာဉ်မှူးပညာရပ်ကို ပြန်လည်ရှာ ဖွေတင်ပြလိုက်ရပါသည်။ မြန်မာနိုင်ငံသည် လူနေမှု အဆင့်မနိမ့်ကျလှသေးကြောင်းကို
ပန်းသစ်ပင် အလှပင် စိုက်ပျိုးထားရှိမှု အနေအထား ကို ကြည့်၍ ဆုံးဖြတ်နိုင်သည်။ သို့ရာတွင်
ပန်း လောက အပင်လောက၏ စာပေနယ်ပယ်တွင် မူ မြန်မာနိုင်ငံသည် အနည်းငယ်နောက်ကျနေ သေးသည်ဟု
ထင်မိပါသည်။ ထို့ကြောင့် ပန်း သစ်ပင်သည် မည်သည့်အချိန်ကာလက စတင် ၍ ဤပန်းမန်သည် လူသားတို့၏
မျက်စိအစား နှလုံးသား၏ အာဟာရ ဖြစ်ခဲ့သည်ကို လေ့လာ မိသည်။ ပန်းသစ်ပင်သည် လူသားတို့၏
အချွေ အရံ အဖြစ်လည်းကောင်း၊ အထီးကျန် မဟုတ်ကြောင်းပြသည်။ ပျော်တော်ဆက် အဖြစ်လည်း ကောင်း၊
အမှုတော် ထမ်းရွက်သည်ကို စာအားဖြင့် တွေ့ရပေသည်။ ဥယျာဉ်မှူး ဆိုသည်မှာ ဥယျာဉ်ဆိုသည်
ဥယျာနဟု ခေါ်သော ပါဋ္ဌိပျက်က လာသည်။ ဥက္ခောင်းကို လက်ဖြင့်ဖေးမ၍ (ခေါင်းပေါ်၊ ခေါင်းစီး
ဥသျှောင်မကျ မကျွတ်အောင်) မော့ကြည့်ရသော သစ်ပင်၊ ပန်းပွင့်အပင်ကြီးများ၊ အသီးပင်ကြီးများ
ပါဝင်နေသော ခြံကြီးကို ဥယျာဉ်ဟု ခေါ်ပေသည်။ သို့ကြောင့် သစ်ပင်ကြီး မပါမစိုက်သေးရင်ဖြင့်
ပန်းခင်းပန်း ခြံသာ ဖြစ်ပေလိမ့်မည်။ အင်္ဂလိပ်လို ဂါးဒင်း (Garden) ဆိုသည်မှာ အလှပြ ပန်းပင်၊
စားသုံးသစ်သီးပင်၊ ဟင်းသီးဟင်းရွက် စားသုံးပင် ဤသုံးမျိုး ပါဝင်သော ခြံခတ်စိုက်ပျိုးနိုင်
လောက်သည့် ဧရိယာကို ဥယျာဉ်ခေါ်ရ၏။ ဤ နေရာတွင် ဟင်းခပ်အမွှေးအကြိုင်ပင် (Herbs) များလည်း
ဟင်းသီးဟင်းရွက် စားသုံးပင်ထဲတွင် ပါဝင်၏။ ဂါးဒင်း (Gardens) နှင့် ဟော်တီကားချားသည်
စာပေတွင် အတူတူပင် ဖြစ်၏ဟု ဆို ပါသည်။ ခြားနားသည်မှာ ခြံခတ်နိုင်လောက် အောင် ကျဉ်းသော
ဧကတစ်ထောင်လောက်ရှိ မြေကွက်ကို (Garden) ဂါးဒင်းဟု ခေါ်ဆိုပြီး ခြံမခတ်ထားနိုင်လောက်အောင်
ကျယ်ပြန့်သော ဧရိယာမျိုးမှာ ဟော်တီကားချား (Horticulture) ဟု ခေါ်ဆိုကြောင်း ကျွန်တော်လေ့လာ
သိရှိရ ပါသည်။
.
'' ဥယျာဉ်မှူးကောင်း တစ်ယောက်ဖြစ် အောင်သာ ကြိုးစားပါ။ သင့်အဖို့
မြေမကောင်း ဘူးဆိုတာ မရှိတော့ပါဘူး။ ဒါဟာ ဥယျာဉ်မှူး တို့အတွက် ရွှေရောင်လွှမ်းနေတဲ့
ဥပဒေသပါပဲ'' ဟု ပန်းဥယျာဉ်စာအုပ်မှ ဖတ်မှတ်မိ၍ ဥယျာဉ် မှူးများအတွက် လက်ဆင့်ကမ်းလိုက်ပါသည်။
ရှေးပဝေသဏီ၊ အတီအတာ ကာလမှစ၍ ထူးဆန်းသော၊ လှပသော စိတ်ဝင်စားဖွယ်ရာ ကောင်းသော၊ ဆေးဖက်ဝင်သော၊
စားသုံးနိုင် သောအပင်များကို ရေခြားမြေခြား ဒေသများမှ ရယူစုဆောင်း၍ လူနေဝန်းကျင်တို့တွင်
စိုက်ပျိုး လာခဲ့ကြသည်များကို ကျောက်နံရံထွင်း ရုပ်ပုံ များကို လေ့လာခဲ့ခြင်းတွင်လည်းကောင်း
လွန် ခဲ့သော အနှစ် (၃၅ဝဝ ခန့်မှ)အီဂျစ် နှင့် ဆူမား ရီးယမ်း အင်ပါယာတို့တွင် ပန်းအိုးဖြင့်
ပန်းပင် များ စိုက်ပျိုးခဲ့ကြသည့် အထောက်အထားအရ သိရှိရပါသည်။ ခရစ်တော် မပေါ်မီ အနှစ်
(၁၅၅ဝ) ခန့်က ဥရောပတိုက်သားတို့ နှင်းဆီ တစ်ပင်ကို ပုံတူရေးဆွဲဆေးချယ်သသည်ကို တွေ့ရှိရသောအခါ၊
ထိုအထောက်ကို အချောဆုံး ပန်းသစ်ပင် သတင်းဟု လက်ခံထားကြသည်။ ရှေးဟောင်း ကမ္ဘာ့အံ့ဖွယ်
ခုနှစ်သွယ်အနက်၊ ဘေဘီလုံမြို့တော်မှ ဥယျာဉ်ပျံသည် (Hunging Garden of Babyion) တစ်ခု
အပါအဝင်ဖြစ် သည်။ (ယခုအီရတ်နိုင်ငံအတွင်းမှာ ဖြစ်သည်)။ ဘီစီ (၆ဝဝ)ခု ကာလကပင် တည်ဆောက်ခဲ့
သော ကျောက်သား၊ ကျောက်တိုင်၊ကျောက် ပန်းအိုးတို့ဖြင့် တည်ဆောက်လာခြင်းကိုကြည့် ခြင်းဖြင့်
ဥယျာဉ်ပန်းမန် စိုက်ပျိုးမှု ခင်းကျင်းမှု သည် ဂန္ဓဝင်မြောက် အတတ်ပညာ တစ်ရပ်ဟု လက်ခံထားရမည်
ဖြစ်ပါသည်။ ဘီစီ (၄ဝဝ)အ ရောက်မှာ ခေါမလူမျိုးများ၊ ဘုန်းမီးနေလထွန်း ပချိန် ဖြစ်ပါသည်။
ယထာဘူတ ပညာရှင်အရစ် (စ်)တိုတယ် (၃၈၄-၃၁၁ ဘီစီ)၏ တပည့်တစ် ဦးဖြစ်သူ သီယိုဖရေးတစ်(စ်)
(၃၇၂-၂၇၈ ဘီစီ) သည် ရုက္ခဗေဒဆိုင်ရာ အပင်အမျိုးပေါင်း ၅ဝဝ ခန့်ကို ကိုယ်တိုင်ကိုယ်ကျ
စုဆောင်းခဲ့သော ကြောင့် ကမ္ဘာပေါ်တွင် ရှေးဦးအပင်စုဆောင်းသူ တစ်ဦးအဖြစ် ထင်ရှားရုံ
သာမက ရုက္ခဗေဒဘာ သာရပ်၏ ဖခင်ကြီးအဖြစ် တင်စားခြင်း ခံရသူ ဖြစ်သည်။ တရုတ်ပြည်မကြီးတွင်
ဗုဒ္ဓခေတ်နှင့် မရှေးမနှောင်း ကျော်ကြားခဲ့သော ပညာရှင်ကြီး ကွန်ဖြူးရှပ်နှင့် လောစီတို့ခေတ်၌
အလှအပအပင်စုံ စိုက်ပျိုးမှု ထွန်းကားလာခဲ့ကြောင်းလည်း မှတ်တမ်းများတွင် တွေ့ရှိရပါသည်။
.
ခရစ်သက္ကရာဇ် (၁၅၊ ၁၆၊၁၇၊၁၈ ရာစု) နှစ်များတွင် အင်္ဂလိပ်၊ ပြင်သစ်မှူးမတ်အနွယ်
တော်များ၊ မက်မက်မောမော စိုက်ပျိုးလာခဲ့ရာ အပင်မျိုးပေါင်း (၅ဝဝဝအထိ) ဥရောပနိုင်ငံများ
သို့ ပျံ့နှံ့ရောက်ရှိလာပါသည်။ ထိုမှ (၁၈၊၁၉ ရာစု) နှစ်ဦးပိုင်းကာလကို အမေရိကတိုက်၊
သြ စတြေးလျတိုက်နှင့် အိန္ဒိယတိုက်တို့မှ စုဆောင်း ရရှိသော အပင်များဖြင့် အောင်မြင်ဖြစ်ထွန်း
အောင် စိုက်ပျိုးထားရှိနိုင်ခဲ့ခြင်းများကို ထောက် ရှု၍၊ ရုက္ခဗေဒနှစ်များ (Botanical
Years)ဟု မှတ်တမ်းတင်ခဲ့ရသည်။ ပန်းနှင့် အလှပင်များ စိုက်ပျိုးခြင်း အတတ်ကို (Floticulture)
ဟူ ၍လည်းကောင်း (Ornamental Horticulture) ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။ ပန်းနှင့် အလှပင်များကို
စီးပွားရေးအတွက် စိုက်ပျိုး ရောင်းချခြင်း လုပ်ငန်းသည် ဥရောပနိုင်ငံများ တွင် (၁၉ ရာစုနှစ်)မှ
ထွန်းကားလာရာမှ တစ် ဆက်တည်းမှာပင် အမေရိကန် ပြည်ထောင်စု သို့ ကူးစက်ပျံ့နှံ့သွားခဲ့သည်။
.
ယခုအခါတွင် ပန်းနှင့် အလှပင်များကို နေ အိမ်၏ အဆောင်အယောင်အဖြစ်
စိုက်ပျိုးခြင်း၊ အပျော်တမ်း စိုက်ပျိုးခြင်း၊ စီးပွားရေး အနေဖြင့် စိုက်ပျိုးခြင်း၊
သိပ္ပံပညာ တစ်ရပ်အနေဖြင့် စိုက်ပျိုးခြင်း စသည်ဖြင့် စိုက်ပျိုးမှု အလေ့အထများ တိုး၍
တိုး၍ အမြစ်တွယ်လျက် ထွန်းကားလျက် ရှိချေသည်။ ကျွန်တော်တို့ မျိုးပွားဥယျာဉ်မှူး များသည်သာ
သစ်ပင်စိုက်ပျိုးကြဖို့၊ လှုံ့ဆော် စည်းရုံးရာတွင် တက်ကြွ ထက်မြက်သော ရှေ့ နေရှေ့ရပ်များ
အဖြစ် ရပ်တည်ရ တော့မည်။ တစ်ဆက်တည်းမှာပင် စက်မှုလုပ်ငန်းခွင်၊ အ လုပ်ရုံ၊ ကျောင်း၊ ဆေးရုံ၊
အဆောက်အအုံ၊ တိုက်တာများကိုလည်း ဗိသုကာပညာရှင်တို့မှ အလှပြအပင်၊ ပန်းမန်တို့ဖြင့် ဖွဲ့စည်းယှဉ်တွဲ
သရုပ်ဖော်ပေးနေကြရသည်မှာ ဥယျာဉ်မှူးများ ပင်တည်း။ စကားမပြောတတ်သော ပန်းသစ်ပင် သည် သစ္စာရှိ၊
ကိုယ်က မွေးသော သားသမီးတို့ ထက် သစ္စာရှိ၊ အခြံအရံမှာပင် သဘာဝဓမ္မကို ရှာရန်၊ ကာယသုခကိုရှာရန်
စိတ္တသုခကို ရှာရန် နေရာသာဖြစ်၍ နေပေသည်။
.
ရှေးခေတ်မြန်မာတို့သည် မိန်းကလေးရော၊ ယောကျာ်းလေးပါ မကျန် ပန်းပန်ကြသည်။
နံ့ သာ လိမ်းကျံကြသည်။ ''သျှောင်တွင်လေတင့်ဆုံး
နားမှာလေကြက်ရုံးပေါ်နှင့်လေး သျှောင်ထုံး နားတွင် အပြည့်သာဆင် ဖြစ်ပင်မြင်လိုက်ပါစ
လေး ဟူ၍ ပုဂံခေတ် တျာချင်းကို ဖတ်ရဖူး သည်။ မြန်မာနန်းဆက်တွင် သဇင်ပန်းကို တော် ဝင်ပန်းဟု
ခေါ်ကြသည်။ ထူးခြားပုံမှာသဇင်ပွင့်သော တပေါင်းလတွင် သဇင်ပန်းများကို နန်း တွင်းသို့
စည်တော်ရွန်း၍ ရွှေထမ်းစင်နှင့် ထမ်းပြီးသိုင်းများ၊ ကျိုင်းများနှင့် ဆက်သွင်း သည်မှာ
အခြားပန်းများ မပါရပါ။ ရွှေနန်း တော်သို့ အခြား ပန်းများကိုတော့ နန်စဉ် ဘုရားပုထိုးများအား
ပူဇော်ရန် မင်း၊ မိဖုရား၊ သားတော်၊ သမီးတော်၊ နန်းတွင်းသူ နန်း တော်သားများ ပန်ဆင်ရန်
အခြားသော မင်း ဧကရာဇ်၏ အသုံးဆောင်များ ဖြစ်ကြသော သလွန်ပေါ်၊ သဉ္ဇလီတော်၊ ညောင်ဇောင်းတော်၊
အတိုင်တော်တို့တွင် ပန်းများကို အလှ ဆင်ရသည်။
.
ထို့ကြောင့် ဥယျာဉ်မှူးခေါ် Gardner အလုပ်သည် ပန်းဝါသနာရှင်တို့
လုပ်ရမယ့်အ လုပ် ဖြစ်သည်ဟု သိထားသည်။ ဥယျာဉ်မှူးဆို သည်မှာ တောင်သူမဟုတ်၊ လယ်သမားမဟုတ်၊
ခြံသမား မဟုတ်၊ ယာသမား အလုပ်မဟုတ်ဟု ဆိုသည်။ Lamdscape ပညာရှင် အနောက် တိုင်း ဒေါက်တာတစ်ဦး၏
အဆိုအမိန့်မှာ- the Gardening is an art; all the gardens ard the arts; the value
of which rises according to the degrees that resembling the nature. ဥယျာဉ်မှူး လုပ်ငန်းလုပ်ဆောင်တာသည်
အနု ပညာတစ်ရပ်၊ အားလုံးသော ဥယျာဉ်တွေ (မြေ ခင်းအလှဖွဲ့စည်းထားသော ဥယျာဉ်တွေ)သည် အနုပညာရပ်များသာ
ဖြစ်သည်။ ယင်း အနုပညာ၏ တန်ဖိုးမှာ သဘာဝနှင့် တူနိုင်လေလေ တန်ဖိုးရှိလေလေ ဖြစ်၏ဟု ဆိုပါသည်။
.
''ဥယျာဉ်မှူး ဟူသည်ကို ဝီလီယမ်ရှိတ်စပီး ယား ပြောခဲ့သော စကားဖြင့်
စာနာတတ်ပါမည်။ ဒီကမ္ဘာမှာတော့ ရှေးရှေးတုန်းက လူ့ယဉ်ကျေး မျိုး မတွေ့ရတော့ပါဘူး။ သို့သော်လည်း
ဥယျာဉ် မှူးကတော့ အာဒမ်ရဲ့ သက်မွေးဝမ်းကြောင်း၊ ဥယျာဉ်မှူး တာဝန်ကို ထမ်းရွက်နေဆဲပါ''တဲ့။
.
အေဘာခရွမ်ဘီရဲ့ နှစ်ဆယ်ရာစုနှစ် ဖွင့်ဆို ချက်မှာ ''လူတိုင်းဟာ
သူ့ကိုယ်အတွက် ဥ ယျာဉ်မှူးပေါ့'' ဖြစ်သည်။
.
မိမိတာဝန်ယူထားရသော အရာဌာနတိုင်း တွင် ပန်းသစ်ပင်တို့အားကိုးလေးစားရသော
ဥယျာဉ်မှူးကောင်း တစ်ဦးအဖြစ် ရပ်တည်နိုင်ကြ ပါစေ။
.
.
.
#KBZTai #Shan