ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်၊ ကတ်တောင်ကျေးရွာအုပ်
စုနှင့် အမှတ် (၄) ရပ်ကွက်ရှိ ကုန် ပစ္စည်းအရောင်းဆိုင်များတွင် ဒီဇင် ဘာလ ၅ ရက်က ထောက်ခံချက်မရှိ
သော တရားမဝင် ဓာတ်မြေသြဇာ အိတ်များ စစ်ဆေးတွေ့ရှိခဲ့ပြီး စားသုံးသူ အကာအကွယ်ပေးရေး
ဥပဒေပုဒ်မ ၁၉ (င)ဖြင့် သိမ်းဆည်းအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
.
သတင်းအရ ရှောင်တခင် ဝင် ရောက်စစ်ဆေး သိမ်းဆည်းရမိခဲ့သော ဓာတ်မြေသြဇာအိတ်များမှာ
ထိုင်းနိုင် ငံထုတ် ကုန်ပစ္စည်းများဖြစ်ပြီး နိုင်ငံခြားဘာသာ အမှတ်တံဆိပ်များဖြင့် ရေးသားထုတ်ပိုးထားသည့်
ဓာတ်မြေ သြဇာများဖြစ်ကာ ကာလတန်ဖိုးကျပ် ၉၅၇၇၅ဝဝ
ခန့်ရှိကြောင်း သိရသည်။
''တရားမဝင် ဓာတ်မြေသြဇာ အိတ်တွေကို တင်သွင်းရောင်းချခွင့် ပိတ်ထားပါတယ်။
သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးရုံး တာဝန်ရှိသူတွေ ကိုလည်း တရားဝင် စာပို့တဲ့အပြင်
ပညာပေးဟောပြောတာကိုလည်း လုပ်ထားပြီး ဖြစ်ပါတယ်။ ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်နေတဲ့
တောင်သူ တွေအပါအဝင် ကျွဲ၊ နွား၊ ဝက်၊ ကြက်နဲ့ အိမ်မွေး တိရစ္ဆာန် မွေးမြူနေသူတွေ အတွက်လည်း
ဓာတုဗေဒ ဓာတ်ကြွင်းအဆိပ်သင့်မှု အန္တရာယ်ဖြစ်စေနိုင်တာကြောင့် တရားမဝင်တင်သွင်း ဖြန့်ချိ
ရောင်းချနေတဲ့ ဆိုင်တွေကို ပထမအကြိမ် အနေနဲ့ စစ်ဆေးအရေး ယူတာ ဖြစ်ပါတယ်''ဟု ကျိုင်းတုံခရိုင်
စားသုံးသူ အကာအကွယ်ပေးရေး ကော်မတီအတွင်းရေးမှူး ဦးသန်းစိုး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ သိမ်းဆည်းရမိခဲ့သည့် တရားမဝင် ဓာတ်မြေသြဇာအိတ်များ
နှင့် ပတ်သက်၍ ဖြန့်ချိရောင်းချသူ များအား ရက်ပေါင်း ၆ဝ အတွင်းနေ ပြည်တော်၌ အယူခံလျှောက်ထားခွင့်
ပြုထားပြီး တရားဝင်လိုင်စင် လျှောက် ထားခွင့် ပြုထားကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ် အပါအဝင် ရှမ်း ပြည်နယ်အရှေ့ပိုင်း ဒေသသည်တ ရုတ်နိုင်ငံ၊
ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ် ချင်း ထိစပ်လျက်ရှိပြီးယင်းနိုင်ငံများမှ ထုတ်လုပ်သည့်
တရားဝင်တင်သွင်း ဖြန့်ဖြူးရောင်းချခွင့် မရှိသော ဓာတ် မြေသြဇာများမှာ တောင်သူများလက်
ဝယ်တွင် ပျံ့နှံ့ရောက်ရှိလျက်ရှိရာ စိုက်ပျိုးရေး ထွက်ကုန် သီးနှံများ၊ အိမ် မွေးတိရစ္ဆာန်များ၊
ကိုယ်ဝန်ဆောင် မိ ခင်လောင်းများနှင့် စားသုံးသူများတွင် ဓာတုဓာတ်ြ<ွကင်း အဆိပ်သင့်
အန္တ ရာယ်ကို ကြုံတွေ့ရနိုင်သဖြင့် မြန်မာ ဘာသာစကားဖြင့် ရေးသားပုံနှိပ်ထား သည့် တရားဝင်
ဓာတ်မြေသြဇာများ ကိုသာ စနစ်တကျ သတ်မှတ်စံချိန်စံ ညွှန်းနှင့်အညီ စနစ်တကျ သုံးစွဲရန်
လိုအပ်လျက်ရှိသည်ဟု ကျိုင်းတုံခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ သတိပေး ထုတ်ပြန်လျက်ရှိကြောင်း
သိရသည်။
.
.
.
#KBZTai #Shan