သီပေါ၊ မန်ဆန်ကျေးရွာအုပ်စုအတွင်းမှ တိုက်ပွဲရှောင်ကျောင်းသားနှင့် ဆရာများ ဘုန်းကြီးကျောင်းတွင် စာသင်ကြားနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီပေါ၊ မန်ဆန်ကျေးရွာအုပ်စုအတွင်းမှ တိုက်ပွဲရှောင်ကျောင်းသားနှင့် ဆရာများ ဘုန်းကြီးကျောင်းတွင် စာသင်ကြားနေ


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မန်ဆန်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် မန်ဆန်ကြီးကျေးရွာနှင့် အခြားရွာများမှတိုက်ပွဲရှောင်လာသောရွာသားများမှ ကျောင်းသား၊ ကျောင်းသူများမှာ မန်ဆန်ဘူတာ ဘုန်းကြီးကျောင်းတွင် စာသင်ကြားနေကြကြောင်းသိရသည်။
.
.
လက်နက်ကိုင်တပ်ဖွဲ့များ ပစ်ခတ်မှုများကြောင့် မန်ဆန်ကြီးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှဒေသခံများမှာ မန်ဆန်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေကြရာမှ ကျောင်းသားများ စာမေးပွဲနီးကပ်နေခြင်းကြောင့် ဘုန်းကြီး ကျောင်းတွင် စာသင်ကြားနေကြခြင်းဖြစ်ကြောင်းသိရသည်။
.
“အခြေအနေကောင်းရင်တော့ ပြန်သွားဖို့စောင့်နေကြတာပါ။ အချိန်ကြာလာပြီးတော့ စာမေးပွဲတွေကနီးလာလို့ ဆရာမတွေက ဒီဘုန်းကြီးကျောင်းမှာပဲ သင်ပြပေးနေတာတွေ့တာပါ။ ပြေးလာတဲ့အထဲမှာ ဆရာမတွေ ပါလာလို့ တော်ပါသေးတယ်” ဟု တိုက်ပွဲရှောင်များအားကူညီပေးနေသူ ဦးကျောက်လုံးကပြောသည်။
.
လက်ရှိတွင် မူလွန်ကျောင်း ၃ ခုမှ ကျောင်းသား/ကျောင်းသူ ၅၀ ကျော် စာသင်ကြားနေပြီး အဆိုပါတိုက်ပွဲ ရှောင်များသည် မန်ဆန်ကျေးရွာသို့ ဒီဇင်ဘာ ၃ ရက်တွင် စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာလ ၁၀ ရက်တွင် အချို့မှာ ပြန်သွားကြကြောင်း သိရသည်။
.
“မန်ဆန်မှာရှိတဲ့ တိုက်ပွဲရှောင်ရွာသားတွေကတော့ တချို့ပြန်သွားကြပါတယ်။ မန်ဆန်ကြီးဘုန်းကြီးကျောင်းမှာ လည်း ကျန်သေးတယ်လို့သိရပါတယ်။ အတိအကျတော့ မသိရသေးပါဘူး။ လူဦးရေ အတိအကျ ပြောဖို့ ဆိုတာကလည်း ဝင်လိုက်၊ ထွက်လိုက်ဖြစ်နေကြတာပါ” ဟု မန်ဆန်ရေကျကျေးရွာမှ ကူညီပေးနေသူ ဦးလုံကပြောသည်။
.
မန်ဆန်ကြီးကျေးရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူများမှာလည်း နံနက်ပိုင်းတွင်ရွာသို့ပြန်၍ အလုပ်လုပ်ကိုင်ကြပြီး ညပိုင်းတွင် ဘုန်းကြီးကျောင်းသို့ပြန်လာကြကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats