ကျောက်မဲမြို့နယ်၊ နမ့်တွေကျေးရွာ၊ လက်ဘက်ခြံအတွင်း တောင်သူတစ်ဦး မိုင်းထိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, December 26, 2018

ကျောက်မဲမြို့နယ်၊ နမ့်တွေကျေးရွာ၊ လက်ဘက်ခြံအတွင်း တောင်သူတစ်ဦး မိုင်းထိ

မင်းဇော်မင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ နမ့်တွေကျေးရွာတွင် ဒီဇင်ဘာလ ၂၆ ရက်၊ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်က လက်ဘက်ခြံ၌ အလုပ် လုပ်ကိုင်နေသည့် တောင်သူ အမျိုးသမီး တစ်ဦး မိုင်းထိခဲ့သဖြင့် သွားရောက် ခေါ်ဆောင်ကာ ကျောက်မဲဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကျောက်မဲမြို့အခြေစိုက်၊ ဇီဝိတလူမှု ကူညီရေးအသင်းမှ သိရသည်။

" နမ့်တွေက မိုင်းငေါ့ အထက်ဘက် ၁၀ မိုင်လောက် ဝေးတယ်၊ မနက် ၁၁ နာရီလောက်က ထမ်းစင်နဲ့ သယ်လာတာ မိုင်းငေါ့ရောက်တော့ အသင်းကို အကူအညီ တောင်းလာလို့ လူနာကို သွားသယ်လာပြီး ကျောက်မဲဆေးရုံကို တင်ပို့ပေးထားပါတယ်၊ ညာခြေထောက်က မိုင်းထိထားတာ တော်တော်ဆိုးတယ်" ဟု ကျောက်မဲမြို့ အခြေစိုက် ဇီဝိတလူမှုကူညီရေးအသင်း တာဝန်ခံ ဦးတင်မောင်သိန်းက ပြောသည်။
.

နမ့်တွေကျေးရွာနေ အသက် ၅၅ နှစ်အရွယ်ရှိ  ဒေါ်သိန်းမြသည် ၄င်း၏ လက်ဘက်ခြံအတွင်း အလုပ် လုပ်နေစဉ် မြေမြုပ်မိုင်း နင်းမိကာ ယာဘက်ခြေထောက်တွင် ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ပြီး လူနာကို ၁၀ မိုင်ခန့် ဝေးကွာသည့် မိုင်းငေါ့မြို့သို့ ထမ်းစင်ဖြင့် သယ်ဆောင်၍ မိုင်းငေါ့မှတဆင့် မိုင် ၃၀ ခန့် ကွာဝေးသည့် ကျောက်မဲဆေးရုံသို့ ဇီဝိတလူမှုကူညီရေးယာဉ်ဖြင့် သယ်ယူပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရခြင်း ဖြစ်ကြောင်း ဦးတင်မောင်သိန်းက ဆိုသည်။

လတ်တလောတွင် တပ်မတော်မှ ၄ လတာ ကာလ စစ်ရေး လှုပ်ရှားမှုများ ရပ်ဆိုင်းထားမည်ဟု ကြေညာချက် ထွက်ပေါ်လာခဲ့သော်လည်း ရှမ်းမြောက်ဒေသ၌ RCSS/SSA နှင့် SSPP/SSA ရှမ်းလက်နက်ကိုင်တပ်များ ဒီဇင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Recent Tube