မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ရပ်ကွက် (၄)၊ မြို့သစ်ရပ်၊
မြ ရတနာလမ်း၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးဝမ်းလုပ်ငန်း ပညာသင် တန်းကျောင်းရှိ အိမ်တွင်းမှု
ခန်းမတွင် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ် စဉ် (၅၁) နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း
အမှတ်စဉ် (၇၉)သင်တန်း ကို နိုဝင်ဘာလ ၂၆ ရက်မှ စတင်၍ ၃ လကြာ ဖွင့်လှစ် သင်ကြားပေး လျက်ရှိကြောင်း
သိရသည်။
.
.
သင်တန်းဖွင့်ပွဲတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်
ခင်လှိုင်က အဖွင့်အမှာစကား ပြော ကြားပြီး တာဝန်ရှိသူများက ကြက် သွန်နီ ၃ဝ ပိဿာ၊ ဆီ ၁ဝ
ပိဿာ၊ ကြက်ဥ ၁ဝ ကတ်တို့အား ထောက်ပံ့ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းယုန်းမှ
လက်ခံရယူခဲ့သည်။ ထို့နောက် ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းယုန်းက သင်တန်းဆိုင်ရာ အ ချက်အလက်များအား
ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းအား နိုဝင်ဘာ ၂၆ ရက်မှ ၂ဝ၁၉ ခုနှစ် မတ်လ ၁ ရက်နေ့ထိ
နေ့စဉ် ၉ နာရီ မှ ညနေ ၄ နာရီထိ စာတွေ့လက်တွေ့ သင် ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်း
တွင် အခြေခံသင်တန်းသူ ၄၂ ဦးအ ဆင့်မြင့် ကျောင်းသူ ၂၅ ဦး စုစု ပေါင်း သင်တန်းသူ ၆၇
ဦး တက် ရောက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan