နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အမှတ် (၇) အလယ်တန်းကျောင်းတွင်
မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနက ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ
ပြုလုပ်ပေးနိုင်ရန် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
.
.
အခြေခံပညာကျောင်းများတွင် ၁၀ နှစ်ပြည့်ပြီးသော ကျောင်းသား၊ ကျောင်းသူများအား
နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးနိုင်ရန် လားရှိုး လဝက ဦးစီးမှူး ဦးကျော်ကျော်လင်းနှင့်
ဝန်ထမ်းများက ဒီဇင်ဘာ ၁၂ ရက်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သစ္စာစီမံချက်နဲ့ ကျောင်းတွေကို လိုက်ပြီးဆောင်ရွက်ပေးနေတာပါ။ အချိန်ကုန်သက်သာတယ်၊
ငွေကုန်သက် သာတယ်။ အနာဂတ်ပန်းကလေးများ ပွင့်လန်းအောင်ဆိုတဲ့ဆောင်ပုဒ်နဲ့ လုပ်ဆောင်ပေးနေတာပါ”
ဟု လားရှိုး မြို့နယ် လဝက ဦးစီးမှူး ဦးကျော်ကျော်လင်းက ပြောသည်။
.
အဆိုပါအလယ်တန်းကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်အား
လိုအပ်သည်များကို ကွင်းဆင်း စိစစ်၍ မှတ်တမ်းတင်ခဲ့ပြီး ၎င်းတို့အနေဖြင့် သွေးစစ်ခနှင့်
ဓာတ်ပုံဖိုးအတွက်သာ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
.
“အရင်ကလည်း ကျောင်းတွေမှာ၊ တက္ကသိုလ်တွေမှာ ဆောင်ရွက်ပေးခဲ့တာရှိပါတယ်။
ဆက်ပြီးတော့လည်း ဆောင်ရွက်ပေးသွားဖို့ရှိပါတယ်။ ရုံးမှာလိုအပ်တာတွေ ဆောင်ရွက်ပြီးသွားရင်
ကျောင်းကိုလာပေးအပ်သွားမှာပါ” ဟု လဝက ဝန်ထမ်း တစ်ဦးက ပြောသည်။
.
ယခုဆောင်ရွက်မှုတွင် လဝက ရုံးသို့ လာရောက်၍ ငွေကြေးတစ်စုံတစ်ရာပေးဆောင်ရန်မလိုအပ်ဘဲ
ယခုဒီဇင် ဘာလအတွင်း ကျောင်း ၄ ခုတွင် ပြုလုပ်ပေးရန်အတွက် စီစဉ်ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan