ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်တွင် ဘုန်းကြီးကျောင်းဓမ္မာရုံ မီးလောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်တွင် ဘုန်းကြီးကျောင်းဓမ္မာရုံ မီးလောင်


နောင် (မြစ်မခ)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ မန်လုံးကျေးရွာဘုန်းကြီး ကျောင်းဓမ္မာရုံ၌ ဒီဇင်ဘာ ၈ ရက်၊ နံနက်ပိုင်းက ဝါယာရှော့ခ်ဖြစ်ပြီး အပူလွန်ကဲရာမှ  မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း နမ့်ဆန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

အဆိုပါဘုန်းကြီးကျောင်းရှိ ဓမ္မာရုံအတွင်း နံနက် ၂ နာရီခန့်၌ ဝါယာကြိုးများမှ ရှော့ခ်ဖြစ်ကာ မီးစတင်လောင် ကျွမ်းခြင်းကြောင့် နှစ်ထပ်အဆောက်အဦး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။
“မနက်ကဖြစ်သွားတာပါ။ လူ၊ တိရိစ္ဆာန် ထိခိုက်ဆုံးရှုံးမှု မရှိပါဘူး၊ အမှုဖွင့်ဖို့တော့ မရှိပါဘူး။ ဝါယာရှော့ခ်ဖြစ်ပြီး တော့ ဓမ္မာရုံ လောင်သွားတာပါ။ ကျေးရွာလူကြီးတွေနဲ့ လိုအပ်တာတွေကို ဆောင်ရွက်ပေးနေပါတယ်။’’ဟု နမ့်ဆန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။
မီးလောင်ကျွမ်းခြင်းကြောင့် (၃၈x၁၈x၁၈)ပေရှိ သွပ်မိုး၊ အုပ်ညုပ်၊ ကွန်ကရစ် ၂ ထပ်အဆောက်အဦးတစ်လုံး မီးလောင်ပျက်စီးသွားခဲ့ပြီး မီးလောင်သွားသည့် အဆောက်အဦမှာ သာသနိကအဆောက်အဦးဖြစ်ခြင်းကြောင့်  အမှုမဖွင့်ကြောင်း သိရသည်။

Journal Download

Photo of three cats