အမေများသို့ ကန်တော့ခြင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အမေများသို့ ကန်တော့ခြင်း


မြေခဲတောင် မောင်မောင်ဝင်း
.
ကမ္ဘာလောကကြီး၌ အမြင့်မြတ်ဆုံးဖြစ်သော လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်သည် သူ လူ့ဘဝသို့ အဦးအစ မရောက်မီကတည်းက ဖခင်မရှိတော့ပြီ ဆိုငြားအံ့ သတ္တိရှင်တစ်ဦး တစ် ယောက်ကမူ ရင်မှဖြစ်သော သားသမီးရတနာကို ရဲဝံ့စွာဖြင့် လူ့လောကအလယ်သို့ အပြုံးဖြင့် မကြောက်မရွံ့ပို့ဆောင်ပေးမည်ကား မလွဲဧကန် ဖြစ်ပါ၏။ ထိုသူကား ကျွန်တော်တို့ အားလုံးရို ကျိုးစွာဖြင့် ဦးတိုက်ကန်တော့ကြရမည့် ကျေးဇူးရှင်အမေများပင် ဖြစ်ကြပါလေသတည်း။ 
.
.
အမေဟူသည် မည်သည့်အယူဝါဒ၊ ဘာ သာတရားကို ယုံကြည်ကိုးကွယ်သည်ဖြစ်စေ၊ အသားဖြူချင်ဖြူမည် မည်းချင်မည်းမည်။ ခန္ဓာကိုယ်ဖွဲ့စည်းမှု ပိန်ချင်ပိန်မည်၊ ဝချင်ဝမည်၊ ခါးကိုင်းနားထိုင်း စသည်ဖြင့် အမေလည်း ဖြစ်ချင် ဖြစ်မည်။ အရပ်အမောင်းမြင့်သော အမေလည်း ဖြစ်ချင်ဖြစ်မည်။ ပုပျပ်ပျပ်အမေလည်းဖြစ်ချင် ဖြစ်မည်။ ငွေကြေးချမ်းသာကြွယ်ဝသော အမေ ဖြစ်ချင်လည်းဖြစ်မည်။ ဆင်းရဲမွဲတေသောအမေ ဖြစ်ချင်လည်းဖြစ်မည်။ ခေတ်မီဖွံ့ဖြိုးတိုးတက် သည့်မြို့ပြနေ့အမေလည်းဖြစ်ချင်ဖြစ်မည်။ ဟိုး ဝေးဝေးအစွန်အဖျား ရွာငယ်ဇနပုဒ်က အမေ လည်း ဖြစ်ချင်ဖြစ်မည်။ ရုပ်ရည်ရူပကာလှလှ ပပဖြင့် တင့်တင့်တယ်တယ်ရှိနေသော အမေ လည်းဖြစ်ချင်ဖြစ်မည်။ ရာထူးဂုဏ်သိမ် အရှိန် အဝါကြီးမားသော အမေဖြစ်ချင်လည်းဖြစ်မည်။ သာမန် သို့မဟုတ် သာမန်အောက်ဖြစ်နေပြီး ရရစားစား ငတ်တစ်လှည့် ပြတ်တစ်လှည့်၊ မလှ မပဖြင့် ဘဝကို ခါးသီးပင်ပန်းစွာရုန်းကန်နေရ သော အမေလည်း ဖြစ်ချင်ဖြစ်မည်။
.
သို့သော် မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်တို့ အားလုံး၏ အမေသည် ကျွန်တော်တို့ သား၊ သမီးအားလုံးတို့အတွက် မည်သို့မျှ ပုံဖော်ရေး သားချီးကျူး၍ မရလိုက်သော စံပြဂုဏ်ယူဖွယ် ကောင်းသည့် အမေများပင်ဖြစ်ကြသည်မဟုတ် ပါလား။
.
ဘဝ၏ ဖန်တီးပုံဖော်ပေးမှုအရ ကျွန်တော်တို့ သားသမီးများကို မပြည့်မစုံ ချို့ချို့တဲ့တဲ့ဖြင့် လူ့လောက အလယ်သို့ ရဲဝံ့စွာပို့ဆောင်ပေးခဲ့သော ကျေးဇူးရှင် အမေတို့သည် ကျွန်တော်တို့ သားသမီးများကိုမူ ကြည့်မဝ၊ ရှုမဝဖြင့် ပြုစု စောင့်ရှောက်ပေးခဲ့ကြသည်သာ ဖြစ်ပါ၏။
.
ဤသို့ ကျေးဇူးကြီးမားသော မဟာလူသား အမေတို့အတွက် အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာမှ ကမ္ဘာ့မိခင်များနေ့ သို့မဟုတ် ကမ္ဘာ့အမေများနေ့အဖြစ် နှစ်စဉ် မေလ ဒုတိယအပတ်၊ တနင်္ဂနွေနေ့ကို ၁၉ဝ၇ ခုနှစ်၊ မေလ ၁၂ ရက် နေ့မှစ၍ ဂုဏ်ယူစွာဖြင့် သတ်မှတ်ပေးခဲ့ပါသည်။
.
ကျွန်တော်တို့ မြန်မာ့နိုင်ငံတော်အနေဖြင့် မူ စာပေနှင့် ဂီတပညာရှင်ဖြစ်သည့် ဒါရိုက်တာ အကယ်ဒမီများရှင် ဆရာကြီး ဦးသုခ(၁.၁. ၁၉၁ဝ-၇.၁၂.၂ဝဝ၅)မှ အမေနေ့ ဖြစ်ပေါ်လာ ရန် အစပြုလှုံ့ဆော်ရေးသားခဲ့ရာက ကောဇာ သက္ကရာဇ် ၁၃၅၈ ခုနှစ်မှစ၍ ကျေးဇူးရှင် ''အမေနေ့''ဟူ၍ ပေါ်ပေါက်ခဲ့ရသည်ဟုမှတ်သားရ ပါသည်။
.
ခွာညိုပန်းများပွင့်ပြီး ရှေးကမြင်းခင်းသဘင် ပွဲတော်များ ကျင်းပလေ့ရှိသည့် ကြည်လင်အေး မြသာယာသော ပြာသိုလ၏ လပြည့်နေ့ကို ကျေးဇူးရှင်အမေတို့၏ တုနှိုင်းမရသောမေတ္တာ ဖြင့် ပမာပုံစံတင်ပြုလျက် အဆိုပါ ပြာသိုလ ပြည့်နေ့ကို ဆရာကြီး ဦးသုခက ''အမေနေ့'' ဟူ၍ သတ်မှတ်ခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရှိ ရပါသည်။ ဤသို့သတ်မှတ်ရာတွင် ဆရာကြီး ဦးသုခသည် နိုင်ငံတကာက သူတို့နည်း၊ သူတို့ ဟန်၊ သူတို့စံဖြင့် သတ်မှတ်ထားသော မိခင် များနေ့ သို့မဟုတ် အမေများနေ့အဖြစ် ပုံတူ သတ်မှတ်ရန် ဆန္ဒရှိဟန် မတူပါ။ အမေနေ့ (Morther Day)ဟူ၍ သတ်မှတ်စေခဲ့ခြင်းဖြစ် ပါသည်။
.
ဤသို့ဖြင့် ကျွန်တော်တို့ သားသမီးအားလုံး တို့၏ ''အမေနေ့''ဟူ၍ မြန်မာပြည်အထက်ပိုင်း ရတနာပုံ မန္တလေးမြို့မှ အစပြုကျင်းပလာခဲ့ရာ နိုင်ငံတစ်ဝန်း ပြာသိုလပြည့်နေ့ ကျရောက်သည် နှင့် ''အမေနေ့''အခမ်းအနားများကို လူမှုရေး အသင်းအဖွဲ့များက ဦးစီးလျက် မြိုင်မြိုင်ဆိုင် ဆိုင်ဖြင့် ကျင်းပလျက်ရှိနေကြပါ၏။
.
ဤတွင် အလျဉ်းသင့်သဖြင့် ဆရာကြီးဦး သုခနှင့် ဆက်စပ်ပတ်သက်၍ ဆရာကြီး ဦးသုခ နောင်တရမဆုံး ဖြစ်ခဲ့ရသော တေးသီချင်းတစ် ပုဒ်ကို တင်ပြလိုပါ၏။
.
တခြားမဟုတ်ပါ ''စိတ်ညစ်လို့ အရက်ကို သောက်တယ်'' အစပြုသော တေးသီချင်းဖြစ်ပါ ၏။ ထိုသီချင်းကို ရေးစပ်ခဲ့မိခြင်းအတွက် ဆရာကြီး ဦးသုခသည် လွန်စွာမှ နောင်တရမိပါ ကြောင်းကို။
.
ဆရာကြီးဦးသုခသည် စာပေဟောပြောပွဲ များတွင် ထည့်သွင်းပြောကြားခဲ့ပါကြောင်း။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လထုတ် 'သာရ မဂ္ဂဇင်း'  ဆောင်းပါးအရ ပြန်လည်တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
.
ဆရာကြီး ဦးသုခ အစပြု ပုံဖော်ခဲ့သည့် ကျေးဇူးရှင် ''အမေနေ့''နှင့် ပတ်သက်၍ သား၊ သမီးများစွာထဲက တစ်ယောက်ဖြစ်သော ကျွန်တော့်အနေဖြင့်မူ ဂုဏ်ယူစွာဖြင့် မှတ်တမ်းပြု ရေးမှတ်ထားသည့် ၂ဝဝ၂ ခုနှစ်၊ မေလထုတ် ''နွယ်နီမဂ္ဂဇင်း''ပါ။ ဆရာကြီးအံ့မောင်၏ 'အ သည်းနှလုံးက အမြဲပြုံးလို့ စကားပြောကြသည်' မှ အောက်ပါ အမေ့ဂုဏ် ၉ ပါးကို တင်ပြလိုက် ပါသည်။
.
၁။ အမေဟာ သားသမီးတွေကိုချစ်တယ်။
၂။ သားသမီးတွေကို ကျွေးမွေးပြုစု စောင့်ရှောက်တယ်။
၃။ သားသမီးတွေ လူဖြစ်ဖို့ အမေဟာ အစစ အပင်ပန်းခံ၊ အနစ်နာခံ လုပ်ပေးတယ်။
၎။ အမေဟာ အပေးသာ လုပ်ချင်ပြီး သား သမီးထံမှ ပြန်ရဖို့ ဘာမှမမျှော်လင့်။
၅။ သားသမီး မျက်နှာ မြင်နေရသမျှ အမေ စိတ်ချမ်းသာနေတယ်။ ပျော်နေတယ်။
၆။ တချို့သော သားသမီးက မကောင်းတတ် ရင်တောင် အမေကတော့ ချစ်မြဲချစ်နေတာပဲ။
၇။ သားသမီးအတွက်ဆိုရင် အမေတွေဟာ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ရဲ တယ်။
၈။ အနစ်နာခံစရာရှိ အမေကခံတယ်။
၉။ အမေဟာ ဘယ်တော့မှ မခမ်းနိုင်တဲ့ မေတ္တာစမ်း ဟူ၍ ဖြစ်ပါသတည်း။
.
ဆက်လက်၍ မင်္ဂလာရှိသော ''အမေနေ့'' အတွက် ဂုဏ်ပြုဖော်ပြလိုသော စာပိုဒ်မှာ ၉.၁၁.၂ဝ၁၇ ရက်နေ့ထုတ် ကမ္ဘောဇတိုင်းသ တင်းဂျာနယ်ပါ ဆရာ ဆာယာလှမြင့်၏ ''ဆပ် လို့မကုန်၊ ဝသုန်ဤမြေဆုံးတိုင်''မှ အောက်ပါ စာပိုဒ်တိုလေးပဲ ဖြစ်ပါသည်။
.
အမေဟူသည် သက်ရှိထင်ရှားလူပုဂ္ဂိုလ် မဆိုထားနှင့် သက်မဲ့ဖြစ်သည့် အမေဝတ်ခဲ့ဖူး သော ထမီသည်ပင် မည်မျှ ကျေးဇူးကြီးမား ကြောင်းကို ပြသလိုက်သော ဖြစ်ရပ်လေးဖြစ်ပါ ၏။
.
ဟိုးယခင် ငယ်စဉ်က ငှားဖွင့် နားထောင်ခဲ့ ရသော တရားတိတ်ခွေများမှတဆင့် ကြားနာခဲ့ ဖူးပါသော်လည်း မှတ်မှတ်ထင်ထင်ဖြင့် ထိုစဉ်က ကျွန်တော်ရေးမှတ်မထားမိခဲ့ပါပေ။
.
သို့ရာတွင်မူ ယခု ဆရာ့ဆောင်းပါးကို ဖတ်အပြီး ပီတိမျက်ရည်များ ကျရသည်ထိ ဖြစ်ရသဖြင့် အဆိုပါ ဂျာနယ် ကျွန်တော့်ထံ ရှိနေသော်လည်း မှတ်စု၌ ထိုစာပိုဒ်တိုလေးကို ကူးယူထားရကြောင်းပါ ဆရာ ဆာယာလှမြင့် ခင်ဗျား။
.
''တစ်ခါက ပဲခူးရွှေမော်ဓောဘုရားပွဲတွင် မီးလောင်မှုဖြစ်၏။ ရွှေမန်းတင်မောင်၊ ရွှေနန်း တင်တို့ ဇာတ်ရုံနှစ်ရုံ မီးထဲပါ သွား၏။ စိန်အောင်မင်း ဇာတ်ရုံမီးမလောင်ချေ။ ဇာတ်ရုံခေါင်မိုးတွင် ဝါးလုံးရှည်ဖြင့် ထမီးတစ်ထည်အလံထူထောင်  ထားသည်။ စိန်အောင်မင်း၏ အမေ့ထမီ ဖြစ်သည်။ သည်အထိ အမေ့ကျေးဇူးက ကြီး၏။''
.
.
.
#KBZTai #Shan

Journal Download

Photo of three cats