စာမဖတ်သည့် ဒဏ် ခံနေရသည့် နိုင်ငံ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, December 20, 2018

စာမဖတ်သည့် ဒဏ် ခံနေရသည့် နိုင်ငံ



ကျော်လင်းထွန်း (ချောင်းဦး)
.
.
ခေတ်၏ဖျော်ဖြေရာလူမှုကွန်ရက်တစ်ခုဖြစ် သော င်္ခေနဘသသု တွင် အခုရက်ပိုင်းတွင် နာမည်ကြီး လူသိများသော သတင်းနှစ်ခုမှာ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှ မူလွန်ကျောင်းအုပ် ဆရာမကိုယ်တိုင် WY ဆေးပြားများနှင့်အဖမ်း ခံရသော သတင်းနှင့် ပြည်မြို့ရွှေဆံတော်ဘုရား တွင် တာဝန်ကျရဲမေနှစ်ဦးနှင့် ရဲအရာရှိကတော်တို့ ဘုရားအာရုံခံ တန်ဆောင်းအတွင်း ရုန်းရင်း ဆန်ခတ်ဖြစ်ကြသည့် သတင်းတို့ပဲဖြစ်ပါသည်။ ဤသတင်းနှစ်ခုသည် အဘယ့်ကြောင့် လူအ များစိတ်ဝင်စားပြီး နာမည်ကြီးသွားရသနည်း။ အသေအချာအဖြေရှာ ကြည့်သောအခါ ငိုအား ထက် ရယ်အားပိုသန်လာပါသည်။ ကျောင်း သားကျောင်းသူများနှင့် ဆရာ၊ ဆရာမအများ ၏ စံပြပုဂ္ဂိုလ် ကျောင်းအုပ် ဆရာမက လက်ထောက်ဆရာ၊ ဆရာမနှင့် ကျောင်းသားကျောင်းသူများ ပြုလုပ်လျှင် (မူးယစ်ဆေးဝါး ရောင်း ဝယ်ဖြန့်ဖြူးသုံးစွဲနေလျှင်) တားမြစ်အရေးယူရ မည့်အစား ကိုယ်တိုင်ပြစ်မှုကို ကျူးလွန်နေခြင်း ကိစ္စ။ ဤသို့ဤနှယ်ပင် အများပြည်သူရှေ့ မှောက်တွင် အရပ်သူအရပ်သား အချင်းချင်း ရုန်းရင်းဆန်ခတ်ဖြစ်လျှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များမှ အရေးယူဖြေရှင်းဆောင်ရွက်ရမည့် အစား ရဲတပ်ဖွဲ့ဝင်မိသားစုများ ရုန်းရင်းဆန်ခတ်  ဖြစ်သွားသည်ကို ပြည်သူ(အရပ်သား)များမှ ဝင်၍ ထိန်းသိမ်းပေးရခြင်းကိစ္စ၊ ပြောင်းပြန် ဇောက်ထိုးကိစ္စ သတင်းဖြစ်နေ၍ ပိုပြီးစိတ်ဝင် စားမှု ရရှိသွားကာ နာမည်ကြီးသွားခြင်းဖြစ်ပါ သည်။
.
စာဖတ်ခြင်းနှင့် ဝေဖန်ခွဲခြားနိုင်စွမ်း
.
ယနေ့ခေတ် လူအများစုသည် စာဖတ်စွမ်း ရည် အလွန်နိမ့်လာပါသည်။ ကျမ်းခန့်ကျမ်းခိုင်ဖန်နေသူများကို စာရူးပေရူးဟုဆိုကာ သူတို့ (စာဖတ်သူများ)အချင်းချင်း လူမှုကွန်ရက်တွင် တတ်ယောင်ကားလုပ်ကာ သာယာနေသူကများ သည် ဂုဏ်တူဂုဏ်ပြိုင်သူများကို ကြည့်လျှင် စာမဖတ်တတ်ကြသူများ(ဘွဲ့ရပညာတတ် သော်လည်း စာပေဗဟုသုတနည်းကြ၍ တစ် ကိုယ်ကောင်းဆန်တတ်၊ အတ္တကြီးတတ်သူများ) ဖြစ်ကြသည်။ ဦးနှောက်သာမက နှလုံးသားကင်း   မဲ့ကြသူများဖြစ်သည်။ ဆရာဦးအောင်သင်း၏ စကားကို ကိုးကားတင်ပြ ချင်ပါသည်။
.
''ဥစ္စာရူး၊ ဂုဏ်ရူး၊ အာဏာရူးတွေကိုတော့ ချစ်လို့မရဘူးကွ၊ ဒီလိုလူတွေက နှလုံးသားရှိ ကြတာမဟုတ်ဘူး၊ အေး ဒါပေမဲ့ စာရူး၊ ကဗျာရူး၊ တဏှာရူး(အချစ်ရူး)တွေကိုတော့ ချစ်တယ်ဟေ့။ ဒီလိုလူတွေက နှလုံးသားရှိတယ်ကွ''ဟူ၍ ဆရာကြီးပြောခဲ့ဖူးပါသည်။
.
မှန်ပါသည်။ တစ်ကိုယ်ကောင်းဆန်၍ အတ္တကြီးသော ဥစ္စာရူး၊ အာဏာရူး၊ အာဏာ ရူးတို့သည် 'ဘယ်သူသေသေ ငတေမာပြီးရော' အတွေးရှိသည်။ အများအကျိုး(ပရဟိတ)မသိ သည့် စာပေသုတမရှိသည့် လူတန်းစားများပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတန်းစားက လုပ် သည့် ပရဟိတ၊ လူမှုရေး ဆိုသည်မှာလည်း အပေါ်ယံ “for show” လူမြင်ကောင်းရုံမျှသာဖြစ်သည်။ စာပေမဖတ်ခဲ့ကြသည့်အတွက် အ ကြောင်းအကျိုးမသိ။ သူများယောင်လို့ယောင် ခဲ့ကြရပြီး တောင်မှန်း မြောက်မှန်း မသိခဲ့ကြ သည်က များသည်။
.
စာပေနှင့်ကျန်းမာရေး
.
ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးတစ်ဦးက ပြောခဲ့ဖူးပါသည်။ သူနာမကျန်းဖြစ်၍ အားအင် ချည့်နဲ့နေသော အချိန်တွင် သူနောင်တရ၍ ပြောခဲ့သောစကားဖြစ်သည်။
.
''ကျွန်တော့်ဘဝတွင် သိပ္ပံနှင့် ပတ်သက် သော၊ အတတ်ပညာအမျိုးမျိုးနှင့် ပတ်သက် သော စာအုပ်များစွာ ဖတ်ဖူးပါတယ်။ သို့သော် ရသပိုင်းဆိုင်ရာ စာအုပ်တွေဖတ်ခြင်း အင်မ တန်နည်းခဲ့ပြီး အထူးသဖြင့် ကျန်းမာရေးနှင့် ပတ်သက်သော စာပေများကို မဖတ်မိသည့်အတွက် အခုချိန်ထိ နောင်တရနေမိတာပါပဲ''ဟူ ၍ဖြစ်သည်။
.
တကယ်ဆိုရလျှင် ကျန်းမာရေးနှင့်ပတ် သက်သော စာအုပ်စာပေများသည် လက်တစ် ကမ်းမှာပင် ပေါများစွာ တွေ့နိုင်ပါသည်။ ယနေ့ ခေတ်တွင် ဂျာနယ်များပင်လျှင် ရှိနေပါသည်။ အချို့လူများက နေမကောင်းသောသူများသာ ကျန်းမာရေးစာပေဖတ်သည်၊ လေ့လာသည်ဟု ယူဆနေကြပေလိမ့်မည်။ ဤသို့မဟုတ်ပါ။ လူဆိုသည်မှာ ကွေးသောလက်မဆန့်မီ၊ ဆန့် သောလက်မကွေးမီ ဘဝကူးသွားနိုင်သည်ကို မေ့နေကြသူများက ဒုနှင့်ဒေးပင်ဖြစ်သည်။ သို့ပါ ၍ မိမိက ကျန်းမာရေးဗဟုသုတလေ့လာသိရှိ ထားပါက ဆောင်ရန်၊ ရှောင်ရန်များနှင့် ဘဝ နေပုံထိုင်ပုံ၊ စားသောက်နေထိုင်ပုံများ ပြောင်း လဲပေးခြင်းဖြင့် ''အသက်Óာဏ်စောင့်''ကာ ကွယ်နိုင်ပါသည်။
.
ယနေ့ခေတ်တွင် ကျန်းမာရေးနှင့်ပတ်သက် သော အန္တရာယ်ပေါင်းစုံသည် စာရေးသူတို့ ပတ်ဝန်းကျင်တွင် ဝိုင်းဝိုင်းလည်နေသည်။ ႈည်အေညအ မ်ား၊ ၤေ်အ ္သသိ မ်ား၊ ထုတ္လုပ္မႈ ရက္စြဲမသိ၊ သက်တမ်းလွန်ရက်စွဲမသိသော အစားအစာများကို မြိန်ရည်ယှက်ရည်သုံးဆောင် နေသူအများစုသည် စာပေနှင့်ဝေးနေကြသူများ ပင်ဖြစ်ကြသည်။ ဝမ်းနည်းဖွယ်ရင်လေးဖွယ် ကောင်းလှပါသည်။
.
စာပေနှင့် ဘာသာရေးအသိ
.
စာပေလေ့လာလိုက်စားမှုများလာလျှင် အခြားသူများ၏ ဘာသာရေးကို နားလည်သဘော ပေါက်လာရုံမကဘဲ မိမိတို့၏ မိရိုးဖလာ ယုံ ကြည်ကိုးကွယ်မှုကိုပါ သတိပြုမိလာကြသည်။ ထိုအခါ ဘာသာရေးအစွန်းရောက်ခြင်း၊ အစွဲ ကြီးပြီး ငြင်းခုန်တိုက်ခိုက်ခြင်း ကင်းမဲ့လာပါ မည်။ မိမိဘာသာတရား၏ အားနည်းချက်များ၊ ပြုပြင်ဖွယ်ရှိသည်များကို သာ ထောက်ရှုပြင်ဆင် ခြင်းအားဖြင့် မိမိ၏ ဘဝတန်ဖိုးလည်း တိုး တက်လာပြီး မိမိဘာသာတရားလည်း အဓိ ပ္ပာယ်ရှိလာပါမည်။ ယနေ့ခေတ်အထူးသဖြင့် စာရေးသူတို့တိုင်းပြည်သည် စာပေလေ့လာမှု အလွန်အားနည်းနေ ပါသည်။ မညှာမတာဝေဖန် ရပါလျှင် အလွန်စိုးရိမ်ဖွယ်ကောင်းလောက် အောင်ပင် စာမဖတ်ကြပါ။ ဏေါနံသကမ စာ ဖတ်ချိန်ထကှ်ခမနနညံသကမ ဖုန်း/ကွန်ပျူတာ၊ ရုပ်မြင်သံကြား ဖန်သားပြင်နှင့်ကုန်သောအချိန် က ပိုများနေကြသည်။ ဆင်ခြင်တွေးတော စဉ်း စားချိန်ထက် မစဉ်းစားမဆင်ခြင်ဘဲ အချိန်ဖြုန်း နေခြင်းက များနေပါသည်။ စာဖတ်ရှိန်မြှင့်တင် နိုင်ရနှ်ခမနနညံသကမ များ လျှော့သင့်ကြပါသည်။
.
စာပေကပေးသော နီတိ၊ ဆုံးမစာများ
.
''အလိမ္မာ စာမှာရှိ''ဆိုသည်မှာ အလယ်တန်းအဆင့် ကျောင်းသားအရွယ်ကပင် သိရှိခဲ့ ကြပြီးဖြစ်သည်။ သို့သော် အလိမ္မာရှိသောစာ ပေကို မမွေ့လျော်သော ကျောင်းသားလူငယ်ဦး ရေသည် တစ်နေ့ပြီးတစ်နေ့ ကြောက်ခမန်းလိ လိ တိုးနေပါသည်။ အကျိုးဆက်အနေဖြင့် ယဉ်ကျေးမှုဆိုတာ နားမလည်ကြတော့ပေ။ မိ မိတို့ယဉ်ကျေးမှုကို တန်ဖိုးမထားဘဲ တိုင်းတစ် ပါးယဉ်ကျေးမှုကို အားကိုးတန်ဖိုးထားတတ်လာ သည်။ မိမိလူမျိုး၏ ရိုးရာနှင့်ဓလေ့ကိုမသိ၊ နား မလည်တော့ဘဲ အခြားလူမျိုး၏ ဓလေ့စရိုက်ကို နှစ်သက်လာကြသည်။ ပြောရမည်ဆိုလျှင် အ မေကျော်၍ ဒွေးတော်လွမ်းသူများကို ဝမ်းနည်း ဖွယ်တွေ့မြင်နေရသည်။ ထိုမျှသာမက အကြီး အငယ်မခွဲခြား၊ ကျား/မ မခွဲခြားဘဲ ငါ့မြင်း၊ ငါ စိုင်း စစ်ကိုင်းရောက်ရောက် လူတန်းစားများ၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်လူငယ်များကို စိတ်မချမ်းမြေ့ဖွယ် တွေ့နေရပါသည်။
.
မိမိဘဝအတွက် ကောင်းစေ့ချင်၍ ဆုံးမသော သူများကိုပင် မိတ်ကောင်းဆွေကောင်းဟု မထင်။ မိမိဘဝ ကောင်းမွန်အောင် လမ်း ညွှန်ပေးသောသူကို သူငယ်ချင်းကောင်းဟူ၍ မယူဆဘဲ နေရာတကာ ဆရာလုပ်သည်ဟု မကောင်းမြင် အကောင်းမထင်ကြသော ကျောင်း သား/ကျောင်းသူ လူငယ်များမှာ ငယ်စဉ်ကပင် စာပေပညာ မလိုက်စားကြသူများဖြစ်သည်။
.
လူမှုကွန်ရက်စာမျက်နှာပေါ်မှ မလိုလား အပ်သော စသျအ နှင့် စေါန များဖြင့်သာယာနေ သောသူများသည် တစ်ရက်လျှင် စာမည်မျှ ဖတ်ကြပါသနည်း။ လူငယ်များကိုသာ အပြစ်ပုံ ချပြီး မိမိတို့ ကိုယ်တိုင်ကဖြင့် စာမဖတ်သော အုပ်ထိန်းသူ၊ လူရွယ်လူလတ်မှာ မည်မျှထိ အောင် များနေပါသနည်း။ ''သားသမီးမကောင်း မိဘခေါင်း''ဆိုသည်ကို မေ့လျော့နေကြသူများ ဆင်ခြင်သင့်လှသည်။ အုပ်ထိန်းသူမိဘများ၊ ဆရာဆရာမများအနေဖြင့် မိမိတို့၏ အိမ်၊ ကျောင်း၊ ဘော်ဒါ၊ ရုံးစသည်တို့တွင် စာအုပ် စင်များထားခြင်းနှင့် ကိုယ်တိုင်လည်း ရှေ့ ဆောင် လမ်းပြစာဖတ်ကြခြင်း၊ စံပြဖြစ်စေခြင်း လိုအပ်လှပါသည်။
.
ရသစာပေများနှင့် စာနာနားလည်မှု
.
''ရသခံစားမှု''ကို စာပေလေ့လာမှုများသူ သာ ခံစားသိရှိနိုင်ပြီး ''ရသ''သည် စာပေမျိုးစုံ တွင် တွေ့နိုင်သည်။ အထူးသဖြင့် ဝတ္ထုတိုများ၊ ဝတ္ထုရှည်များနှင့် ကိုယ်တွေ့မှတ်တမ်းများ၊ ရာ ဇဝင်သမိုင်းများတွင် ဘဝမျိုးစုံ၊ လူတန်းစား၊ အလွှာမျိုးစုံကို တွေ့မြင်ရသည်။ ထိုမှတဆင့် မိမိဘဝနှင့် မိမိထက်ပိုဆိုးသော ဘဝကို နှိုင်း စာမိကာ အားဖြစ်ရခြင်း၊ မိမိကဲ့သို့သောဘဝနှင့် ပင် ကြိုးစားစွမ်းဆောင်နိုင်ကြခြင်း၊ မိမိထက် သာသော အစစအရာရာပြည့်စုံသော ဘဝပိုင် ရှင်များပင် လွဲချော်မှုများစွာဖြင့် ဘဝနိမ့်ပါးစွာ ဇာတ်သိမ်းရခြင်းတို့ကို စာပေဖတ်ရှုခြင်းမှ သိ ရှိနိုင်သည်။ ကိုယ်တိုင်ဤသို့သော ဘဝမျိုးသို့ ရောက်ရန်မလို။ စာပေ မှတဆင့် သိရှိနားလည်နိုင်သည်။
.
စာဖတ်တတ်သောသူ၊ စာဖတ်များပြီး စာပေမျိုးစုံ လေ့လာ ပြီးသောသူသည် ပတ်ဝန်းကျင်လောကကမ္ဘာကို ရိုးရိုးရှင်းရှင်းမြင်တတ် သည်။ အဖြစ်အပျက်များကို အကြောင်းအကျိုး ဆင်ခြင်သိကြသည်။ ထို့ကြောင့်ပင် မိမိနှင့် ထိတွေ့ဆက်ဆံရသော လူပုဂ္ဂိုလ်၊ ပတ်ဝန်းကျင်၊ အဖြစ်အပျက်အားလုံးကို သိပ္ပံနည်းကျကျ၊ ယုတ္တိရှိရှိဆင်ခြင်သုံးသပ်နိုင် စွမ်းကြသည်။   
.
သုတစာပေများနှင့် ခေတ်ကြေးမုံ
.
ရသစာပေသည် ခံစားမှုပိုင်း၊ စာနာ နားလည်မှုပိုင်း ဖြစ်သည်။ သို့သော် ထို့ထက် ပိုမို ခံစားစာနာနားလည်အောင် သုတစာပေများက ဖြည့်ဆည်းစွမ်းဆောင်နိုင်ပါသည်။ ယနေ့ခေတ် ကမ္ဘာ့ပြဿနာ အမျိုးမျိုး၊ ပြည်တွင်းစစ်၊ နယ်ခြားစစ်၊ ဘာသာရေး ပဋိပက္ခ၊ အာဏာ ရယူရေး ပြိုင်ဆိုင်မှု စသော ဗဟုသုတမျိုးစုံကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာအုပ်များ ဝယ်ယူဖတ်ရှုရင်း သိမြင်နိုင်သည်။ ထိုအခါ ဒေသအသီးသီးမှ လူတန်းစား မျိုးစုံတို့၏ ဘဝအခြေအနေ၊ စီးပွားရေး ပြောင်းလဲမှု၊ ခေတ်စနစ်ပြုပြင်ရေးတို့ကို လေ့လာသိရှိနိုင်ပြီး ပိုမိုတိုးတက်ကောင်းမွန် သော လူ့ဘောင်လောကကို ဖန်တီးနိုင်ရန် ကြိုးစားလာကြမည်။ ငြိမ်း ချမ်းသာယာသော လူ့ဘဝများ၊ လူမှုပတ်ဝန်းကျင်များ ဖြစ်ထွန်းလာရန် ပူးပေါင်းဆောင်ရွက်လာပါလိမ့်မည်။
.
နိဂုံးချုပ်အနေဖြင့် တင်ပြရသော စာရေးသူတို့ နိုင်ငံ၏ လက်ရှိခေတ်၊ လက်ရှိ အခြေအနေများ ကသောင်းကနင်း ယိုယွင်းနေကြရခြင်းမှာ စာ မဖတ်သည့် ဒဏ်များခံနေရခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ စာဖတ်များသည် ပတ်ဝန်းကျင်၊ စာ များများဖတ်သည့် လူမှုဝန်းကျင် ဖန်တီးခြင်းဖြင့် ဆင် ခြင်သုံးသပ်နိုင်သော ဦးနှောက်ပိုင်ရှင်များ စုပေါင်းအလုပ် လုပ်ကြ၍ နိုင်ငံပြန်လည်ထူထောင်ကြပါစို့ဟု တိုက်တွန်းရေးသားအပ်ပါသည်။
.
.
.
#KBZTai #Shan

Recent Tube