ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင် ကြီးမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု
အသင်း ခန်းမတွင် ဒီဇင်ဘာလ ၉ ရက်၊ မွန်းလွဲပိုင်းက အမှတ် (၂၂၂) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်မှ
တပ်မတော်သား တစ်ဦး၏ ဇနီးက စုကြေးငွေများ ရယူကာ ထွက်ပြေး တိမ်းရှောင်သည်ဟု ဆိုကာ သတင်း
စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
.
.
တောင်ကြီးမြို့နယ်၊ ရွှေညောင် မြို့ရှိ အမှတ် (၂၂၂) ထောက်ပံ့ နှင့်
ပို့ဆောင်ရေး တပ်ရင်းမှ တပ်မတော်သား တစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်ကေဇာဝေလင်းသည် လူမှုကွန်
ရက်ပေါ်တွင် ယုံကြည်အပ်နှံရာ မိသားစုဂေဟာအမည်ဖြင့် အကောင့် ဖွင့်၍ စုကြေးနှင့် အမြတ်ငွေများအား
ရောင်းချကာ နိုဝင်ဘာလ ၁၅ ရက် တွင် လူဦးရေ ၁ဝဝ ကျော်ထံမှ ငွေကျပ် သိန်းပေါင်း ထောင်ချီအား
ရယူကာ ခင်ပွန်းဖြစ်သူနှင့် အတူ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ယနေ့ အချိန်အထိ လာရောက်
ဖြေရှင်းခြင်း မရှိသည့်အပြင် ¤င်း၏ မိသားစုဝင် များအား သွားရောက်မေးမြန်းရာတွင် မချေမငံ
ဆက်ဆံပြောဆိုခဲ့ကြောင်း ငွေကြေးလိမ်လည်ခံရသူ တစ်ဦးဖြစ်သူ ကိုမြတ်သွန်းမောင်က ပြောသည်။
'' ဒီနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ သမာအာဇီဝနဲ့ ရှာထားတဲ့ ငွေတွေကို
မတရားသဖြင့် လိမ် လည်သွားတာရယ်၊ ဒီလိုမျိုး လူတွေ လိမ်နေတာကို နိုင်ငံတော်အစိုးရက ဒီတိုင်းဆက်ကြည့်မနေဘဲ
ပြင်းထန် တဲ့ ဥပဒေ ချမှတ်ပေးစေချင်လို့ ပြု လုပ်ရတာ ဖြစ်ပါတယ်''ဟု ကိုမြတ် သွန်းမောင်က
ပြောဆိုခဲ့သည်။
.
ထို့အတူ သတင်းစာရှင်းလင်းပွဲ ကို ဦးဆောင် ပြုလုပ်သူ ဒေါ်ရီရီသန့်
ကလည်း''ကျွန်မကတော့ သိန်း ၂ဝဝ ကျော်လောက် ပါသွားပါတယ်။ ပိုက်ဆံကတော့ ပြန်လိုချင်တာပေါ့။
ဒါပေမဲ့ နောက်ပိုင်းကျတော့ ကိုယ်လည်း အလုပ်အကိုင် ပျက်တယ်ဆိုပြီးတော့ အဆုံးခံမယ်လို့
နေခဲ့ပါတယ်။ အဲဒီအ ချိန်မှာ ကိုယ့်ထက် အားနည်းတဲ့ လူ ငယ်တွေက ဘဝပျက်ကုန်ပြီ။ ကူညီ ပါဦးလို့
ပြောလာတဲ့အတွက် ဒီသ တင်းစာ ရှင်းလင်းပွဲကို ဦးဆောင်ပြီး ပြုလုပ်ခဲ့တာပါ။ မီဒီယာတွေကနေတ
ဆင့် ပြည်သူလူထုကို နောက်ထပ် ဒီ လိုမျိုး အလိမ်မခံရအောင် သိစေချင် တာပါ။ ဆုံးရှုံး နစ်နာသွားတဲ့လူတွေ
အကုန်လုံး ပြန်မရရင်တောင်မှ သူတို့ ဘဝလေးတစ်ခု ထူထူထောင်ထောင် လေး ပြန်ဖြစ်စေချင်တယ်။''ဟု
ပြော သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ နစ်နာသူများမှ
စာဖြင့် တိုင်ကြားခဲ့သော် လည်း သက်ဆိုင်မှု မရှိကြောင်းအား ပြန်လည်အကြောင်း ပြန်ကြားခဲ့ပြီး
အမှတ် (၂၂၂) ထောက်ပံ့နှင့် ပို့ဆောင် ရေးတပ်ရင်းမှ တပ်ရေးဗိုလ်ကြီးထံ သွားရောက်မေးမြန်းရာတွင်လည်း
သက်ဆိုင်မှု မရှိကြောင်းကို ပြန်လည် ဖြေကြားခဲ့သည်ဟု သိရသည်။
.
ယင်းကဲ့သို့ ငွေကြေးလိမ်လည် မှုနှင့် ပတ်သက်၍ လိမ်လည်သူ ဒေါ်ကေဇာဝေလင်းအား
ရွှေညောင်ရဲစခန်းတွင် ဒီဇင်ဘာလ ၄ ရက်က ဒေါ် သင်းမာဦးမှ ဦးဆောင်၍ လိမ်လည်ခံ ရသူ ၂၆ ဦးက
ပုဒ်မ ၆၆(ဂ)ဖြင့် အမှုဖွင့်ထားပြီး ဒီဇင်ဘာလ ၉ ရက် တွင် ပုဒ်မ ၁ဝ ဖြင့် ထပ်မံအမှုဖွင့်ခဲ့
ကြောင်းနှင့် ငွေကြေးလိမ်လည်ခံရသူ လူဦးရေ ၁ဝဝ ကျော်ရှိပြီး အမှုဖွင့် တိုင်တန်းသူ ၂၇
ဦးထံမှ ငွေကျပ်သိန်း ၅ဝဝဝ ကျော် လိမ်လည်ခဲ့ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ငွေကြေးလိမ်လည်သည်ဟု အမှုဖွင့် တိုင်တန်းခံရသူ
ဒေါ်ကေဇာဝေလင်း အား ကမ္ဘောဇတိုင်းမှ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း စက်
ပိတ်ထားခြင်းကြောင့် ဆက် သွယ်၍ မရရှိခဲ့ချေ။
.
.
.
#KBZTai #Shan