ကျောက်မဲမြို့တွင်ခိုလှုံနေသော တိုက်ပွဲရှောင် ၁၀၀ ကျော် နေရပ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့တွင်ခိုလှုံနေသော တိုက်ပွဲရှောင် ၁၀၀ ကျော် နေရပ်ပြန်


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်း တိုက်ပွဲရှောင် ၁၀၀၀ ကျော်ရှိသည့်အနက် ကျောက်မဲမြို့ တွင် ခိုလှုံနေသော မိုင်းငေါ့မြို့နယ်ခွဲ၊ ချုံဟောင်းကျေးရွာမှရွာသား ၁၀၀ ကျော်မှာ ဒီဇင်ဘာ ၆ ရက်တွင် နေရပ် ပြန်သွားပြီဖြစ်ကြောင်း သိရှိရသည်။
.
 
.
ချုံဟောင်းရွာသား ၁၀၀ ကျော်မှာ ၎င်းတို့ကျေးရွာအနီး နိုဝင်ဘာ ၁၈ ရက်က ပစ်ခတ်မှုများကြောင့် ကျောက်မဲမြို့၊ (၈)ရပ်ကွက်ရှိ သန္တိသုခဓမ္မာရုံတွင် လာရောက်ခိုလှုံနေကြရာမှ ဒီဇင်ဘာ ၆ ရက်တွင် ပြန်သွားကြ ခြင်းဖြစ်သည်။
.
“သူတို့ရွာတွေဘက်မှာ တိုက်ပွဲတွေဖြစ်လို့ ကျောက်မဲမှာလာပြီး ခိုလှုံနေကြတာပါ။ အခုတော့ အေးချမ်းသွားပြီ ဖြစ်လို့ပြန်ကြတာပါ။ ဖြစ်လိုက်၊ ငြိမ်လိုက်ပါပဲ။ ပစ်ခတ်တာတွေ နေရာပြောင်းသွားတာပါ”ဟု တိုက်ပွဲရှောင်များ အား ကူညီပေးနေသည့် ကျောက်မဲမြို့ခံ တစ်ဦးက ပြောသည်။
.
လက်ရှိတွင် နေရပ်သို့ပြန်သွားကြသော ရွာသားများအား ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်မှ အနွေးထည်များ လှူဒါန်းပေးခဲ့ကြပြီး တိုက်ပွဲရှောင်များထဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၆ ဦး ပါရှိကြောင်း သိရသည်။
.
“ဒီလောက်အေးတဲ့ရာသီမှာတော့ အနွေးထည်ရယ်၊ စောင်တွေရယ် လိုအပ်နေတာပါ။ စားနပ်ရိက္ခာတွေကတော့ ဒီလိုပဲ လှူပေးနေကြလို့ တစ်နေ့တစ်နေ့အဆင်ပြေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေပါ တယ်” ဟု နယ်စည်းမခြားပရဟိတအသင်း(သီပေါ)မှ ကိုမျိုးက ပြောသည်။
.
ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်အုပ်စု၊ နောင်ကော်ကြီး ဘုန်းကြီးကျောင်းတွင် ကုန်းဆော့ရွာနှင့် ခါးရိုး ကျေးရွာမှ တိုက်ပွဲရှောင် ၃၀၀ ကျော်နှင့် မန်ဆန်ကျေးရွာအုပ်စု၊ မန်ဆန်ကြီးဘုန်းကြီးကျောင်း အနီးဝန်းကျင်ရှိ ကျေးရွာ ၅ ရွာမှ တိုက်ပွဲရှောင် ၅၀၀ ကျော် လာရောက်ခိုလှုံနေရကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats