မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)ဈေးတွင် ဆိုးပြား (ခ) ရာဘာ အခင်းများအား
မှာယူပေးမည်ဟု ယုံကြည်အောင်ပြေဆိုကာ ငွေများလိမ်လည်သွားသူကို နိုဝင်ဘာ ၂၇ ရက် နေ့လည်ပိုင်းက
အမှုဖွင့်လိုက်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
.
.
တာချီလိတ်မြို့နယ်
ကြက်တောင်ကော်မတီ နာယက ဦးဘိုချိုသည် ကြက်တောင်ရိုက်အားကစားကွင်းအတွင်း ဆိုပြား (ခ)ရာဘာအခင်းများလိုအပ်သဖြင့်
ဝယ်ယူရန်ဆက်သွယ် စုံစမ်းရာမှ ကျော်သီဟဖြိုး(ခ)အိုက်ကျော်မှ အားကစားကွင်းခင်းရန် ဆိုပြား(ခ)ရာဘာအခင်းများကို
ဝယ်ယူမည်ဆိုပါက မှာယူပေးမည်ဖြစ်ကြောင်းနှင့် စရံငွေကနဦးပေးချေရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရက်အတွင်း
ပစ္စည်းများ မရောက်ရှိပါက စရံငွေ နှစ်ဆပေးလျော်မည်ဟု ယုံကြည်အောင်ပြောဆိုသဖြင့် ၄င်း၏
စကားအား ယုံကြည်ကာ ၂ဝ၁၆ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် စရံငွေအဖြစ် ထိုင်းဘတ်ငွေ ၂ဝဝဝဝ
အားပေးကာ နိုဝင်ဘာ ၃ဝ ရက်နေ့နောက်ဆုံးထား၍ ဆိုးပြား များလာရောက် ပေးအပ်မည်ဖြစ်ကြောင်း
ဝန်ခံကတိပြု စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် သတ်မှတ်ရက် ရောက်လာသော်လည်း ဆိုးပြားများလာရောက်ပို့ဆောင်ပေးခြင်းမရှိသဖြင့်
စာဖြင့် သော်လည်းကောင်း၊ ဖုန်းဖြင့် သော်လည်းကောင်း၊ လူကြုံဖြင့်သော်လည်းကောင်း အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း
ရက်ချိန်းအမျိုးမျိုး အကြောင်းကြားခဲ့သော်လည်း ယနေ့တိုင် ဆိုးပြားများလာ ရောက် ပို့ဆောင်ပေးခြင်း
မရှိဘဲ ရှောင်တိမ်းနေသဖြင့် အမှုဖွင့် တိုင်ကြားခြင်းဖြစ်ကြောင်း တရားလိုပြုလုပ် တိုင်တန်းသူထံမှ
သိရသည်။
“သူလည်းအားကစားသမား
တစ်ယောက်ဖြစ်တယ်၊ မြို့အတွက် ကြက်တောင်ကစားကွင်းကောင်းကောင်း ဖြစ်စေချင်လို့ လုပ်တာပါ၊
သူက ယုံကြည်မှုကို အလွဲသုံးစား လုပ်တယ်၊ မဖြေရှင်းဘဲ အကြိမ်ကြိမ်ရှောင်နေလို့ အမှုဖွင့်လိုက်တာပါဓ
ဟု တိုင်တန်းသူ ဦးဘိုချိုက ပြောသည်။
.
သို့ဖြစ်၍
ဆိုးပြား(ခ)ရာဘားအခင်းအား မှာယူပေးမည်ဟု ယုံကြည်အောင် ပြောဆိုကာ ထိုင်းဘတ်ငွေ ၂ဝဝဝဝ
အား လိမ်လည်ရယူသွားပြီး တိမ်းရှောင်နေသူ ကျော်သူဟဖြိုး(ခ)အိုက်ကျော်အား တာချီလိတ်မြို့မရဲစခန်းက
(ပ)၄၂ဝ။၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
.
.
#KBZTai
#Shan