AFC Cup ပွဲစဉ်များတွင် လူငယ်များကို ဦးစားပေးမည်ဟု ရှမ်းအသင်း နည်းပြချုပ် ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

AFC Cup ပွဲစဉ်များတွင် လူငယ်များကို ဦးစားပေးမည်ဟု ရှမ်းအသင်း နည်းပြချုပ် ဆို


ကမ္ဘောဇတိုင်း
.
ရှမ်းယူနိုက်တက်အသင်းရှိ ကြိုး စားသော လူငယ်ခြေတက် ကစားသမားများကို လာမယ့်နှစ် ပွဲစဉ်များတွင် အခွင့်အရေးပေးသွားမည် ဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းသူက ပြောဆိုပါသည်။
.
 
.
''ကျွန်တော်တို့ အသင်းက လာမယ့် ဘောလုံးရာသီမှာ အမှတ်ပေးဖလား၊ ရှုံးထွက်ဖလားနဲ့ အေအက်ဖ်စီဖလားဆိုပြီး ပြိုင်ပွဲ ၃ ပွဲ ကစားရမှာ ပါ။ ပြိုင်ပွဲအားလုံးကို အားထည့်မှာ ဖြစ်ပေမယ့် အေအက်ဖ်စီမှာတော့ လူ ငယ်တွေကို အတွေ့အကြုံယူစေချင်ပါ တယ်။ သူတို့သာ ကြိုးစားမယ်ဆိုရင် အဖိုးတန် အတွေ့အကြုံတွေ ရမှာပါ။ ဒါမှလည်း အသင်းမှာရှိတဲ့ စီနီယာ တွေနဲ့ သူတို့ကြားက ကွာဟမှုတွေကို လျှော့ချနိုင်မှာပါ''လို့ နည်းပြချုပ် ဦး မင်းသူက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ် ကိုယ်စားပြု အသင်းသည် လာမည့်နှစ် AFC Cup ပြိုင်ပွဲတွင် ဖိလစ်ပိုင်ကလပ် ဆီးရက်စ်နီဂရိုး (သို့မဟုတ်) ဒါဗာအို အဂူလက်စ်)၊ ဗီယက်နမ် ကလပ် ဘန်ဒေါင်း၊ အင်ဒိုနီးရှား ကလပ် (အသင်းမသိရသေး)တို့နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
.
ရှမ်းယူနိုက်တက်အသင်း သည် ပြီးခဲ့သည့် AFC Cup ၂ဝ၁၈ တွင် အုပ်စုပွဲ ၆ ပွဲ ကစားခဲ့ပြီး ၁ ပွဲနိုင်၊ ၅ ပွဲ ရှုံး ရလဒ် ရရှိခဲ့ပြီး ယခုနှစ်တွင် ယင်းကဲ့သို့ မဖြစ်ပေါ်စေရန် အိမ်ကွင်း ပွဲစဉ်များ၌ အမှတ်များ ရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးမင်းသူက ကတိပေးခဲ့သည်။
.
''ဒီလိုပွဲတွေမှာ အိမ်ကွင်းက အ သက်ပါ။ အိမ်ကွင်းမှာ ရသလောက်အ မှတ် ယူနိုင်မှ ဖြစ်မှာပါ။ ဒါကြောင့် အိမ်ကွင်းပွဲတွေကို ပစ်မှတ်ထားကစား သွားမယ်လို့ ကတိပေးပါတယ်''ဟု ရှမ်းအသင်း နည်းပြချုပ် ဦးမင်းသူက ပြောဆိုခဲ့သည်။
.
လက်ရှိ အချိန်တွင် အသင်းကို အကောင်းဆုံး ပြင်ဆင်နေပြီး မိနစ် ၉ဝ လုံး မမောတမ်း ကစားနိုင်မည့် ဒေါင်ဒေါင်မြည် ကစားသမားများသာ နေရာရမည် ဖြစ်ကြောင်းကိုလည်း နည်းပြချုပ်က ပြောဆိုခဲ့သည်။
.
AFC Cup ၂ဝ၁၉ အုပ်စု (ွ) ပွဲစဉ်များကို လာမည့် ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် စတင် သွားမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အ သင်းမှာ ပထမဆုံးပွဲစဉ်အဖြစ် ဖိလစ် ပိုင်နိုင်ငံ၌ အဝေးကွင်းပွဲစဉ်အဖြစ်သွား ရောက် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats