တောင်ကြီးတန်ဆောင်တိုင် ဖွင့်ပွဲရက်၌ ပြုလုပ်မည့် တပ်မတော်ထောက်ခံပွဲကို ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများ ကန့်ကွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတန်ဆောင်တိုင် ဖွင့်ပွဲရက်၌ ပြုလုပ်မည့် တပ်မတော်ထောက်ခံပွဲကို ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများ ကန့်ကွက်

မြန်မာနိုင်ငံ၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သော တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ နေ့ဖြစ်သည့် နိုဝင်ဘာလ ၁၄ ရက်တွင် အမျိုးသားလုံခြုံရေး လူမှုကွန်ယက်ဗဟိုမှ ပြုလုပ်မည့် တပ်မတော် ထောက်ခံပွဲအား ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများမှ ကန့်ကွက်ကြောင်း တင်ပြစာကို ယနေ့ နိုဝင်ဘာလ ၁၁ ရက်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့ တင်ပြခဲ့ကြောင်း သိရသည်။
.
" တန်ဆောင်တိုင်ပွဲရက် ဖြစ်နေလို့ အဓိက ကန့်ကွက်တာပါ၊ ဖွင့်ပွဲရက်မှာ လူစုလူဝေးနဲ့ ထောက်ခံပွဲ လုပ်တာကို ကန့်ကွက်တာပါ။ တန်ဆောင်တိုင်ပွဲကို မထိခိုက်စေလိုတာကြောင့်ပါ။ ကန့်ကွက်စာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို တင်တာပါ၊ မှတ်တမ်းမိတ္တူကိုတော့ နိုင်ငံတော်သမ္မတနဲ့ NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ပေးပို့ထားပါတယ်။ အဖွဲ့အစည်း ၁၀ ဖွဲ့ကျော်က လက်မှတ်ထိုးပြီး ကန့်ကွက်ထားတာပါ။ ပွဲကို အသုံးချတာ လက်မခံတာပါ၊ ကျန်တဲ့ရက်မှာဆိုရင် ကန့်ကွက်စရာ မရှိပါဘူး။ စစ်မှုထမ်းဟောင်းအဖွဲ့က ငြိမ်းချမ်းစွာ ရပ်လျှက် ၁၂ ရက်နေ့မှာ ထောက်ခံပွဲ လုပ်မှာကိုတော့ ကန့်ကွက်စရာ မရှိပါဘူး။" ဟု ရှမ်းပြည်နိုင်ငံရေးအဖွဲ့မှ ဦးတင်မောင်တိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.


အဆိုပါ အမျိုးသားလုံခြုံရေး လူမှုကွန်ယက်ဗဟိုမှ ပြုလုပ်မည့် တပ်မတော်ထောက်ခံပွဲအား ကန့်ကွက်ခဲ့သည့် ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများမှာ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးအလုပ်အဖွဲ့၊ ရှမ်းပြည်နယ်တောင်ပိုင်း အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကော်မတီ၊ တောင်ပေါ်လူထုရပ်ဝန်း၊ Legal Aid for Humanright ၊ ရှမ်းပြည်နိုင်ငံရေး အဖွဲ့၊ ရှမ်းပြည်မျိုးဆက် အင်အားစု၊ နမ့်ခုံးကျောင်းသားဟောင်းများကွန်ယက်၊ ဇလဲလူငယ်အဖွဲ့၊ Peace World Gender Organization ၊ တိုင်းရင်းသားပေါင်းစုံ အမျိုးသမီးများအဖွဲ့၊ တရားဥပဒေစိုးမိုးရေးအဖွဲ့(ရှမ်းပြည်နယ်)၊ တောင်သူလယ်သမားများနှင့် မြေယာလုပ်သမားများ သမဂ္ဂ(ရှမ်းပြည်)၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့(ပင်လောင်း)၊ တောင်သူလယ်သမားများ သမဂ္ဂ (ရပ်စောက်)၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် တောင်သူလယ်သမား ဖွံ့ဖြိုးရေးအဖွဲ့(ရှမ်းပြည်)၊ မြန်မာလူထု မဟာမိတ်(ရှမ်းပြည်)၊ SANar (စာနာ) Save the Natural Resource ၊ မျိုးဆက်သစ်ရှမ်းပြည်၊ မိဘမဲ့အဟာရပို့ဆောင်ရေး ပရဟိတအဖွဲ့(တောင်ကြီး)၊ သံလွင်သားချင်းများအဖွဲ့၊ ရှမ်းတောင်အမျိုးသမီးကွန်ယက်၊ တွဲလက်မောင်နှမများ ပရဟိတအဖွဲ့(တောင်ကြီး)၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (ပေါင်းလောင်း)နှင့် ချယ်ရီပုံရိပ်အဖွဲ့ တို့ ဖြစ်ပြီး စုစုပေါင်း ၂၅ ဖွဲ့ ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၁၄ ရက်မှ ၂၃ ရက်ထိ ၁၀ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ၁၄ ရက်၊ နံနက်ပိုင်းတွင် နေ့လွှတ်အရုပ် မီးပုံးပျံများကို စတင်၍ လွှတ်တင်ကြမည် ဖြစ်သည့်အတွက် ယင်းနေ့ ၁၂ နာရီမှ ညနေ ၄ နာရီထိ ပြုလုပ်မည့် တပ်မတော် ထောက်ခံပွဲနှင့် တိုက်ဆိုင်နေခြင်း ဖြစ်သည်။
.
ထို့အပြင် တောင်ကြီးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှလည်း နိုဝင်ဘာလ ၁၂ ရက်တွင် ငြိမ်းချမ်းစွာ ရပ်လျက် တပ်မတော် ထောက်ခံပွဲကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats