တောင်ကြီးမြို့ ဆောက်လုပ်ရေးလုပ်ငန်း အများစု လုပ်ငန်း အဆင်မပြေ ဖြစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ ဆောက်လုပ်ရေးလုပ်ငန်း အများစု လုပ်ငန်း အဆင်မပြေ ဖြစ်နေ


ရဲရင့်ဇွဲ

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင် ကြီးမြို့တွင် ဆောက်လုပ်ရေးလုပ်ငန်း များ လုပ်ငန်း ကောင်းမွန်သော ပွင့်လင်းရာသီ ကာလသို့ ရောက်ရှိ လာသော်လည်း လုပ်ငန်း အများစု မှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးနေပြီး လုပ်လက်စ လုပ်ငန်း များနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ် ငန်းများကိုသာ ဆောင်ရွက်နေရ ကြောင်း ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
.
''ဆောက်လုပ်ရေး လုပ်ငန်းတွေ မကောင်းဘူး၊ အလုပ်ပါးတယ်။ အ ဆောက်အဦ ဆောက်မယ့်သူတွေက နည်းလာတယ်။ ဆောက်လုပ်ရေး ပစ္စည်းတွေကလည်း ဝယ်ရတာဈေး မြင့်လာတယ်။ တော်ရုံဈေးနဲ့ မကိုက် တော့ဘူး။ ငွေရှားပါးလာတဲ့အတွက် အလုပ်အပ်တဲ့သူတွေကလည်း ဈေး သက်သာတာကို လိုက်ရှာပြီး အပ် ကြတယ်။ ပေးတဲ့ဈေးနဲ့ မလုပ်နိုင် တော့ အလုပ်က နည်းလာတယ်။ အ ရင်ကဆိုရင် အပ်တဲ့သူများတဲ့အတွက် အလုပ်အကိုင် ပေါ ပါတယ်။ အခုကျ တော့ မကိုက်တဲ့ ဈေးနဲ့ မလုပ်ဘဲ နေ တာ ပိုကောင်းတယ်ဆိုပြီး အလုပ် တွေ လက်မခံဖြစ်ပါဘူး''ဟု တောင် ကြီးမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။
.


ဆောက်လုပ်ရေး ကုမ္ပဏီကြီး များ လုပ်ငန်းရပ်ဆိုင်းထားခြင်း၊ စီမံ ကိန်းအသစ်များ ထပ်မံဖော်ဆောင်မှု မရှိခြင်းများကြောင့် လုပ်ငန်းများရပ် ဆိုင်းသကဲ့သို့ ဖြစ်နေကာ လက်ရှိ  လုပ်ကိုင်လည်ပတ်နေသည့် လုပ်ငန်း များမှာလည်း လုပ်သားများ၏ စား ဝတ်နေရေးအတွက် သင့်တင့်သည့် ဈေးနှုန်းဖြင့် လုပ်ကိုင်ဆောင်ရွက်နေ ရခြင်း ဖြစ်ကြောင်း သိရသည်။
.
''လုပ်ငန်းက အခြေအနေ မ ကောင်းဘူး။ နယ်တွေကလည်း မ ကောင်းကြဘူး။ အလုပ်ကပြတ် ပိုက် ဆံက မရှိ ဖြစ်နေတာ။ မရှိ ရှိတဲ့အ လုပ်ကို ရတဲ့ဈေးနဲ့ လိုက်နေရတယ်။ တစ်နေ့တစ်နေ့ ပုံမှန်ဝင်ငွေရဖို့တောင် တော်တော်လေး ရုန်းကန်နေရတယ်'' ဟု တောင်ကြီးမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများတွင် လျှပ်စစ်သွယ်တန်း ခြင်း လုပ်ငန်းလုပ်ကိုင် ဆောင်ရွက် ပေးနေသော ကိုသားငယ်ကလည်း ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့ပေါ်ရှိ ဆောက် လုပ်ရေးလုပ်ငန်း အများစုသည် စီမံ ကိန်းအသစ် စတင်ခြင်း မရှိသည့်အ တွက် အသစ်တည်ဆောက်ခြင်းထက် ယခင် ဆောက်လုပ်စ လုပ်ငန်းများ နှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များကိုသာ အများဆုံး လုပ်ကိုင်နေရ သည်ဟု သိရသည်။
.
ထို့အတူ ဆောက်လုပ်ရေးလုပ် ငန်းခွင်ရှိ လုပ်သားများသည်လည်း နေ့စဉ်ဝင်ငွေ ရရှိရန် အဆင်ပြေရာ အခြားလုပ်ငန်းခွင်များသို့ ဝင်ရောက် လုပ်ကိုင်နေကြပြီး ပုံမှန်လုပ်ငန်း မ ဟုတ်ဘဲ မိသားစု စားဝတ်နေရေးအ တွက် ကြုံရာကျပန်း အလုပ်ကို လုပ် ကိုင်နေရသည်ဟု သိရသည်။

Journal Download

Photo of three cats