ဟိုပုံးမြို့မဈေးသည် သွေးလွန်တုပ်ကွေးရောဂါ ဖြန့်ဖြူးရာဌာန တစ်ခုသဖွယ် ဖြစ်နေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့မဈေးသည် သွေးလွန်တုပ်ကွေးရောဂါ ဖြန့်ဖြူးရာဌာန တစ်ခုသဖွယ် ဖြစ်နေဟု ဆို


ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးရုံးစိုက်ရာ ဟိုပုံးမြို့ရှိ စည် ပင်သာယာရေးဌာနပိုင် မြို့မဈေး မြောက်ဘက်ရှိ ရေနုတ်မြောင်း အ သစ်တွင် ရေစီးရေလာ ကောင်းမွန် မှုမရှိဘဲ ရေဝပ်နေသဖြင့် အနံ့ဆိုးများ ထွက်ပေါ်နေသည့်အပြင် ခြင်ပေါက် ဖွားမှုပါ ဖြစ်ပေါ်နေသည့်အတွက် သွေးလွန်တုပ်ကွေးရောဂါ ဖြန့်ဖြူးရာ ဌာနတစ်ခုသဖွယ် ဖြစ်နေသည်ဟုဟို ပုံးမြို့ဒေသခံ၊ ကျန်းမာရေးမှူး အငြိမ်း စား ဦးတင်ထွန်းကြည်က ပြောကြားခဲ့သည်။
.
''ဈေးထဲမှာ ထိုင်နေရင် ယပ် တောင်နဲ့ အချိန်ပြည့် ခြင်ခါနေရပါ တယ်။ အနံ့အသက်ကလည်း တော် တော်နံပါတယ်။ အရင်တုန်းကတော့ မြောင်းက အနိမ့်ပါ။ ရေစီးရေလာက ကောင်းပါတယ်။ အခုမြောင်းကို မ လိုအပ်ဘဲနဲ့ အနက်ကြီး တူးလိုက် တော့ ရေစီးရေလာ မရှိတော့တာပါ။ ခြင်တွေ ပေါက်ဖွားပါတယ်။ သွေးလွန် တုပ်ကွေးဖြန့်ဖြူးရာဌာနကြီး တစ်ခု လို ဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက် လို့လည်း စည်ပင်ကို အကြောင်းကြား ထားပြီးပါပြီ။ ဒီမြောင်းတူးတဲ့ အချိန် မှာ ဘက်ဟိုးတွေနဲ့တူးတော့ ကျွန်တော်တို့ ဒီဆိုင်ခန်းတွေက ခေါင်မိုး တံစက်မြိတ်တွေ ဖျက်ပေးရပါတယ်။ မြောင်းပြီးသွားတော့ ကိုယ့်ဘာသာ ကိုယ် ပြန်တပ်ရတာပါ။ မြောင်းဘေး က မြေတွေကိုလည်း သေချာပြန်မညှိ ခဲ့တော့ အဖုအထစ်တွေ ဖြစ်နေပါ တယ်။ ကားမောင်းလို့တောင် အဆင် မပြေပါဘူး။ ဈေးက ဈေးအင်္ဂါရပ်နဲ့ မညီပါဘူး''ဟု ဦးတင်ထွန်းကြည်က ပြောကြားခဲ့သည်။
.

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာန မှ အင်ဂျင်နီယာ ဒေါ်ခိုင်မိုးက ''ရေ စီးရေလာ မကောင်းရတဲ့အကြောင်း ကတော့ အဓိက ရေထွက်ပေါက်တံ တားငယ်လေး တစ်စင်း ရှိပါတယ်။ အဲဒီတံတားကောင်းမှ ရေက ဟိုဘက် ကို ဆက်စီးနိုင်မှာ ဖြစ်ပါတယ်။ ဒါကို လုပ်ဖို့လည်း စီစဉ်နေပါတယ်။နောက် ပြီး အဲဒီဈေးမြောက်ဘက်က တူး ထားတဲ့ ရေမြောင်းက အရမ်းနက် နေတော့ တခြားဘက်ကို ပြန်မစီးနိုင် ဘူး ဖြစ်နေတာပေါ့။ အဲဒီမှာ လမ်း တစ်ဖက်ကို ကူးတဲ့မြောင်းလေးကို နက်ပေးလိုက်ဖို့တော့ စီစဉ်ထားပါ တယ်။ ဒါပေမဲ့ အဲဒါအတွက်လည်း ဘတ်ဂျက်က လိုအပ်ဦးမှာ ဖြစ်ပါ တယ်။ ရေဆိုးတွေ ထွက်သွားအောင် ဆိုရင် တံတားမှာ သြထ ဃကူလနအ ထည့်ပေးဖို့ လိုပါတယ်။ လုပ်ပေးဖို့ တော့ ရှိပါတယ်။ လုပ်မပေးနိုင်သေး တာပါ။ ဒီမြို့ထဲမှာရှိတဲ့ တံတားလေး တွေ၊ မြောင်းလေးတွေ ပြုပြင်ဖို့အ တွက် လွှတ်တော်မှ တင်ပြဖို့တော့ လျာထားတယ်လို့ သိရပါတယ်''ဟု  ပြောသည်။
.
အဆိုပါ ရေမြောင်းကို ၂ဝ၁၈- ၁၉ ဘဏ္ဍာရေးနှစ်၊ မီနီဘတ်ဂျက် ကာလ၊ ပထမ ၃ လပတ်အတွင်း ဘဏ္ဍာရန်ပုံငွေ ကျပ်သိန်း ၂၃၈ ဒသမ ၆ သိန်းဖြင့် အကုန်အကျခံ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
 

Journal Download

Photo of three cats