မူကြိုတိုင်းမှာ လိုတယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူကြိုတိုင်းမှာ လိုတယ်


ဆဏ်းမောင်(ကွတ်ခိုင်)

လူသည် ပေါင်းသင်းဆက်ဆံရေး သတ္တဝါ ဖြစ်သည်။ လူရယ်လို့ ဖြစ်လာပြီဆိုပေက မိဘ၊ ဆွေမျိုး၊ အသိုင်းအဝန်းပြီးလျှင် ပြင်ပ ပေါင်း သင်းဆက်ဆံရေး စတင်ချီလှမ်းဖို့ မလွဲမသွေ လိုအပ်လာပေပြီ ဖြစ်သည်။ မူကြို  မူကြိုဟု ဆိုလိုက်သည်နှင့် ၃ နှစ်အထက် ၆ နှစ်အောက် ကလေးငယ်များကို စာဖတ်သူတို့  ပြေးမြင် ယောင်ကြပေမည်။ မူကြိုဆိုသည်မှာ အခြေခံ ပညာ မူလတန်းအကြိုကို အတိုကောက်ခေါ်ဆို ကြခြင်း ဖြစ်သည်။ ကျောင်းပျော်ဟုလည်း တစ် နည်းတဖုံ ခေါ်ဆိုကြပြန်သေးသည်။
.
စာရေးသူတို့ ငယ်စဉ်က မူကြိုမတက်ခဲ့ရပါ။ အသက် ၆ နှစ် ပြည့်သည်နှင့် ကျောင်းကြီး တွင် သူငယ်တန်း စတင် တက်ခဲ့ရသည်။ သည်တော့ မည်သည့် ပြဿနာ ကြုံကြရနည်။ ပထမဆုံးကျောင်းတက်နေ့တွင် မျက်စိသူငယ် နားသူငယ်၊ မိဘ ပြန်သွားသည်နှင့် အားငယ် စိတ်ကြောင့် ငိုယိုတော့သည်။ ဘေးမှာရှိသော ရွယ်တူ ကလေးငယ်များနှင့်လည်း စိမ်းသည် မဟုတ်လော။ ကျောင်းလာပို့တိုင်း တစ်ပတ်တိ တိ ငိုရသည်။ နောက်တော့ အပေါင်းအသင်း လည်း ရသွားသဖြင့် ကျင့်သားကျသွားကြောင်း စာရေးသူ မိခင်မှပြောပြသောကြောင့် သိရှိရပါ သည်။ မူကြို မတက်ခဲ့ရသည့် ကလေးငယ်များ ထိုကဲ့သို့ ခံစားကြရပေမည် ဖြစ်သည်။
.
အနာဂတ်တွင် မိမိခြေထောက်ပေါ်၌ မိမိ ခြေစုံရပ်နိုင်ပေရန် ပညာသင် လမ်းမ၏ ကနဦး အစ မုဒ်ဦးဝ ဖြစ်သည်။ တနည်းဆိုသော အ ပေါင်းအသင်း ဆိုသည်ကို စတင်အသိစိတ်ဝင် ကာ ပျော်ရွှင်စွာ ဆော့ကစား ပြေးလွှားခြင်းဖြင့် ကျောင်းနေချင်စိတ်၊ ကျောင်းပျော်စိတ်ကို  စ တင်မွေးမြူပေးရာ အခြေခံနေရာလေးများသည် မူကြိုကျောင်းလေးများပင် ဖြစ်သည်။ လူမှုကွန် ရက်များပေါ်တွင် ပျံ့နှံ့ဖူးရာ အဖြစ်အပျက်တစ် ခုကို စာဖတ်သူတို့ တွေ့ဖူးမြင်ဖူးကြပေလိမ့်မည်။
.

(ဓါတ်ပုံ - အင်တာနက်)
 
မူကြိုကလေးထိန်းကျောင်းတစ်ခုတွင် ကလေးငယ်များအား ကလေးထိန်းဆရာမများက အမျိုးမျိုး အထွေထွေ ရိုက်နှက်ညှင်းပန်းနေပုံ များကို ¤င်းတို့ မူကြိုရှိ စောင့်ကြည့်ရေးကင်မရာ (ဃဃွှဠ)မှ တဆင့် ထုတ်ယူပြသထားသည်ကို သားသမီးချင်း ကိုယ်ချင်းစာကာ ဒေါသဖြစ် ခံ ပြင်းမိပါသည်။ တစ်ပြိုင်နက် ထိုကဲ့သို့ မူကြိုမျိုး ကို ထားမိခဲ့ပါလျှင်ဆိုသည့် မိမိရင်သွေးအပေါ် စိုးရိမ်စိတ် ဝင်လာမိပါတော့သည်။ မည်သို့ပင် ဆိုစေ ထိုအဖြစ်အပျက်အား သက်ဆိုင်ရာဌာန မှ (ဃဃွှဠ) အထောက်အထား သက်သေဖြင့် ကလေးငယ်များအပေါ် မညှာမတာ ပြုမူမှုများ ကို အရေးယူခြင်းများ ပြုလုပ်နိုင်ကြမည် ဖြစ် သည်။
.
စာရေးသူတို့ နိုင်ငံသည် ယခုဆိုလျှင် ကမ္ဘာနှင့် ရင်ဘောင်တန်းကာ ယခင်က မကြား ဖူး၊ မကြုံဖူးသည့် လူမဆန်သော ပြစ်မှုများကို မကျူးလွန်လာနိုင်ပါဟု မည်သူကမျှ တပ်အပ် မပြောနိုင်။ ထိုကဲ့သို့ လောက် မညှင်းပန်း မ နှိပ်စက်ကြသော်လည်း ကလေးငယ်များအပေါ် တန်းတူရည်တူ တသမတ်တည်း မထားဘဲ ခွဲခြမ်း ဆက်ဆံကြသည်မျိုး၊ ပြုမူကြသည်မျိုး လောက်တော့ ရှိနိုင်ပေမည်မှာ မလွဲပါ။ မူကြို ဝန်ထမ်း ဆရာမများသည် ကလေးချစ်တတ် သည့် စိတ်ထားအခြေခံ လိုအပ်သည်မှာ အထူး တလည် ပြောစရာပင် မဟုတ်ပေ။ ကောင်းပေ ပြီ။ ထိုသို့ဆိုလျှင် ချစ်စရာကောင်းသည့် က လေးအပေါ်၌ပင် ချစ်ကြရမည်လော။ မဟုတ် ပါ။ ကလေးငယ်တိုင်းအပေါ် ချစ်တတ်ရပါမည်။ ကလေးငယ်တို့၏ သဘောသဘာဝများကိုလည်း မလွဲမသွေ သိရှိနားလည်ထားကြရမည် ဖြစ်သ ကဲ့သို့ စိတ်ရှည်ကြဖို့လည်း လိုအပ်ပေမည်။ ထို သို့မျှ မဟုတ်ဘဲ အလုပ်သဘောအရသာ ဝင် ရောက်လုပ်ကိုင်ကြသော ဆရာမများ ဖြစ်ပေက အဆင်ပြေကြမည် မဟုတ်ပေ။ မိမိကိုယ်ကိုသာ လှပကျော့ရှင်းအောင် ပြုပြင်နေထိုင်ချင်သည်။ ကလေးငယ်တို့အပေါ် စိတ်မရှည်ကာ ငြိုငြင် မည် ဆိုပါကလည်း ရေရှည်တွင် အံဝင်ခွင်ကျ မရှိလှချေ။ နုနယ်ဖွံ့ဖြိုးစ ကလေးငယ်များနှင့် ထိတွေ့ဆက်ဆံရာတွင် ဆရာမများ အနေဖြင့် အထူးဂရုပြုရပေမည်။ ချမ်းသာ၍ ငွေကြေးတတ် နိုင်သော ဦးဖြူ သားသမီး၊ ချို့တဲ့၍ နွမ်းပါးသော ဦးမည်း၏ သားသမီးစသဖြင့် မိဘများ၏ ဘဝ အနေအထားကို လိုက်ကာ ကလေးငယ်များအ ပေါ် ခွဲခြမ်းထိန်းသိမ်း စောင့်ရှောက်သည်မျိုး လည်း ရှိနေနိုင်ပါသေးသည်။
.
စာရေးသူတို့ မြို့ရှိ မူကြိုတစ်ခုတွင် ထိုကဲ့ သို့ အဖြစ်အပျက်မျိုး ရှိထားဖူးသည်။ ထိုမူ ကြိုတွင် နွမ်းပါးသည့် မိဘများမှ ရင်သွေးကို သွားရောက်အပ်နှံမိရာ ¤င်းတို့ကလေးကို မစင် အိုးများ  နေ့စဉ်သွားရောက် သွန်ခိုင်းစေခြင်း မျိုး ရှိခဲ့လေသည်။ မိဘများမှ ရှောင်တခင် ချောင်းမြောင်းလေသော်မှ သိရှိခဲ့ရပြီး စိတ်ဆိုး ရင်ထုမနာဖြစ်ကာ မိမိတို့ ကလေးကို ထိုကျောင်း မှ ထုတ်လိုက်ကြသည်။ ကလေးငယ်များအပေါ် ဂရုမစိုက်ကြောင်းလည်း မိဘအတော်များများ ပြောဆိုသံ ကြားရအောင်ပင် ထိုမူကြိုသတင်းက မွှေးလှပေသည်။ မူကြိုလခ နှုန်းထားများလည်း မိဘများထံ တိုးမြှင့်ကောက်ခံကြသည်။ ကလေး ငယ်များအား နေ့လယ်စာ သူတို့ကျွေးသည်ဟု သာ အမည်ခံကြသည်။ ရာသီပေါ် သီးနှံ (ဂေါ် ရခါးသီး၊ စွန်တန်) စသည်ဖြင့် ရေလုံပြုတ်သာ နေ့စဉ် ကျွေးမွေးကြောင်းသာ သိရှိရသည်။ တော်တန်ရုံ အစားအသောက် ရွေးချယ်သော ကလေးများအဖို့ အာဟာရ မပြည့်ဝသော အ စားအစာကြောင့် ကျောင်းတွင် စားသောက်ရ သော နေ့လယ်စာမှာ အစားပျက်လာကြသည်။ ကျောင်းသားဦးရေ အကန့်အသတ်ထားသော မူကြိုကျောင်းများရှိလာသောကြောင့် ကလေးမိ ဘများသည် ထိုကျောင်းသို့ မလွှဲမရှောင်သာ အပ်နှံကြရလေတော့သည်။
.
ထိုကဲ့သို့ မူကြိုကျောင်းများကို သက်ဆိုင်ရာ ဌာနများမှ စောင့်ကြည့်ကြီးကြပ်ဖို့ လိုအပ်လာ ပေမည် ဖြစ်သည်။ မူကြိုကျောင်းများသည် လူ မှုဝန်ထမ်း ဦးစီးဌာနနှင့်သာ သက်ဆိုင်ပေသည်။ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် မသက်ဆိုင်သည့် အခြားသော လက်အောက်ခံ ပုဂ္ဂလိက မူကြို ကျောင်းများစွာလည်း မြန်မာနိုင်ငံ အနှံ့အပြား တွင် ရှိနေပေပြီ ဖြစ်သည်။ ယခုဆိုလျှင် လူမှု ကွန်ရက်များပေါ်၌ မကြာခဏဆိုသလိုပင် က လေးများ ပျောက်ဆုံးသည့် သတင်းများ၊ က လေးသူခိုးများအား ဖမ်းဆီးမိသည့် သတင်းများ ကိုပါ မြင်တွေ့ဖတ်ရှုနေကြရသည်။ အထူးသဖြင့် မူကြိုကျောင်းများအတွင်း၊ အပြင် စောင့်ကြည့် ရေး ကင်မရာများ တပ်ဆင်ထားသင့်ပေသည်။ ထိုသို့ တပ်ဆင်ပေးထားခြင်းအားဖြင့် မူကြိုဝန် ထမ်း ဆရာမများ၏ ကလေးများအပေါ် ဂရုစိုက် မှု၊ ဂရုမစိုက်မှုများကို နေ့စဉ်တွေ့မြင်နိုင်သကဲ့သို့ ကလေးငယ်များ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါက မိဘများကို ပြန်လည်ပြသပေးခြင်းဖြင့် မူကြိုဆရာများအပေါ် သံသယစိတ်များ ကင်း ရှင်းလာပေလိမ့်မည်။ သို့မဟုတ်သော အိမ်အ ပြန်တွင် မိမိကလေးငယ်များ ထိခိုက်ဒဏ်ရာတစ် စုံတစ်ရာကို တွေ့မြင်လိုက်ရသဖြင့် မူကြိုဆရာ မများကပင် ရိုက်နှက်ခြင်းလောဟု သံသယ စောကြော ဝင်စေနိုင်မည်။ ထိုကဲ့သို့သော လွဲ ချော်သည့် နားလည်မှုအမျိုးမျိုးကိုလည်း ရှောင် လွှဲနိုင်မည် ဖြစ်ပေမည်။ မိဘများအနေဖြင့်လည်း မိမိတို့ ရင်သွေးငယ်များအပေါ် စိတ်ချလက်ချ ရှိပေတော့မည်။
.
ကျောင်းနေပျော်မည့် အနာဂတ် ကလေး ငယ်များ၏ ပျော်ရွှင်ဖွယ် ဆော့ကစားမှုများ၊ ရယ် မောတက်ြ<ွကစွာ ကဗျာရွတ်ဆိုသံများသည်ကား စိတ်ချမ်းမြေ့စရာ မူကြိုကျောင်းကလေးများ ဖြစ် စေဖို့အရေး၊ မျှော်တွေး ရေးသားတင်ပြလိုက်ရပါ သည်။

Journal Download

Photo of three cats