စက်သုံးဆီဈေး ကျဆင်းလာရန် ပြည်သူများ မျှော်လင့်နေသော်လည်း အမြင့်ဈေးတွင်သာ ဆက်လက် တည်ရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စက်သုံးဆီဈေး ကျဆင်းလာရန် ပြည်သူများ မျှော်လင့်နေသော်လည်း အမြင့်ဈေးတွင်သာ ဆက်လက် တည်ရှိနေ


ရဲရင့်ဇွဲ

မြန်မာနိုင်ငံအတွင်း၌ လွန်ခဲ့ သည့် စက်တင်ဘာလမှ စတင်ကာ စက်သုံးဆီဈေး အပါအဝင် ဒေါ်လာ ဈေး၊ ဆန်ဈေး၊ ရွှေဈေးတို့ စံချိန် တင် မြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး စက် သုံးဆီဈေးနှုန်း ပြန်လည်ကျဆင်း လာစေရန်အတွက် ပြည်သူလူထုအ များစုက မျှော်လင့်လျက်ရှိသော်လည်း ကျဆင်းလာခဲ့ခြင်းမရှိသေးဘဲ တစ် လီတာလျှင် ကျပ် ၁ဝဝဝ ကျော်ဖြင့် အမြင့်ဈေးတွင်သာ ဆက်လက်ရပ် တည်လျက်ရှိကြောင်း စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
.
''ဒေါ်လာဈေးက ကျလာပေမယ့် စက်သုံးဆီဈေးက ကျမလာသေး ဘူး။ ၁ဝဝဝ မှာပဲ တင်းခံနေတယ်။ ကျလာဖို့ ကိုလည်း ပြည်သူလူထု အကုန်လုံးက မျှော်လင့်နေကြတယ်။ အခုလက်ရှိ အနေအထားက ရောင်း ချတဲ့သူအတွက်ရော၊ သုံးစွဲတဲ့သူ အတွက်ပါ အဆင်မပြေတဲ့အနေအ ထား ဖြစ်နေတယ်။ ဈေးအဆမတန် ထပ်တက်ခဲ့မယ်ဆိုရင်တော့ အစိုးရ အနေနဲ့ ဈေး ကန့်သတ်ပေးမယ်လို့ တော့ ကြားမိတယ်''ဟု တောင်ကြီး မြို့ရှိ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
.

ရှမ်းပြည်နယ်ဈေးကွက်တွင် အောက်တိုဘာ လကုန်ပိုင်းက ဒီဇယ် လက်လီဈေး တစ်လီတာလျှင် ၁၁၃၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၁၆၅ ကျပ်၊ အောက်တိန်း ၉၂  တစ်လီတာလျှင် ၁၁၁၅ ကျပ်၊ အောက်တိန်း ၉၅  တစ်လီတာလျှင် ၁၁၈၅ ကျပ်ဖြင့် အမြင့် ဈေးတွင် တည်ရှိနေကြောင်း သိရ သည်။
.
ရန်ကုန်မြို့တွင် ဒီဇယ်တစ်လီတာလျှင် ကျပ် ၁ဝ၉ဝ၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၁ဝဝ ကျပ်၊ အောက်တိန်း ၉၂   တစ်လီတာလျှင် ကျပ် ၁ဝ၄၅ ကျပ်၊ အောက် တိန်း ၉၅ တစ်လီတာလျှင် ကျပ် ၁ဝ၉၅ အထိပေါက်ဈေးရှိနေ ကြောင်း သိရသည်။
.
အလားတူ မန္တလေးမြို့တွင် ဒီဇယ်တစ်လီတာလျှင် ၁၁၂၅ ကျပ်  ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၁၄ဝ ကျပ်၊ အောက်တိန်း ၉၂  တစ်လီတာလျှင် ၁၁ဝ၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ လျှင် ၁၁၅၅ ကျပ် အထိ ဈေးမြင့် တက်နေကြောင်း သိရသည်။
.
ဒေါ်လာဈေးမြင့်တက်လာခြင်း ကြောင့် ပြည်ပမှ မှာယူတင်သွင်းရ သည့် စက်သုံးဆီဈေး မြင့်တက်လာ ပြီး တောင်ကြီး၊ မုံရွာ၊ စစ်ကိုင်း၊ မြစ် ကြီးနား ပဲခူး၊ နေပြည်တော်အပါ အဝင် နယ်မြို့များတွင်မူ စက်သုံး ဆီဈေး တစ်လီတာလျှင် ကျပ် ၁၁ဝဝ ကျော်အထိ ဈေးနှုန်းမြင့်တက်နေ ကြောင်း သိရသည်။
.
ကမ္ဘာ့ဈေးကွက်တွင် ရေနံစိမ်း ဈေး မြင့်တက်နေပြီး အောက်တိုဘာ ၂၂ ရက်က ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၉ ဒသမ၂၅ ဒေါ်လာအထိ ပေါက်ဈေးရှိခဲ့ရာ ပြည် တွင်း စက်သုံးဆီဈေးနှုန်းများပါလိုက်ပါ မြင့်တက်နေကြောင်း သိရသည်။
.
လက်ရှိပြည်တွင်း နိုင်ငံခြား ငွေ လဲလှယ်နှုန်းမှာ အမေရိကန် တစ် ဒေါ်လာလျှင် ၁၆ဝဝ ကျပ်အောက် ကျဆင်းခဲ့သော်လည်း သိသိသာသာ ကျဆင်းသွားခြင်းမရှိသေးဘဲ အ မြင့်ဈေးတွင် ဆက်လက်တင်းခံနေ ပြီး အောက်တိုဘာလ ၂၂ ရက် ပြင် ပဈေးကွက်တွင် တစ်ဒေါ်လာဝယ် ဈေး ကျပ် ၁၅၇ဝ ကျပ်နှင့် ရောင်းဈေး ကျပ် ၁၅၈ဝ ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်နေသည်ဟု သိရသည်။
.
ပြည်တွင်း၌ လိုအပ်သော စက် သုံးဆီအား စင်ကာပူနိုင်ငံမှ အဓိက မှာယူတင်သွင်းနေရခြင်းဖြစ်ပြီး နိုင်ငံခြားဆီဈေး အတက်အကျ၊ အ မေရိကန်ဒေါ်လာဈေး အတက်အကျ ပေါ်မူတည်ကာ ပြည်တွင်း၌ စက်သုံး ဆီဈေးနှုန်း မြင့်တက်နေခြင်းဖြစ်ပြီး နယ်မြို့များတွင် သယ်ယူပို့ဆောင် ရေးစရိတ်ကြောင့် စက်သုံးဆီ ဈေးတစ် လီတာလျှင် ၁ဝဝဝ ကျပ်ကျော်အထိ မြင့်တက်နေခြင်းဖြစ်ကြောင်း မြန် မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချ ဖြန့်ဖြူးရေးလုပ်ငန်းရှင်များထံမှ သိရသည်။

Journal Download

Photo of three cats