မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်တို့ကို ဆက်သွယ်ထားသည့် လမ်းမှာ သွားလာ မရဖြစ်ကာ
လမ်းပိတ်သွား မည့်အခြေအနေဖြစ်ပေါ်လျက်ရှိသဖြင့် အဆိုပါလမ်းအစား မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊
ပုံပါကျင်မြို့နှင့် ထိုင်းနယ်စပ် ထိစပ်နေသည့် နယ်ခြားကျောက်တိုင်အမှတ်(၁)(BP-1) ဂိတ်အား
ဖွင့်ပေးရန် ဒေသခံများမှ လိုလားလျက်ရှိကြောင်း သိရသည်။
.
.
“အရင်က တပ်နဲ့
ဝ နဲ့ ညှိနှိုင်းပြီး ဖွင့်ခဲ့လို့ ဒီလမ်းဖြစ်လာတာ။ အခုကြားနေရတာက လမ်းအပ်ဖို့အခြေအနေက
NCA
လိုပဲ။ တောင်းဆိုမှုတွေများပြီး မကိုက်ညီတာလို့ ကြားရတယ်။ လမ်းမပြင်တာ၊ ဂိတ်မဖွင့်နိုင်တာတွေရဲ့အကြောင်းတရားတွေ ကို လူထုကသိတယ်။ ဘယ်သူပဲပြင်ပြင် လမ်းကောင်းဖို့ပဲ လိုတယ်။ အခုက လမ်းမပြင်ဘဲ လမ်းကြေးကောက်နေတာက မဖြစ်သင့်ဘူး။ ပြီးတော့ မိုင် ၄၀ လောက်ကို ကောက်နေတဲ့နှုန်းက ဘယ်နေရာမှ အဲဒီလောက်ဈေးကြီးမှာမဟုတ်ဘူး။ ဘယ်သူကမှ လမ်းမပြင်ဘူးဆိုလဲ ဘီပီဝမ်းဂိတ်ဖွင့်ရင် မိုင်းဆတ်-မိုင်းတုံအတွက်ပိုကောင်းသလို ပိုနီးပြီးတောင်ကြီးအတွက် ကုန်စည်စီးဆင်းမှု ပိုကောင်းနိုင်ပါတယ်”ဟု မိုင်းတုံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်၊ လပြည့်ဝန်းယာဉ်လိုင်း၊ မိုင်းတုံ တာဝန်ခံ ဦးမြသိန်း ကပြောသည်။
လိုပဲ။ တောင်းဆိုမှုတွေများပြီး မကိုက်ညီတာလို့ ကြားရတယ်။ လမ်းမပြင်တာ၊ ဂိတ်မဖွင့်နိုင်တာတွေရဲ့အကြောင်းတရားတွေ ကို လူထုကသိတယ်။ ဘယ်သူပဲပြင်ပြင် လမ်းကောင်းဖို့ပဲ လိုတယ်။ အခုက လမ်းမပြင်ဘဲ လမ်းကြေးကောက်နေတာက မဖြစ်သင့်ဘူး။ ပြီးတော့ မိုင် ၄၀ လောက်ကို ကောက်နေတဲ့နှုန်းက ဘယ်နေရာမှ အဲဒီလောက်ဈေးကြီးမှာမဟုတ်ဘူး။ ဘယ်သူကမှ လမ်းမပြင်ဘူးဆိုလဲ ဘီပီဝမ်းဂိတ်ဖွင့်ရင် မိုင်းဆတ်-မိုင်းတုံအတွက်ပိုကောင်းသလို ပိုနီးပြီးတောင်ကြီးအတွက် ကုန်စည်စီးဆင်းမှု ပိုကောင်းနိုင်ပါတယ်”ဟု မိုင်းတုံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်၊ လပြည့်ဝန်းယာဉ်လိုင်း၊ မိုင်းတုံ တာဝန်ခံ ဦးမြသိန်း ကပြောသည်။
အလားတူ ပုံပါကျင်မြို့ဒေသခံဖြစ်သူ
ဦးစိုင်းခမ်းစံမှလည်း “အဲဒီလမ်းပိတ်ပြီး ဘီပီဝမ်းဂိတ်ဖွင့်ရင်သိပ်ကောင်းပေါ့။ တင်ပြနေတာလည်း
ကြာလှပြီ။ အဲဒီလမ်းမရှိခင်တုန်းက ဘီပီဝမ်းဖွင့်တာ ဒေသအတွက် အဆင်ပြေတယ်။ သက်ဆိုင်တဲ့လူ
ကြီးတွေအနေနဲ့ ဖွင့်ပေးသင့်ကြောင်းပြောလိုတယ်”ဟု ဆိုသည်။
.
မိုင်းဆတ်မှ
ဒေသခံများကလည်း တာချီလိတ်လမ်းကို ကောင်းအောင်ပြင်ပေးရန်လိုလားကြပြီး လုံးဝမပြင်ပါက
ယခင်က ဖွင့်ခဲ့သည့် ဘီပီဝမ်းဂိတ်ဖြင့် ကုန်သွယ်မှုပြုနိုင်ရန်မျှော်လင့်နေကြကြောင်း
ပြောဆိုကြသည်။
.
အဆိုပါလမ်းပိုင်းကို
“၀”အထူးဒေသစစ်ဒေသ (၁၇၁) တပ်မဟာနိုင်ငံရေးမှူး ဦးအာဖူ၊ မှ ပြီးခဲ့သည့် မေလ ၆ ရက်က ပြန်အပ်
လိုကြောင်းပြောကြားခဲ့ပြီး နောက်ပိုင်း အပ်နှံမှုကိစ္စရပ်များလုပ်ဆောင်နေသော်လည်း ယခုတိုင်အပ်နှံခြင်း
မရှိ သေးဘဲ၊ မည်သူက တာဝန်ယူပြင်ဆင်ဆောင်ရွက်မည်ကို မသိရသေးသည့်အပြင် လမ်းမပြင်ဘဲ ငွေကောက်ခံနေမှု
နှင့် ပတ်သက်၍ လည်း လူထုမှ ဝေဖန်ပြောကြားလျက်ရှိကြောင်း သိရသည်။
.
အကယ်၍ အဆိုပါလမ်းအား
မပြင်ဘဲပစ်ထားပါက လာမည့် မိုးရာသီတွင် သွားလာ၍မရတော့သည့် အခြေအနေသို့ ရောက်ရှိနိုင်ပြီး
ထိုင်းနိုင်ငံနယ်စပ်တွင် ယခင်က ၀င်ထွက်သွားလာနိုင်ခဲ့သည့် ပုံပါကျင်-ဘီပီဝမ်းနယ်စပ်ဂိတ်ကို
ဖွင့်လှစ်ပေး နိုင်ရေး လိုလားနေကြခြင်းဖြစ်ကြောင်း သိရသည်။
.
မိုင်းဆတ်-တာချီလိတ်လမ်း
လွှဲပြောင်းပေးနိုင်ရေးအတွက် နိုဝင်ဘာ ၁ ရက်က က မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး
တွင် `၀`အထူးဒေသ(၂)မှ တပ်မဟာနိုင်ငံရေးမှူး ဦးအားဖူနှင့်အဖွဲ့မှ ထပ်မံဆွေးနွေးရာတွင်
ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်မှ အဆိုပါလမ်းလွှဲပြောင်းလက်ခံနိုင်ရေးမှာဆွေးနွေးနေဆဲဖြစ်ပြီး
ဆိုးရွားစွာပျက်စီးနေသည့် လမ်းပိုင်းအား ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရန်ပြုပြင်နိုင်ရေး
ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
.
မိုင်းဆတ်-တာချီလိတ်လမ်း
၆၀ မိုင် ၄ ဖာလုံကို လမ်းပြုပြင်မှုမရှိသည့်အတွက် ဆိုးရွားစွာပျက်စီးနေပြီး ကားကြီး
တစ်စီးလျှင် ဘတ် ၁၀၀၀ (မြန်မာငွေ ၅ သောင်းခန့်)၊ ဒိုင်နာတစ်စီးလျှင် ဘတ် ၆၀၀( မြန်မာငွေ
၃ သောင်းခန့်) နှင့် ကားငယ် တစ်စီးလျှင် ဘတ် ၁၀၀ (မြန်မာငွေ ၅ ထောင်)ခန့်၊ ဆိုင်ကယ်တစ်စီးလျှင်
ဘတ် ၂၀ (မြန်မာငွေ ကျပ် ၁၀၀၀) တို့ကို အသွားအပြန်ပေးဆောင်နေရပြီး ရှင်းလင်းခြင်းမရှိသည့်
ခြုံနွယ်များကြောင့် မြင်ကွင်းမရှင်းသဖြင့် အကွေ့များတွင် အလွန်သတိထားမောင်းရပြီး အချိန်ကြန့်ကြာမှုများ၊
လမ်းချော်သဖြင့် ယာဉ်တိမ်းမှောက်မှုများဖြစ်ပေါ်နေသဖြင့် အဆိုပါလမ်းကို အထူးဒေသမှ အမြန်အပ်နှံပြီး
အစိုးရမှ အမြန်ပြုပြင်စေလို ကြောင်း၊ လမ်းကြေးကောက်ခံမှုမှာလည်းအစိုးရမှ တာဝန်ယူပါက
ကောက်ခံခြင်းမရှိသဖြင့် လမ်းအမြန်ပြုပြင်ပေးနိုင်ရေး ကို လိုလားလျက်ရှိကြောင်း သိရသည်။
.
နယ်စပ်ဂိတ်အဖြစ်ဖွင့်ပေးရန်လိုလားလျက်ရှိသည့်
ပုံပါကျင်ရှိ နယ်စပ်ကျောက်တိုင်ဂိတ် BP-1 မှာ တောင်ကြီး အထိ မိုင် ၂၄၀ ခန့်သာရှိပြီး
မိုင်းဆတ်သို့ မိုင် ၈၀ ခန့်သာရှိမည်ဖြစ်သဖြင့် ဒေသခံများအတွက် ကုန်စည်ကူးသန်းရောင်းဝယ်ရန်နှင့်
ဒေသထွက် ကုန်များတင်ပို့ရန် လမ်းကြောင်းတိုသည့်အတွက် ဒေသခံများမှ ယင်းနယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ရေးအတွက်
ယခင်ပထမအကြီမ်းလွှတ်တော်သက်တမ်းအတွင်းတွင်လည်းကောင်း၊ ယခုဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင်
လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များမှ တင်ပြတောင်းဆိုလျက်ရှိကြောင်း သိရှိရသည်။
.
အဆိုပါ မိုင်းဆတ်-တာချီလိတ်လမ်းပိုင်းကို
၁၉၉၈ ခုနှစ်တွင် UWSA ”၀” တာဝန်ယူဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သော်တာဝင်းကုမ္ပဏီမှ
လမ်းအသုံးပြုခ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan