မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ပဲပုပ်အများဆုံးလိုအပ်သည့် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံမှ
နှစ်စဉ်တင်သွင်းနေကြ ပဲပုပ်ကိုအဝယ် ရပ်တော့မည်ဖြစ်ကြောင်း ဟောင် ကောင် CNN သတင်းဌာနမှအောက်
တိုဘာလအတွင်းကြေညာခဲ့ရာ မြန် မာနိုင်ငံမှ ပဲပုပ်စိုက်တောင်သူများအ နေဖြင့် အဆိုပါ တရုတ်ဈေးကွက်ရရှိ
ရန် မျှော်လင့်၍ ပဲပုပ်များကို ပိုမိုစိုက် ပျိုးလာနေကြသည်ဟု ရှမ်းပြည်နယ် တောင်ပိုင်း
ပဲပုပ်စိုက် တောင်သူများ ထံမှ သိရသည်။
.
.
''သူတို့က ဘာမျိုးလိုချင်လဲတော့ သေသေချာချာမသိသေးဘူး။ ဒါပေမဲ့ အဲဒီသတင်းအရတော့ ဓာတ်မြေသြ ဇာ၊ ပိုးသတ်ဆေးမသုံးတဲ့ အော်ဂဲနစ် ကိုလိုချင်တယ်လို့
သိထားရတယ်။ ဒီ နှစ်မှာ ကြက်သွန်ဖြူက အရင်းမရ လောက်အောင်ရှုံးခဲ့တာဖြစ်လို့ ပဲပုပ် ပါ
တွဲစိုက်မှာဖြစ်ပါတယ်''ဟု မိုင်းပန် မြို့မှ တောင်သူတစ်ဦးဖြစ်သူ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်
ဦး စိုင်းနောင့်က ပြောသည်။
ပဲပုပ်အနေဖြင့် တရုတ်မျိုးမှာ သက်တမ်းတို ၂ လခန့်သာစိုက်ရ သော်လည်း
အထွက်နှုန်းနည်းပါး ကြောင်း၊ ရှမ်းမျိုးမှာမူ သက်တမ်း ၄ လခန့် စိုက်ရသော်လည်း အထွက်နှုန်း
များကြောင်း၊ ဆီဆိုင်မျိုးအနေဖြင့်မူ အစိမ်းလှော်ဖြစ်သဖြင့် သီးခြားစိုက် ပျိုးရကြောင်း
၎င်းက ဆိုသည်။
.
ဃြ သတင်းဆောင်းပါးတွင် ပီကင်းအနေဖြင့် အမေရိကန်ပဲပုပ် ကို ဝယ်ယူမှု
ရပ်ဆိုင်းတော့မည် ဖြစ် ပြီး အမေရိကန်မှ တင်သွင်းနေသည့် တိုင်းပြည်၏လိုအပ်ချက် ပဲပုပ်
၂၅ ရာခိုင်နှုန်းကို စီးပွားရေး စစ်ပွဲအရ နှစ်နိုင်ငံအကြား ဝယ်ယူတင်ပို့မှု ရှိ တော့မည်
မဟုတ်ကြောင်း၊ တရုတ် နိုင်ငံသည် ကမ္ဘာ့ပဲပုပ်ဝယ်ယူမှုအကြီး ဆုံးဝယ်လက်ဖြစ်ကာ ပရိုတိန်ြး<ွကယ်
ဝယ်သည့် ပဲပုပ်ကိုဝက်နှင့် ကြက်မွေး မြူရေးလုပ်ငန်းများတွင် အဓိက အ သုံးပြုနေသည့်အတွက်
အမေရိကန်မှ တတိယ အဝယ်ဆုံးအခြေအနေမှ ရပ်ဆိုင်းသွားမည်ဖြစ်သော်လည်း အ မေရိကန် ပဲပုပ်မပါဘဲ
တိရစ္ဆာန်အ စာအတွက် ဖြေရှင်းသွားမည်ဖြစ် ကြောင်း၊ ယင်းလိုအပ်ချက်အတွက် ဒဒသြအအူနညနခုဒဒအကြပ်အတည်းကို
တရုတ်လယ်သမားများအနေဖြင့် ဖြေ ရှင်းရန်ကြိုးပမ်းသွားမည် ဖြစ်ကာ ပြည်တွင်းအစိုးရများအနေဖြင့်
ဖြေ ရှင်းနိုင်ရန် အစားထိုးပဲပုပ်စိုက်ပျိုးနိုင် ရေးလုပ်ဆောင်သွားရန်ကို ရေရှည် အတွက်လုပ်ဆောင်လျက်ရှိကြောင်း၊
အမေရိကန်ဒေါ်လာ ၁၂ ဘီလျံထက် ပိုသည့် ပဲပုပ်များကို ယမန်နှစ်က အ မေရိကန် လယ်သမားများအနေဖြင့်
အကြီးမားဆုံးဈေးကွက်အနေဖြင့် တင်သွင်းခဲ့သော်လည်း ယခုတွင်မူ တရုတ်လယ်သမားများ အနေဖြင့်
တိရစ္ဆာန်အစာလိုအပ်ချက် ဈေးကွက် ကို ဖွင့်ပေးထားကြောင်း ဖော်ပြပါ ရှိသည်။
.
မိုးနဲမှ ပဲပုပ်စိုက်တောင်သူ ဦး စိုင်းကြီးညိုကမူ ယခုစိုက်ပျိုးရာသီ
အတွင်း ကြက်သွန်ဖြူစိုက်မှု လျှော့ ချကာ ပဲပုပ်ကိုတိုးမြှင့်စိုက်ပျိုးသွား မည်ဖြစ်ပြီး
ပြည်ပဈေးကွက်ကိုသာမ က ပြည်တွင်းဈေးကွက်ကိုပါ ထုတ် လုပ်မှု ပိုမိုစေမည်ဖြစ်သည်ဟုဆို
သည်။
.
ပဲပုပ်ကို ရှမ်းပြည်နယ်တောင် ပိုင်းတွင် မိုးနဲ၊ မိုင်းပန်၊ မောက်မယ်နှင့်
အရှေ့ပိုင်းတွင် မိုင်းတုံတွင် အများ ဆုံး စိုက်ပျိုးကြပြီး ဆီဆိုင်၊ ဟိုပုံး၊ အောင်ပန်းနှင့်
ကယားပြည်နယ်အ တွင်း အမြောက်အများစိုက်ပျိုးကြ သည်ဟုသိရသည်။
.
'' ပွဲရုံအနေနဲ့ကတော့ သိပ်ကြာ ကြာ အထားမခံတော့မှပဲ ကောက် ပြီး တစ်ခါတည်းပို့ပါတယ်။
ပဲပုပ် စိမ်းကတော့ အင်းဘက်က အဆွဲ များတော့ အခြောက်ခံပြီး ထားပါ တယ်။ အကယ်၍ တရုတ်ဘက်က ဝယ်မယ်ဆိုရင် အိန္ဒိယက တစ်ခါ တည်း
ကြိတ်လာတဲ့ တိရစ္ဆာန်အ စာပဲပုပ်ကို ယှဉ်ဖို့လိုမယ်ထင်ပါတယ်။ ကြိတ်စက်၊ အခြောက်ခံစက်တွေ
လို လာမှာပါ။ အခုကတော့တစ်ပိဿာ ၁၂ဝဝ ရှိနေပါတယ်''ဟု အောင်ပန်းမှ ပဲမျိုးစုံရောင်းဝယ်ရေးနိုင်လင်းဦးပွဲရုံ
ပိုင်ရှင် ကိုနိုင်က ပြောသည်။
.
၎င်း၏ပြောကြားချက်အရ အိန္ဒိ ယနိုင်ငံမှ တိရစ္ဆာန်အစာအတွက် ကြိတ်ပြီးသားပဲပုပ်များကို
တစ်ခါမှာ လျှင်ကွန်တိန်နာ လုံးရေ ၁ဝလုံးခန့် မှာယူရရှိခြင်းများရှိကြောင်း သိရ သည်။
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် တိုင်းလိုလိုပင် ပြည်နယ်သင်္ကေတ အဖြစ်နှင့် ရိုးရာစားသုံးမှုအရ
ပဲပုပ် ကို စိုက်ပျိုးလျက်ရှိရာ ၂ဝ၁၇-၁၈ ဆောင်းနှင့် မိုးပဲပုပ် စိုက်ပျိုးထုတ် လုပ်မှုမှာ
ပြည်နယ်တစ်ခုလုံး ၁၈၅ ၇၂၉ ဧကစိုက်ပျိုးပြီး မိုးကြီး၍ ပျက် စီးသည့်ဧက အနည်းငယ်မှအပ
ဧက ပေါင်း ၁၈၅၅၈ဝ ကို ရိတ်သိမ်းနိုင် ခဲ့ရာ ထွက်နှုန်းအနေဖြင့် တစ်ဧက လျှင် ၁၉ ဒသမ ၃၄
တင်းရှိကာ စုစု ပေါင်း ၃၅၈၉၄၁၃ တင်း ထွက်ရှိခဲ့ ကြောင်း၊ မိုးပဲပုပ်အနေဖြင့် ၁၁၃ဝ၉၆
က စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်း ဧကပေါင်း ၁၁၂၉၄၇ ရှိကြောင်း၊ ထွက်နှုန်းအနေ ဖြင့် တစ်ဧက
၁၈ ဒသမ ၈၁ တင်းထွက်ရှိပြီး စုစုပေါင်း မိုးပဲပုပ် ၂၁၂၅ဝ၅၅ တင်းထွက်ရှိခဲ့ကြောင်း၊ ဆောင်းပဲပုပ်အနေဖြင့်
၇၂၆၃၃ ဧက စိုက်ပျိုးခဲ့ကာ ၁၁၂၉၄၇ ဧကရိတ်သိမ်း ခဲ့ပြီး တစ်ဧကလျှင် ၂ဝ ဒသမ ၁၆ တင်းနှုန်း
ထွက်ရှိကာ စုစုပေါင်း ၁၄၆၄၃၅၈ တင်းထွက်ရှိခဲ့ကြောင်း ရှမ်းပြည်နယ်စိုက်ပျိုးရေးဌာန၏
စီမံ ကိန်း စာရင်းဇယားများအရ သိရှိရ သည်။
.
'' အခုက မျိုးကောင်းမျိုးသန့် တွေကို တောင်သူတွေလိုအပ်ချက် အရ ဖြန့်ဖြူးပေးနိုင်နေသလို
ရှမ်း ပြည်ကသာမက ပြည်မကပါ မျိုးတွေ မှာလို့ ပို့ပေးနေရပါတယ်။ တောင်သူ တွေအနေနဲ့တော့
တရုတ်ကမဝယ် လည်း ပဲပုပ်က အမျိုးသားအစားအ စာဖြစ်လို့ စိုက်ကြမှာဖြစ်ပြီး ပြည်ပ မရောင်းရလဲ
ပြည်တွင်းဈေးကွက် တွင် ခိုင်မာပါတယ်''ဟု ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန စီမံကိန်းမှ
လက်ထောက် ညွှန်ကြားရေးမှူး ဒေါ် ချိုချိုအေးက ဆိုသည်။
.
ပဲပုပ်ကို ရှမ်းပြည်နယ်တွင် ဒေ သခံ တိုင်းရင်းသားများ စားသုံးရန်
အတွက် အဓိကစိုက်ပျိုးကြပြီး ပြည်မ ဘက်တွင်လည်း စီးပွားရေး အလို့ငှာ စိုက်ပျိုးကြကြောင်း
သိရသည်။
.
.
.
#KBZTai #Shan