မိုင်းတုံတွင် အထောက်အထား ပြည့်စုံသည့် ကိုးကန့်တိုင်းရင်းသားများအား နိုင်ငံသားကတ်များ ထုတ်ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံတွင် အထောက်အထား ပြည့်စုံသည့် ကိုးကန့်တိုင်းရင်းသားများအား နိုင်ငံသားကတ်များ ထုတ်ပေး


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းဟန် ကျေးရွာအုပ်စု၊ နားကောင်းမူ ကျေး ရွာတွင် နေထိုင်ပြီး ယခင်က အိမ် ထောင်စုစာရင်းများ ထုတ်ပေးထား သည့် ကိုးကန့် တိုင်းရင်းသားများ အနက်မှ နိုင်ငံသား မှန်ကန်ကြောင်း အတည်ပြုနိုင်သည့် အထောက်အ ထား ပြည့်စုံသူများအား နိုဝင်ဘာ လ ၈ ရက်တွင် ရှမ်းပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးမှ ညွှန်ကြားရေးမှူး ကိုယ် တိုင် နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ထုတ်ပေးခဲ့ကြောင်း သိရသည်။
.
.
''အရင်က အိမ်ထောင်စုစာ ရင်း ထုတ်ပေးထားတဲ့ သူတွေကို  တစ်ဘက်မှာ နေထိုင်ခဲ့တဲ့မြို့နယ်တွေ မှာ စိစစ်ပြီးသူတွေ အဖေ၊ အမေ နိုင်ငံသား မှန်သူတွေကို ညွှန်မှူး ကိုယ်တိုင် လူတွေ့စစ်ဆေးမေးမြန်းပြီး နိုင်ငံသားကတ်ပြားတွေ ထုတ်ပေး တာ ဖြစ်ပါတယ်။ တချို့လဲ စကား ပြန်နဲ့ မေးရတာရှိပေမဲ့ အားလုံး ထုတ်ပေးနိုင်ခဲ့ပါတယ်''ဟု မိုင်းတုံ မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန မှ ဦးစီးအရာရှိ ဦးသန်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နိုဝင်ဘာလ ၈ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူး ကျေးရွာရှိ ကိုးကန့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ရုံးခွဲ၌ ရှမ်းပြည်နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင် ဦး ဆောင်သော ဝန်ထမ်းများမှ  ကိုး ကန့်တိုင်းရင်းသား ၁ဝဝ ဦးခန့်နှင့် တွေ့ဆုံကာ သတ်မှတ်ထားချက်များ နှင့်ပြည့်စုံကိုက်ညီသူများကို နိုင်ငံသား ကတ်ပြားများ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
.
နိုင်ငံသားကတ်များ ပေးအပ်သည့် စာရင်းအရ နိုင် ၃ (က) ကျား ၁၁ ဦး၊ မ ၁၆ ဦး၊ စုစုပေါင်း ၂၇ ဦး၊ နိုင် ၆ (က) ကျား ၁၅ ဦး၊ မ ၁၆ ဦး၊ စုစုပေါင်း ၃၁ ဦး၊ ၆ (က) မိတ္တူ ကျား၂ ဦး၊ မ ၁ ဦး၊ စုစုပေါင်း ၃ ဦးဖြင့် စုစုပေါင်း ကျား ၂၈ ဦး၊ မ ၃၃ ဦး၊ ပေါင်း ၆၁ ဦးကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
.
ထပ်မံ၍ လျှောက်ထားသည့် အိမ်ထောင်စု ၈၂ စုအနက် ၂ဝ စုကို စိစစ်နိုင်ခဲ့ပြီး အချက်အလက်စိစစ်မရ၊ မပြည့်စုံသူများအား ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ရာ နား ကောင်းမူးရှိ ကိုးကန့်တိုင်းရင်းသား များအား နိုင်ငံသား ထုတ်ပေးနိုင်မှု အကြိမ်ရေအားဖြင့် ၄ ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။
.
လွန်ခဲ့သည့် ၁ဝ နှစ်ကျော် ခန့်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွမ်းလုံ၊ သီပေါမြို့နယ်များနှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ လင်းခေး၊ မိုင်းရှူး၊ တန့်ယန်း စသည့် မြို့နယ်များမှ နားကောင်းမူးကျေးရွာ၊ ရပ်ကွက် (၂/၃/၄/၅/၆)တို့တွင် ပြောင်းရွှေ့ နေထိုင်ခဲ့ခြင်းကို စိစစ်သည့် စာရင်း အရ ကိုးကန့်တိုင်းရင်းသား စုစုပေါင်း အိမ်ထောင်စု ၃၆၁ စု၊ ကျား ၁ဝ၇၄ ဦး၊ မ ၉၈၈ ဦး၊ စုစုပေါင်း ၂ဝ၆၂ ဦးရှိပြီး ကွင်းဆင်းစိစစ်မှုအရ အိမ်ထောင်စု ၂၁ဝ စု၊ ကျား ၅၆၅ ဦး၊ မ ၅၄၈ ဦး ပေါင်း ၁၁၁၃ ဦး တို့သည် မူလနေထိုင်ခဲ့သည့် မြို့ များတွင်  အိမ်ထောင်စုစာရင်းများ ရှိခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats