လားရှိုးမြို့တွင် ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ် တန်ဆောင်တိုင်ပွဲတော်ကို တစ်ရက်တိုးကာ ၃ ရက် ကျင်းပမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့တွင် ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ် တန်ဆောင်တိုင်ပွဲတော်ကို တစ်ရက်တိုးကာ ၃ ရက် ကျင်းပမည်



နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လား ရှိုးမြို့တွင် ဒုတိယအကြိမ်မြောက် မြို့ လုံးကျွတ် ပါဝင်သည့် တန်ဆောင် တိုင်ပွဲတော်ကို တစ်ရက်တိုးကာ ၃ ရက်တိုင် လားရှိုးမြို့ရှိ တိုင်းရင်းသား ယဉ်ကျေးမှုကွင်း၌ ကျင်းပမည်ဖြစ် ကြောင်း သိရှိရသည်။
.
 
.
ဒုတိယအကြိမ်ဖြင့် လားရှိုးမြို့ လုံးကျွတ် တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် လားရှိုးမြို့ဌာနဆိုင်ရာ များ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ် ငန်းရှင်များ၊လူမှုရေး အသင်းအဖွဲ့ များဖြင့် အောက်တိုဘာ ၂၂ ရက် က ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
.
''အရင်နှစ်က ကျင်းပခဲ့တဲ့ တိုင်းရင်းသားယဉ်ကျေးမှုကွင်းမှာ ၃ ရက် ကျင်းပမှာ ဖြစ်ပါတယ်။ အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော်တစ်ရက် နေ့တွေမှာ ကျင်းပနိုင်ဖို့အတွက် အောက်တိုဘာ ၂၂ ရက် လားရှိုးမြို့ တော်ခန်းမမှာက ကော်မတီဖွဲ့စည်းခဲ့ တာပါ။''ဟု မီးပုံးပျံ လွှတ်တင်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးကျော် က ပြောသည်။
.
အဆိုပါ မီးပုံးပျံပွဲတော်တွင် တစ်ရက်လျှင် မီးပုံးပျံ ၅ လုံးဖြင့် ၃ ရက်တာ ၁၅ လုံး လွှတ်တင်သွား မည် ဖြစ်ကြောင်း သိရသည်။
.
''အရင်ကတော့ မီးပုံးပျံပြိုင်ပွဲ ကျင်းပဖို့ ရှိခဲ့ပါတယ်။ အချိန်မရတော့ လို့ မီးပုံးပျံလွှတ်တင်ပွဲကိုပဲ ကျင်းပဖို့ ဖြစ်သွားတာပါ။ မီးပုံးပျံတွေကတော့ ကြိုမှာရမှာ ဖြစ်လို့ပါ''ဟု ဦးကျော် က ပြောသည်။
.
အဆိုပါ လားရှိုးမြို့လုံးကျွတ်တန် ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လား ရှိုးမြို့ရှောင်လမ်းနှင့် နမ္မတူသွားကား လမ်းထောင့်ရှိ ၄ ဧကခန့် ကျယ်ဝန်း သော တိုင်းရင်းသား ယဉ်ကျေးမှု ကွင်း၌ နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats